ယာစပါး (အပိုင်း-၂)
Basic Agricultural Science – (85) Upland Rice - 2
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၅) ယာစပါး (အပိုင်း-၂)
စကားချီး၊ နိဒါန်း (Prologue/Preface)
၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် ၁၀၀ ပြည့် ရာပြည့်အကြိုအတွက် အသက် ၈၀-နှစ်အထက် စိုက်ပျိုးရေးဘွဲ့ရ ဆရာကြီး ၃-ဦးကို ရေဆင်းရှိ စိုက်ပျိုးရေးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (Agricultural Extension and Rural Development Training Center - AERDTC) ၌ နေပြည်တော်ရှိဘွဲ့ရများအားလုံးက ဦးစီးကျင်းပပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစား ဆရာကြီးဒေါက်တာအောင်သန်းနှင့် ဆရာကြီးဦးလှထွန်း၊ ဗဟိုစိုက်ပျိုးရေးသုတေသနဌာနမှ ဆရာကြီးဦးကျော်စိုးတို့အား အငြိမ်းစား ဒုတိယဝန်ကြီး ဆရာဦးအုန်းသန်း၊ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုတို့က ဦးဆောင်၍ အသက် ၈၀-နှစ်အောက် ဘွဲ့ရများကို ကန်တော့ခဲ့ကြပါသည်။ ဆရာဦးကျော်စိုးသည် အသက် ၈၁-နှစ်ရှိပြီ ဖြစ်သော်လည်း တောင်သူများနှင့်ထိတွေ့ဆက်ဆံ၍ သိထားသမျှ ပညာရပ်များကို ပညာပေးလုပ်ငန်း လုပ်နေတုန်းဟူ၍ ဩဝါဒပေးရာ ကျွန်တော်အဖို့ အလွန်အားတက်သွားပါသည်။ ကျွန်တော်၏ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (Basic Agricultural Science) ဆောင်းပါး များသည်လည်း တောင်သူဦးကြီးများကို မိမိသိသမျှ အသိပညာပေး၊ ပညာပြန်လည် ယူကာ နောင်ဆက်လက်ပညာပါရမီဖြည့်ဖို့ရည်ရွယ်ထားပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများ၊ လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်လျက်ရှိသော တောင်သူဦးကြီးများအနေဖြင့် အကြံပြုဆွေးနွေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကမ္ဘာ့စုစုပေါင်း စပါးထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ အာရှ၊ ပစိဖိတ်ဒေသအတွင်းတွင်ရှိသော်လည်း ယာစပါး၊ တောင်ယာစပါးမှာ ရာခိုင်နှုန်း အနည်းငယ်သာ ရှိပါသည်။
ဇယား - ၁ နိုင်ငံအလိုက် စပါးစိုက်ဧရိယာနှင့် ယာစပါးရာခိုင်နှုန်း (၂၀၂၂-၂၃)

အရှေ့တောင်အာရှတွင် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် ယာစပါးစုစုပေါင်း စပါးစိုက်ဧရိယာ၏ ၄၉ ရာခိုင်နှုန်းစိုက်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် စုစုပေါင်းစပါးဧရိယာ၏ ၁၅ ရာခိုင်နှုန်းခန့် ယာစပါး (သို့) တောင်ယာစပါး ကိုစိုက်ပျိုးပါသည်။ အာဖရိကတိုက်အချို့ နိုင်ငံများတွင်တော့ စပါးစိုက်ဧရိယာ အားလုံး၏ ၈၀-၉၀ ရာခိုင်နှုန်းအထိ ယာစပါးကို စိုက်ပျိုးကြပါသည်။
စပါးပင်ရာသီဥတုလိုအပ်ချက် (Climatic Requirement of Rice)
စပါးပင်၏ သဘာဝသည် တစ်ဝက်တစ်ပျက်ရေကြိုက်ပင် (Semi-aquatic Crop) ဖြစ်နေ၍ စိုက်ပျိုးသော မျိုးပြား (Cultivar) အလိုက် အခြောက်စိုက် (ယာ၊ တောင်ယာ Upland) လည်းစိုက်လို့ရသလို ရေတစ်ဝက်၊ ကုန်းတစ်ဝက် (Moderately Submerged Condition – Lowland) သို့မဟုတ် ရေအနက် ၃-ပေ မှ ၁၅-ပေ လောက် အနက်အထိ (Deep Water) လည်း စိုက်ပျိုးရိတ်သိမ်းနိုင်ပါသည်။ သို့သော် ယာစပါးမှာ လယ်စပါးလို ကန်သင်း (Bund / Levee) များ မရှိ၍ မိုးရေ၊ သွင်းရေများ သိုလှောင်သိမ်းဆည်းရန် ခက်ခဲပါသည်။

