အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆာလဖာဆိုရင်...စနစ်တကျသုံးစေလို

ဆာလဖာဆိုရင်...စနစ်တကျသုံးစေလို

ဆာလဖာဟာ ဈေးသက်သာတာကတစ်ကြောင်း ... 

မှိုလဲကာကွယ် မွှားပိုးဘာညာလဲထိန်း 

အရွက်တွေအစာချက်အားလည်းကောင်းတော့... 

နည်းနည်းလေးစိမ်းသလိုလိုဖြစ်စေ...

ဒါကြောင့်လေ... အရမ်းတွေ ညွှန်းကြတယ်..

အဲ့တော့ပေါ့လေ... ရှည်ဝေးမပြောတော့ပါဘူး..

အောက်ပါအချက်လေးတွေကို ဂရုပြုကြပါ...

(၁) ဆာလဖာ Sulphur သည် မှိုရောဂါတိုင်းကို မနိုင်ပါ။ အရွက်အပေါ်မျက်နှာပြင်တွင်ကျသော မှိုများအတွက်သာ ဖြစ်ပါတယ်။ (ဥပမာ ဖားဥမှို၊ သံချေးမှို၊ ကြပ်ခိုးမှို)

သို့သော် ကာကွယ်ဆေးသီးသန့်သာဖြစ်ပါသည်။ ဟိုးအတွင်းထဲမှာ မှိုမျိုးပွားအင်္ဂါတွေရောက်နေတဲ့ ရောဂါတွေအတွက် မစွမ်းပါ၊ ညှိုးသေများအတွက်လည်း မစွမ်းပါ။

(၂) ဆာလဖာကို ပတ်ဝန်းကျင်အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်နှင့် အထက်တွင် သုံးလျှင် အပင် လောင်နိုင်သည်။ နှုန်းထားနှင့် အပင်အမျိုးအစားအပေါ်မူတည်၍ လောင်နိုင်မှုနည်းခြင်း၊ များခြင်းတော့ ကွာနိုင်ပါသည်။ (မနက်ခင်းပိုင်းတွင် ဖျန်းပါကမူ ၂ နာရီခန့်ကြာပြီးသွားပါက နေအပူရှိန် မြင့်မားလာသော်လည်း ပြဿနာမရှိနိုင်ပါ)

(၃) ဆာလဖာကို အခြားသော ပိုးသတ်ဆေး မှိုသတ်ဆေးများနှင့် တွဲစပ်ဖျန်းခြင်းကို ရှောင်ရှားပါ။ အထူးသဖြင့် အဆီအနေဖြင့် ထုတ်ထားသော EC ပုံစံများတွင် အပင်ထိခိုက်မှု သိသာသည်။

(၄) ဆာလဖာသီးသန့်အမှုန့်များကို ရွက်ဖျန်းများနှင့်အတူ ရောဖျန်းမည်ဆိုပါက...

ထိုရောဖျန်းမည့် ရွက်ဖျန်းတွင်ပါ ဆာလဖာဓာတ်ထပ်၍ ပါဝင်နေသည်ဆိုပါက ရောမဖျန်းသင့်ပါ။ 

အထူးသဖြင့် အသီးပင်များ ဥပမာ ပန်းသီး၊ မက်မန်း စသော stone fruit များ၊ စတော်ဘယ်ရီ၊ ဗူး၊ ဖရုံ၊ သခွား မျိုးနွယ်ဝင်များသည် ဆာလဖာများခြင်းကိုကြောက်ပါသည် (Sulphur sensitive crops)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
U thet naing htay

U thet naing htay

လွန်ခဲ့သော ၃ နှစ် က

ညနေပိုင်း မှာ ဖျန်းရင် အဆင်ပြေမလား ဗျ

You

ဆက်စပ်မေးခွန်းများ

ငါးအမိုင်နိုကို စပါးကျဲခင်းတွင် ဘယ်ရက်သားကစတင် အသုံးပြုနိုင်ပါလဲခင်ဗျာ။

အောင်မင်း • ဖြေကြားချက် 1 ခု

မက်ပဲရက်၂၀သါးမှာစိမ့်ကိုင်ပီးအပင်မတက်လို့ဘာဆေးဖျန်းရမလည်းဗျ

Aung Lin Oo • ဖြေကြားချက် 1 ခု

မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ

Aung Lin Oo • ဖြေကြားချက် 1 ခု

ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်ဆေး တို့ကို ဘယ်အမျိုးအစားကရောဖြန်းလို့ရပြီး ဘယ်အမျိုးအစားက ဘယ်လောက်ရက်ခြား ဖြန်းရမလဲ ဘယ်ဟာ အရင်ဖြန်းသင့်လဲ သိချင်ပါတယ် ခင်မျ

Thiha • ဖြေကြားချက် 2 ခု

အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်

Kyaw Htoo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။