သင်္ဘောပင်တွေ ဘာကြောင့် အသီးကြွေတတ်သလဲ?
တစ်ခါတစ်လေမှာ သင်္ဘောသီးလေးတွေက စောင့်ကြည့်နေရင်းနဲ့ အသီးကြွေတာတွေ ဖြစ်တတ်ပါတယ်။ အသီးကြွေရတဲ့ ပြဿနာရဲ့ရင်းမြစ်က တစ်ခုတည်းတော့ မဟုတ်နေဘူး။ သိချင်နေပြီဆိုရင် အောက်မှာ ဆက်ဖတ်ပါ။
သဘာဝအရကို ကြွေတာပါ
အသီးအရွယ်အစား ငယ်ငယ်လေးနဲ့ ကြွေနေတာတွေ့ရင် ဒါဟာ သဘာဝအရ ကြွေတာဖြစ်နိုင်ပါတယ်။ ဝတ်မှုန်မကူးနိုင်တဲ့ ပန်းပွင့်၊ ဝတ်မှုန်ကူးတာ မအောင်မြင်တဲ့ အမပန်းပွင့်တွေဟာ သဘာဝအရ ကြွေကျတတ်ပါတယ်။ ဒါက အပင်တွေရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။
အပင်ရေရရှိမှု
သင်္ဘောပင်က အပူပိုင်းမှာဖြစ်ထွန်းတဲ့ အပင်မျိုးပါ။ သင်္ဘောပင်ဟာ ရေကြိုက်ပါတယ်။ အပင်က ရေငတ်တဲ့အခါမှာ အသီးတွေ ချွေချပစ်ပါတယ်။ ရေကြိုက်လို့ဆိုပြီး ရေတွေ အများကြီးသွားမပေးပါနဲ့ဦး။ လိုတာထက်ပိုများရင်လည်း အသီးကြွေတတ်ပါတယ်။ ရေကြိုက်တဲ့အပင်ဆိုပေမယ့် ရေဝပ်ဒဏ်မခံနိုင်ပါဘူး။ ၁ -၂ ရက်လောက် ရေဝပ်သွားရင်ကို သင်္ဘောပင်က သေနိုင်ပါတယ်။ ရေဝပ်တယ်ဆိုတဲ့နေရာမှာ ရေအိုင်တာတင်မကပါဘူး ဥပမာ တီကောင်တောင် မနေနိုင်လောက်အောင် မြေကြီးက လေမရှိတော့ဘဲ ရေတွေပြည့်သွားတဲ့အခြေအနေမှာ သေနိုင်ပါတယ်။ ဒါကြောင့် မြေကြီးစိုအောင်တော့ ထားပါတယ်။ ရေတော့ မဝပ်ပါစေနဲ့။ ရေဝင် ရေထွက်ကောင်းအောင် ဂရုစိုက်ပါ။
ပိုးကျရင် ကြွေနိုင်ပါတယ်
သတိထားရမှာက သီးထိုးယင်ပါ။ အများစုက သီးထိုးယင်ကို အသီးမှည့်ခါနီးအချိန်မှ သတိမူတတ်ကြပါတယ်။ သူတို့တွေက အသီးငယ်ချိန်မှာလည်း ဖျက်ဆီးပါတယ်။ သီးထိုးယင်ကပေါက်လာတဲ့ လောက်ကောင်လေးတွေက အသီးစိမ်းထဲဝင်ပြီး အထဲမှာ စားပါတယ်။ ပြီးရင် အသီးတွေ ကြွေကြကုန်ပါရော။ ဒီတော့ ဘာနဲ့ ကာကွယ်လို့ရမလဲ။ အချို့နေရာတွေမှာတော့ အိတ်စွပ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အဝါရောင်ပိုးကပ်ကော်ကို သင်္ဘောခင်းထဲမှာ ထောင်ထားလိုက်ရင် သီးထိုးယင်တွေကို ဖမ်းပြီးဖြစ်မှာပါ။ ပိုးသတ်ဆေးဖျန်းရင်တော့ ကျန်းမာရေးထိနိုင်တာပေါ့။
ရောဂါကျရင်လည်း ကြွေပါတယ်
မှိုရောဂါကျရောက်လာရင်လည်း အသီးတွေကြွေနိုင်ပါတယ်။ အသီးတွေ ရှုံ့လာပြီး ကြွေကျတာတွေ ဖြစ်ပါတယ်။ အသီးကိုကြည့်ရင်လည်း ရေနာကွက်တွေ တွေ့နေရမှာပါ။ ပိုဆိုးလာရင် အရွက်တွေပါညှိုးလာပြီး အပင်လဲတဲ့အထိဖြစ်ပါတယ်။ ဒါတွေကာကွယ်ဖို့ကတော့ စိုက်ခင်းကို လေဝင်လေထွက်ကောင်းအောင်လုပ်ပါ။ ရေစီးရေလာကောင်းပြီး ရေမဝပ်အောင် ဂရုစိုက်ပါ။ အသီးတင်တဲ့အချိန်မှာ ကော့ပါးပါတဲ့ မှိုသတ်ဆေး (ဥပမာ မန်ကိုဇက်) ဖျန်းပြီး ကာကွယ်နိုင်ပါတယ်။
ကိုးကား : Gardening Know How
(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်" "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026