ပုံ - ၁ တောင်စောင်းတွင် လယ်ကန်သင်းဖြင့် လှေကားထစ်ပုံစိုက်ပျိုးထားသော စပါးခင်းများ
ကမ္ဘာပေါ်တွင် စပါးသီးနှံကို ကမ္ဘာ့မြောက်ခြမ်း လတ္တီတွတ် ၅၃ ဒီဂရီ (North Latitude 53*N) ရှိ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသများမှ အီကွေတာအနီးရှိ အင်ဒိုနီးရှားစသည့်နိုင်ငံများ၊ ကမ္ဘာ့တောင်ခြမ်း လတ္တီတွတ် ၃၅ဒီဂရီ တောင် (South Latitude 35*S) ရှိ ဩစတေလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်အထိ ကျယ်ဝန်းစွာ စိုက်ပျိုးနေသည်ကို မြင်တွေ့နေရပါသည်။ နိုင်ငံပေါင်း ၁၀၀နှင့် အထက်သည် နှစ်စဉ် စပါးမက်ထရစ်တန်ပေါင်း သန်း ၈၀၀ ကျော် ထုတ်လုပ်ပေးနေပါသည်။
(က) မိုးရေချိန် (Rainfall)
တောင်ယာစပါးအောင်မြင်ဖြစ်ထွန်းရန်နှင့် အထွက်ကောင်းစေရန် မိုးရေကို အဓိကအားထားနေရသော ဒေသများတွင် အလွန်အရေးကြီးပါသည်။ ယာစပါးသက်တမ်းတလျှောက်လုံးအတွက် စုစုပေါင်း မိုးရေချိန်သည် (Amount) အရေးကြီးသလို သက်တမ်းအလိုက် ဖြန့်ဝေရွာချမှု (Distribution) ကလည်း အရေးကြီးပါသေးသည်။

ပုံ - ၂ မုတ်သုံမိုး ဝင်ရောက်မှုနှင့် ထွက်ခွာမှုပုံစံ နှစ်အလိုက်ပြောင်းလဲသွားပုံ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု (World Climate Change) ကြောင့် မြန်မာနိုင်ငံသို့ မုတ်သုံမိုး အဝင်မှာ ၁၉၆၁-၁၉၉၀ နှစ်များတွင် မေလ ၅ ရက်၌စခဲ့သော်လည်း ၁၉၈၁-၂၀၁၀ နှစ်များ တွင် မေလ ၁၈-ရက်ကျမှသာ မုတ်သုံနောက်ကျဝင်ပါတော့သည်။ ထို့အတူ အနှစ် ၂၀ အတွင်း မုတ်သုံထွက်ခွာသွားမှုမှာ အောက်တိုဘာ ၁၄ ရက်နေ့ကနေ စောပြီး အောက်တိုဘာ ၃ ရက်တွင်ထွက်ခွာသွားပါတော့သည် (ပုံ -၂)။ ထိုသို့ မိုးကနောက်ကျရွာ၊ မုတ်သုံမိုး စောထွက် သွား၍ တောင်ယာ စပါးများ စိုက်ပျိုးမှုကိုလည်း သက်ရောက်ပါသည်။ မိုးရေချိန်အပေါ်မူတည်၍ တောင်ယာစပါးအထွက်သည် တစ်ဧက ၂၀-၃၀ တင်းလောက်သာ ရှိနေပါသည်။
(ခ) နေရောင်ခြည် (အလင်းရောင်) ရရှိမှု (Solar Radiation)
နေရောင်ခြည်မှပေးသော မြင်ရသောအလင်းရောင် (Visible Wave Length – 380-720 nm) ကို အပင်အလင်းဖွဲ့အစာချက်လုပ်မှု (Photosynthesis) အတွက် အသုံးပြုပါသည်။ မြန်မာနိုင်ငံအပါအဝင် မုတ်သုံမိုးရရှိသည့် နိုင်ငံများမှာ မိုးစပါး ရင့်မှည့်ချိန် (Ripening Stage)၌ နေရောင်ခြည်သည်တစ်ရက်လျှင် တစ်စင်တီမီတာ ပတ်လည် ၃၅၀-ကယ်လိုရီခန့်ရပါသည်။ ထိုပမာဏသည် စပါးအထွက်အကောင်းဆုံးဖြစ်သော သမပိုင်းနိုင်ငံများ (Temperate Countries) ၌ စပါးစိုက်ပျိုးသော သက်တမ်းတစ်လျှောက်လုံး နေရောင်ခြည်လုံလောက်စွာရရှိသဖြင့် အပူပိုင်းနိုင်ငံများ၏ စပါးအထွက် ကွာခြားနေရခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး တစ်ရက်လျှင် တစ်စင်တီမီတာပတ်လည် ၇၀၀ ကယ်လိုရီ (700 Cal cm-2 day-1) အထိ ရရှိနိုင်ပါသည်။

