အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း

အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း

Green Way
Green Way • Greenovator • 31/03/2020

ဒီနည်းက ၁၀ ရက်ကနေ ၁၅ ရက်လောက်ထိ အထားခံပါတယ်ရှင်။

စျေးကဝယ်လာတဲ့ အသီးအရွက်တွေကို ရေမဆေးသေးဘဲ သတင်းစာစက္ကူဖြင့် လုံအောင်ထုပ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် ပုံမှန်ထက် အထားပိုခံပါတယ်နော်။

ခုလိုအချိန်မျိုးမှာ အပြင်ကို နေ့တိုင်းမသွားသင့် စျေးထွက်မဝယ်သင့်တာမို့ ဒီနည်းလေးက အသုံးဝင်မယ်ထင်ပါတယ်။

ရေခဲသေတ္တာမရှိတဲ့နေရာမျိုးမှာဆို သတင်းစာစက္ကူမသုံးပဲ ပုဆိုး (သို့) အဝတ်ရေစိုဖြင့် ပတ်ထားပြီး သိမ်းထားလို့ရပါတယ်နော်။ ရေစိုအ၀တ်ဆိုတာက အ၀တ်ကို ရေရွှဲရွှဲကြီးမဟုတ်ပဲ မစိုမခြောက်လေးညှစ်ပြီး ပတ်ထားဖို့ကိုဆိုလိုတာပါ။ ငရုတ်သီးစိမ်းတွေက အညှာခြွေပြီးသိမ်းရင် ပိုခံပါတယ်။ သတင်းစာနဲ့ ပတ်ပြီးရင်တော့ အထုပ်လေးတွေပေါ်မှာ စာရေးထား/ ကပ်ထားဖို့လိုပါမယ်နော်။ 

ကြက်သွန်ဖြူ/ ကြက်သွန်နီ/ အာလူး/ ဂျင်း (ချင်း) တို့ကို လေဝင် လေထွက်ရှိစေတဲ့ ခြင်းတွေနဲ့ ထည့်ထားပါ။

ကန်ဇွန်းဥ/ ပိန်းဥ/ ပြောင်းဖူးတို့ကို အပြင်မှာပဲထားပြီး ခြောက်မသွားရအောင် အဝတ်ရေစိုနဲ့ အုပ်ထားပါ။

နေ့စဉ်နေ့တိုင်း အခြောက်အခြမ်းတွေပဲ ရေရှည်မှာ မစားနိုင်ပါဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

စိမ်းစိမ်းစိုစိုလေးတွေ အမြဲချက်စားလို့ရအောင် တစ်ခါစျေးဝယ်ထားပြီး သိမ်းထားရင် ၁၅ ရက်လောက် အေးဆေးဖြည်းဖြည်းချင်း ချက်စားလို့ရပါတယ်နော်။

အဆင်ပြေကြ ပါစေရှင်။

Thida Lay Lay ဖေ့ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

You

ဆက်စပ်မေးခွန်းများ

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

Sawsamson • ဖြေကြားချက် 0 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။