Triple Hot (ငရုတ် မိုးထောင်)

English Name : Triple Hot (ငရုတ် မိုးထောင်)
Registration No :

Triple Hot (ငရုတ် မိုးထောင်

ရေမြေသဘာဝ အခြေအနေအမျိုးမျိုးတွင် အောင်မြင်ဖြစ်ထွန်းသည်။ အပင်ဖွံ့ဖြိုးမှုကောင်းမွန်ပြီး သီးနှုန်းအလွန်မြင့်မားသည့် မိုးထောင်ငရုတ်မျိုးဖြစ်သည်။ သီးတောင့်ချောမွေ့ပြီး အရောင်တောက်ပသည်။ အပင်သက်တမ်းတစ်လျှောက် သီးတောင့် အရွယ်အစား ညီညာသည်။ ကြာရှည်သိုလှောင်ထားသော်လည်း အရောင်ပြောင်းလဲခြင်းမရှိသဖြင့် ပြည်ပပို့သီးနှံအဖြစ် စီးပွါးဖြစ် စိုက်ပျိုးကြသောမျိုးဖြစ်သည်။ အထူးသဖြင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်သင့်လျော်သည်။