လုပ်ငန်းတစ်ခုစဖို့ အရင်းအနှီးငွေလိုအပ်နေပြီလား? ဒါဆိုရင်တော့ဖတ်ပါ။

22/11/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

လုပ်ငန်းတစ်ခုခု စဖို့ပဲဖြစ်ဖြစ် လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးတိုးချဲ့ဖို့ပဲဖြစ်ဖြစ် အရင်းအနှီးငွေ လိုအပ်နေတယ်ဆိုရင် ဘယ်လိုအရင်ပြင်ဆင်စဉ်းစားထားသင့်ပါသလဲဆိုတာ တင်ပြပေးပါမယ်။

(၁) ဘယ်လောက် လိုအပ်နေတာလဲ။
လစဉ် ဝင်ထွက်အသုံးစရိတ် စီမံကိန်းဆွဲပါ။ တိုင်းပြည်စီးပွားရေးအခြေအနေအရ ကျိုးကြောင်းဆီလျော်ဖြစ်ဖို့ လိုပါတယ်။ အကြမ်းအားဖြင့် ၁ နှစ်မှ ၃ နှစ်အထိ တွက်ချက်လိုက်ပါ။

(၂) ဒီလုပ်ငန်းပိုင်ရှင်တစ်ဦးအနေနဲ့ လိုနေတဲ့ငွေ ဘယ်လိုရအောင်ရှာဖွေနိုင်မလဲ သုံးသပ်ပါ။
စီးပွားရေးအသိုင်းအဝိုင်းကသူ သိပ်မများပါဘူး။ အလွဲသုံးစားလုပ်ခဲ့မှုတွေ လိမ်လည်မှုတွေရှိခဲ့ရင် ကိုယ့်နာမည် ပြန်လည်တည်ဆောက်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ သူများတွေက ယုံကြည်မှု ထပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ပုဂ္ဂိုလ်ရေး ဂုဏ်သတင်း အရည်အချင်းအသိုင်းအဝိုင်း ပြန်တွေးခေါ်ပါ။ ရိုးသားပါ။ အရင်က ဘယ်တွေလုပ်ဖူးသလဲ၊ လုပ်ခဲ့သလဲ၊ ကိုယ့်ကိုထောက်ခံပေးမယ့်သူတွေ ရှိသလား၊ ပိုင်ဆိုင်မှုတွေပြနိုင်လား။ ကိုယ့်ရာဇဝင် ဘယ်လိုလဲဆိုတာ ကိုယ်အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းခွင်အရကြည့်မယ်ဆိုရင်လဲ ဒီလို စီးပွားရေးကဏ္ဍ တိုးတက်မှုရှိလား။ အပြိုင်တွေများလား။ ​ခေတ်မမှီတော့ဘူးလားပြန်စစ်ပါ။ ကိုယ်လုပ်ချင်တိုင်းအောင်မြင်ဖို့ဆိုတာ အမြဲတန်းမဖြစ်နိုင်ပါဘူး။ ဒီလုပ်ငန်းလောကအကြောင်းကို ပိုင်ရှင်က ပိုသိနိုင်ပေမယ့်ငွေပေးမယ့်သူက နားလည်အောင်တင်ပြပေးဖို့ လိုပါတယ်။