ပုံ - ၃ အာရှနိုင်ငံများ လအလိုက် နေရောင်ချည်ရရှိမှု
(ဂ) နေ့တာတိုရှည်မှု (Natural Day Length or Photoperiod)
စပါးပင်သည် သဘာဝအရ နေ့တာတိုပင် (Short Day Plant) ဖြစ်သော်လည်း နေ့တာရှည်ရသောဒေသများမှာလည်း နေ့တာတုံ့ပြန်မှု မရှိသောမျိုးများ (Photoperiod Insensitive Rice Cultivars) မွေးမြူထားသဖြင့် စိုက်ပျိုးဖြစ်ထွန်းနေပါသည်။ စပါးပန်းပွင့်ချိန်တွင် နေ့တာတိုနေမှသာ ပန်းပွင့် (Flowering)၊ ဝတ်မှုံကူး (Pollination)၊ မျိုးအောင် (Fertilization) အစေ့တည်ခြင်းဖြစ်ပါသည်။ သမပိုင်းနိုင်ငံများတွင် တစ်ချို့မျိုးများကို ဤအချိန်ကို ပန်းပွင့်ချိန်နှင့် ချိန်ကိုက်စိုက်ပျိုးကြပါသည်။ နေ့တာကို တိုင်းထွာမှုမှာ နေထွက်ချိန် (Sunrise) မှ နေဝင်ချိန် (Sunset) ကို မှတ်သားပြီး ကြယ်တို့မှ အလင်းရောင်ရရှိချိန် အနည်းငယ် (Civil Twilight) ကိုလည်း သီးသန့်ထည့်တွက်ပါသည်။ နေ့တာရရှိချိန်ရှည်ကြာပါက နေရောင်ခြည်ရရှိမှု ပိုမိုများပြားပြီး အစာချက်လုပ်မှု အားကောင်းကာ အပင်ကြီးထွားမှုနှင့် အထွက်နှုန်းပိုမိုနိုင်ပါသည်။

ပုံ - ၄ ရာသီအလိုက် နေ့တာ၊ အပူချိန်၊ နေရောင်ခြည်ရရှိမှု ပြောင်းလဲသွားပုံ
(ဃ) အပူချိန် (Temperature)
စပါးပင်အတွက် အပူချိန်လိုအပ်ချက်မှာ အနိမ့်ဆုံး ၂၀ ဒီဂရီဆဲစီးရပ် - စင်တီဂရိတ် (20 * C) နှင့် အမြင့်ဆုံး ၃၀ ဒီဂရီ ဆဲစီးရပ်တို့ ဖြစ်ပါသည်။ ထိုအပူချိန်ထက် လျော့သွား၊ များသွားက အပင်မသေနိုင်သော်လည်း အထွက်တော့ လျော့ကျသွားပါပြီ။ ယာစပါး အတွက် အညောက်ပေါက်ရန် (၁၈-၄၀ ဒီဂရီ ဆဲစီရပ်) အတွင်း လိုအပ်ပြီး ပန်းကောင်းစွာပွင့်ရန် (၂၅-၃၁ ဒီဂရီ ဆဲစီရပ်) ကြားလိုအပ်ပါသည်။ ရင့်မှည့်ရန်အတွက်မူ ၃၀ ဒီဂရီ ဆဲစီရပ် ပတ်ဝန်းကျင် လိုအပ်ပါသည်။ ယာစပါး တွင် ၃၅ ဒီဂရီ ဆဲစီရပ် အထက်နှင့် အစိုဓာတ်နည်းမှု(Water Stress Condition) ဖြစ်မည် ဆိုပါက စပါးနှံများ မအောင်မြင်နိုင်ဖြစ်ပြီး (Spikelet Sterility) အဖျင်းအမှော် များပြားပါလိမ့်မည်။

