ကမ္ဘာ့စားနပ်ရိက္ခာနေ့

16/10/2025 10:26 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ အစားအစာမလုံလောက်မှု ပြဿနာက အတော်ကြီးမားနေပါတယ်။ ခန့်မှန်းချေ လူပေါင်း ၆၇၃ သန်းခန့်ဟာ နေ့စဉ်ဆာလောင်မှုနဲ့အတူ နေထိုင်နေကြတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။ သို့သော်ငြားလည်း အဝလွန်ခြင်းနဲ့ အစားအသောက်ပိုလျှံလို့ စွန့်ပစ်လိုက်ရတဲ့ပမာဏ ကိန်းဂဏန်းတွေကလည်း ဘေးချင်းယှဉ်ကပ်လို့ နေပြန်ပါတယ်။

စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်များမှာလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုက အဓိက အရင်းအမြစ်ဖြစ်နေပေမဲ့ စတင်စိုက်ပျိုးချိန်ကစလို့ စားသုံးသူလက်ထဲရောက်ရှိချိန်အထိ ဓာတ်ငွေ့တွေကို လျှော့ချနိုင်မယ့် နည်းလမ်းဆိုတာလည်း ရှိနေပါသေးတယ်။ အဓိကကတော့ တိုးတက်လာတဲ့ လူဦးရေရဲ့ လိုအပ်ချက်ကို ဒေသတွေ၊ ကဏ္ဍတွေ မျိုးဆက်တွေစသဖြင့် ခွဲခြားခြင်းမရှိဘဲ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ပါ။

"ဒီနေ့မှာ ကျွန်ုပ်တို့ပြုမူလိုက်တဲ့ လုပ်ဆောင်ချက်တွေကို မနက်ဖြန်မှာ ခံစားကြရမှာမို့  ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပြီး ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကို များများထုတ်လုပ်ကြရမယ်။ လူသားတိုင်း ပိုမိုပါဝင်ပြီး မျှတတဲ့ အနာဂတ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါစို့" ဆိုပြီး FAO ၏ ဒါရိုက်တာဖြစ်သူ QU Dongyu က ၂၀၂၄ ခုနှစ် World Food Forum မှာ တိုက်တွန်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာ စားနပ်ရိက္ခာထုတ်လုပ်မှု အဆင့်တွေတိုင်းမှာ မကြုံစဖူး စိန်ခေါ်မှုတွေဖြစ်တဲ့ ပဋိပက္ခ၊ ရာသီဥတု၊ စီးပွားရေးအကျပ်အတည်းတွေအပါအဝင် သွင်းအားစုဈေးတွေ မြင့်တက်လာခြင်းဟာ ကျွန်ုပ်တို့ စိုက်ပျိုးမြေ၊ ကျွန်ုပ်တို့ မှီခိုနေရသော ရေနဲ့ သက်ရှိများကို ပံ့ပိုးပေးတဲ့ ဇီဝမျိုးစုံမျိုးကွဲများအပေါ် ဖိအားတွေအဖြစ် တိုးလာတာမို့ အချင်းချင်းလက်ချင်းချိတ်ကူညီကြဖို့ ၂၀၂၅ ခုနှစ်ရဲ့ ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားလိုက်ပါတယ်။

FAO ဝဘ်ဆိုဒ်မှ ဖော်ပြချက်ကို မြန်မာဘာသာဖြင့် သင့်လျော်သလိုဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်