(၃) ငွေရခဲ့ပြီဆိုရင် ဘယ်လိုသုံးမှာလဲ။
ဘာအတွက်လဲ။ စက်ပစ္စည်းဝယ်မှာလား။ ဝန်ထမ်းထပ်ဌားမှာလား။ နေရာထပ်ချဲ့မှာလား။ ဆိုင်ခန်းဖွင့်ဖို့လား။ ဝယ်ယူမယ့်ဖောက်သည်တွေ အဆင်သင့်ရှိနေပြီလား။ အသေးစိတ် စီစဉ်ထားပါ။ ကိုယ့်ခေါင်းထဲမှာရှိနေတာတွေကို ဘယ်သူမှမသိနိုင်တဲ့အတွက် ရေးချပါ။ တွက်ပြပါ။ စီးပွားရေးအခြေအနေမကောင်းဘူး ငွေထပ်လိုနေတယ် ထပ်ထည့်ရမယ်ဆိုရင်ရော အဲဒါကပြန်လှည့်နိုင်လာမှာသေချာရဲ့လား။ ကျရှုံးနေတာကိုငွေထပ်ထည့်သင့်လား။ ရပ်သင့်လား အမှန်စစ်ဆေးပါ။ ငွေထပ်ရင်းရမယ်ဆိုရင် ဆုံးရှုံးထားတာတွေ ပြန်ရရှိဖို့ ဖြစ်နိုင်မနိုင်ပြန်စစ်ပါ။

(၄) ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းစာရွက်စာတန်း အထောက်အထား ဘာတွေစနစ်တကျရှိသလဲ။
မြေယာပိုင်ဆိုင်မှုဂရမ် ကားဆိုင်ကယ် စက်ပိုင်ရှင်စာအုပ်ရှိလား။ အဲဒါတွေအပေါင်လုပ်မှာလား။ အခွန်ပြေစာ အရောင်းပြေစာ လုပ်ငန်းဝင်ငွေထွက်ငွေစာရင်း ငွေတောင်းခံလွှာဘောက်ချာများ အဌားအရမ်းရှေ့နေစာချုပ်များ လုပ်ငန်းလိုင်စင် စည်ပင်ခွင့်ပြုချက် နို့တစ်စာ အားလုံးအသေးစိတ်ဖော်ပြထားနိုင်အောင် လုပ်ပါ။ နှစ်စဉ် စည်းကမ်းနှင့်စာရင်း အကောင်အထည်လုပ်ထားတာတွေ ပြပါ။ ဘာမှမပြနိုင်ဘူး မပြချင်ဘူး အပေါင်ပစ္စည်းလဲမရှိဘူးဆိုရင်တော့ ငွေရဖို့ ခက်ပါလိမ့်မယ်။ ရခဲ့ရင် ပမာဏနည်းမယ် အတိုးများမယ် အချိန်အနည်းငယ်ပဲသုံးပြီး ပြန်ပေးရလိမ့်မယ်။ များများပြည့်စုံအောင် ပြနိုင်လေ ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။

(၅) ဘယ်လိုမျိုး ဝင်ငွေရှာနိုင်ပြီး ဘယ်လိုပြန်ပေးချေမှာလဲ။
ဒီအချက်က အရေးအကြီးဆုံးပါ။ လုပ်ငန်းရှင်အများစုဟာလောဘရှိကြပါတယ်။ အကြီးဆုံးချဲ့မယ်။ အမြန်ဆုံးလုပ်မယ်။ အများဆုံးပြုလုပ်မယ် ဆိုတာမျိုးတွေ ရှိပါတယ်။ အရင်ကအောင်မြင်ခဲ့တိုင်း ထပ်အောင်မြင်မယ်လို့ပြောလို့မရပါ။ စျေးကွက်အရွယ်အစား အခြေအနေ ကြည့်ရှုလေ့လာပြီးမှ အကောင်အထည်ပြုပါ။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ကြိုတင်မမြင်ပဲ ဖြစ်လာနိုင်တာတွေ အများကြီးရှိပါတယ်။ ပုံမှန် လည်ပတ်နေချိန်အတွင်းမှာ ကြားခံအသက်ရူချောင်အောင် တစ်ခုအမြဲထားပါ။ ရသလောက်မချေးပါနဲ့။ ပေးသလောက်မယူပါနဲ့။ လိုအပ်မှ လုပ်ပါ။ အတိုးပိသွားနိုင်တယ်။ သတိထားပါ။ သေချာတွက်ချက်နိုင်ပြီးမှချေးငွေကပေးနိုင်တဲ့ အန္တရာယ်တွေယူပါ။

Source - Mother Finance


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်