ပုံ - ၅ ယာစပါး တစ်နေ့တာအတွင်း အရွက်အပူချိန်ကွာခြားမှု
(င) စိုထိုင်းဆ (Relative Humidity)
လေထုထဲတွင်တည်ရှိသော ရေငွေ့ရာခိုင်နှုန်းဖြစ်သည်။ စိုထိုင်းဆတိုင်း ကိရိယာနှင့် တိုင်းထွာသည်။ စပါးအတွက် အသင့်တော်ဆုံး စိုထိုင်းဆမှာ ၆၀ မှ ၈၀ ရာခိုင်နှုန်းအတွင်းဖြစ်သည်။ ရေငွေ့ (Vapour) ပါဝင်မှု အနည်းအများဖြစ်သော စိုထိုင်းဆ ၈၅-ရာခိုင်နှုန်းကျော်သွားပါက ပိုးမွှား (Insect Pests)၊ ရောဂါ (Plant Disease) ကျရောက်မှု ဖြစ်ပေါ်နိုင်၍ အထွက်ကျဆင်းနိုင်ကာ အလွန်အရေးကြီးပါသည်။
(စ) လေတိုက်နှုန်း (Wind)
တစ်နာရီ မိုင် (သို့) ကီလိုမီတာ မည်မျှနှင့် တိုက်ခတ်ခြင်းကို ဆိုလိုပါသည်။ လေတိုက်နှုန်းကိရိယာ (Anemometer) နှင့် တိုင်းထွာပါသည်။ လေတိုက်ရာအရပ်ကို လေညွှန်တံ (Wine Vane) ဖြင့်တိုင်းထွာပါသည်။ လေတိုက်နှုန်းပြင်းထန်ပါက ဆိုင်ကလုန်း၊ တိုင်ဖုန်း၊ ဟာရီကိန်းစသည့် မုန်တိုင်းများ ဖြစ်ပေါ်ကာ သီးနှံပင်များပျက်စီး ဆုံးရှုံးနိုင်ပါသည်။

ပုံ - ၆ လေတိုက်မှုကြောင့် ဘယ်ဘက်ပုံတွင်ယိုင်လဲနေပြီး ညာဘက်သည် စပါးအစွမ်းဖွင့် စိုက်စနစ်ကြောင့် ယိုင်လဲမှုနည်းမှုကို ယှဉ်ပြပုံ
(အပိုင်း - ၃ ဆက်ပါဦး မည်)
(မှီငြမ်းစာအုပ်များ) References
Arraudeau, M.A. and Vergara, B.S. (1988) A Farmer Primer on Growing Upland Rice. IRRI and IRAT. 292p.
De Datta, S.K. (1981) Principles and Practices of Rice Production. John Wiley & Sons. 640p.
FAO (1977) Upland Rice. Food and Agriculture Organization. 30p.
Pande, H.K. (1994) Improved Upland Rice Farming Systems. FAO. 117p.
Yoshida, S. (1981) Fundamentals of Rice Crop Science. IRRI. 279p.
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကအားဆေးဆိုတာထက် အပင်သန်မာကြံ့ခိုင်အောင် နွားချေး၊ မြေဆွေးစသည်တို့ကို တောင်ယာစပါးစိုက်ပျိုးရေးမှာသုံးစေချင်ပါသည်၊
ဂိဒေါင်
လွန်ခဲ့သော ၃ နှစ် ကစပါးအားဆေး ဘာဆေးသုံးရမလဲဗျ
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး