အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ (၁)

English Name : Basic Agricultural Science (1)
Registration No :
ဒေါက်တာမျိုးကြွယ်

🌿 စိုက်ပျိုးရေးပညာနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှာ ဘယ်လို မေဂျာတွေရှိလဲ?

🌿 ဘယ်လို သင်ကြားမှု နည်းစနစ်နဲ့ သင်ကြားနေကြလဲကစလို့..

🌿 ဘာသာရပ် တစ်ခုချင်းစီရဲ့ အခြေခံအကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံဖော်ပြပေးထားတဲ့ ဆရာကြီး ဒေါက်တာမျိုးကြွယ်ရဲ့ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာဆိုတဲ့ စာအုပ်လေး ဗွေဆော်ဦးမှာ ရပါပြီ 😍

📙📘📗 ဒီစာအုပ်လေးကလေ လက်တွေ့ မစိုက်ဖူးတဲ့သူတွေ ပြောပြောနေကြ စကားတစ်ခုဖြစ်တဲ့

"စိုက်ပျိုးရေးဆိုတဲ့ဘာသာက လွယ်ပါတယ်ကွာ

ဘာလို့ ၅ နှစ် တက်နေရမှာလဲ" လို့ ဆိုသူတွေ

အတွေးတစ်ခုရသွားစေမယ့် စာအုပ်ကောင်းတစ်ခုလို့ဆိုလည်း မှားမယ်မထင်ပါဘူးရှင့်

ဘာလို့ဆို

📙📘📗 စိုက်ပျိုး/မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြတဲ့ ဒို့မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေရဲ့ ကွာခြားချက်ကို ဆရာကြီးက ကိန်းဂဏန်းတွေနဲ့ ယှဉ်ယှဉ်ပြကာ သတိမူနိုင်စေဖို့ ရည်ရွယ်ပြီးရေးသားထားလို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကလေ ဆရာကြီးက တောင်သူတွေနဲ့ စိုက်ပျိုးရေးပညာရှင်တွေကြား လိုအပ်နေတဲ့

👉 စိုက်မွေးဆိုင်ရာ သတင်းအတတ်ပညာရဲ့ အခန်းကဏ္ဍကိုလည်း မီးမောင်းထိုးပြီး ရေးသားသွားပါသေးတယ်

ဆိုတော့ မိတ်ဆွေက ...

✅ နက်နဲလှတဲ့ စိုက်ပျိုးရေးပညာရပ်အကြောင်းစိတ်ဝင်စားတယ်..

✅ နိုင်ငံတကာက စိုက်ပျိုးရေးဘာသာရပ်တွေအကြောင်းလည်းသိချင်တယ်..

✅ မြန်မာ့ ခေတ်အဆက်ဆက် စိုက်ပျိုးရေးဘာသာသင်ကြားပုံတွေနဲ့

✅ မြှင့်တင်ဖို့လိုအပ်နေသေးတဲ့ စိုက်ပျိုးရေးကဏ္ဍအကြောင်းကိုလည်း သိချင်တယ်ဆို

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ အငြိမ်းစား ပါမောက္ခချုပ် တစ်ဦးဖြစ်တဲ့

ဆရာကြီး ဒေါက်တာမျိုးကြွယ်ရဲ့ အတွေးအမြင်တွေကို တဝကြီး ခံစားဖတ်ရှုချင်ဖို့အတွက်
အခုပဲ မြန်မြန် Order တင်လိုက်တော့နော်