ကညွတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝစွာပါဝင်နေလို့ မိမိတို့နေ့စဉ်စားသောက်တဲ့အစားအစာများထဲမှာထည့်သွင်းစားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင်အဆီပါဝင်မှုက မရှိသလောက်နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အရမ်းနည်းပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများပါဝင်နေတဲ့အတွက်ကြောင့် စားသုံးပေးသင့်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာပါဝင်ပါတယ်။ ကညွတ်ရဲ့ကျန်းမာရေးအပေါ်ဘယ်လိုအကျိုးပြုသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အရိုးသန်မာစေခြင်း
ဗီတာမင်ကေရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှုပိုကောင်းစေတာပဲဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်ကေပမာဏရဲ့၇၀ရာခိုင်နှုန်းပါဝင်ပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှုကိုပိုအားကောင်းစေပြီး အရိုးပွရောဂါနဲ့အရိုးကျိုးအက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၂။ ရောင်ရမ်းမှုကိုလျော့ကျစေခြင်း
ကညွတ်ကအမျိုးအစား၂ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်း glutathione ကအိုမင်းရင့်ရော်မှုကိုနှေးကွေးစေပါတယ်။ ခရမ်းလွန်ရောင်ခြည် သို့မဟုတ် ပြင်ပလေထုညစ်ညမ်းပစ္စည်းတွေကြောင့် အရေပြားရောင်ရမ်းမှုတွေကိုလည်းကာကွယ်ပေးပါတယ်။ အစိမ်းရောင်နဲ့အရောင်ရင့်နှစ်မျိုးရှိတဲ့အထဲမှ ာအရောင်ရင့်ရင့်ကညွတ်မှာအန်သိုဆိုင်ယာနင်ဓါတ်တွေ အပြည့်အဝပါဝင်တာကြောင့် အရေပြားထဲကအဆိပ်အတောက်ဓါတ်တွေကိုလျော့ပါးစေပြီး နေလောင်ဒဏ်ကိုကာကွယ်ပေးပါတယ်။
၃။ ဆီးရွှင်စေခြင်း
သဘာဝဆီးရွှင်ဆေးဖြစ်တဲ့ကညွတ်က ခန္ဓာကိုယ်ထဲကရေတွေကိုထုတ်ပယ်ပေးပြီး မလိုလားအပ်တဲ့အငန်ဓါတ်နဲ့ အရည်ဓါတ်ပါဝင်မှုကိုလျော့နည်းစေပါတယ်။ သွေးတိုးရောဂါ ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ရှူးတွေထဲမှာ ရေတွေစုနေတတ်တဲ့ edema ရောဂါခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ဓါတ်စာဖြစ်ပါတယ်။ ဒါ့အပြင်ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ အာနိသင်လည်းရှိတယ်လို့သိရပါတယ်။
၄။ ရာသီသွေးမှန်စေခြင်း
အမျိုးသမီးတွေရာသီလာချိန်ဖြစ်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကိုသက်သာစေပါတယ်။
၅။ အဆစ်အမြစ်နာ
အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့်လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ niacin ကအရိုးအဆစ်ရောင်ရမ်းမှုကိုလျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေပါတယ်။
၆။ သွေးတိုးကျစေခြင်း
သွေးဖိအားနဲ့ပတ်သက်ပြီး အာနိသင်တွေရှိတဲ့ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် သွေးတိုးကိုထိန်းနိုင်ပြီ းကယ်လ်ဆီယမ်နဲ့ Rutin ကြောင့်လည်း ပိုအကျိုးရှိစေတာဖြစ်ပါတယ်။
၇။ သွေးတွင်းသကြားဓါတ်ထိန်းညှိခြင်း
အမျိုးအစား၂ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်ပြီး ကယ်လ်စီယမ်ကြောင့် အင်ဆူလင်စွန့်ထုတ်မှုကိုထိန်းညှိတဲ့ ပန်ကရိဟဆဲလ်တွေအပေါ်တိုက်ရိုက်အာနိသင်ရှိပါတယ်။
၈။ အရေပြားကျန်းမာရေး
Niacin လို့ခေါ်တဲ့ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကိုလျော့ပါးစေပါတယ်။
၉။ တီဘီရောဂါကိုကုသနိုင်ခြင်း
လေပြွန်ရောင်ရောဂါနဲ့ တီဘီရောဂါတို့ကိုကုသရာမှာ ကညွတ်ရဲ့အမြစ်က ထိရောက်တဲ့အာနိသင်ရှိတယ်လို့သိကြပါတယ်။ ကညွတ်အမြစ်က အဆုတ်ထဲကတစ်ရှူးတွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီးလည်ချောင်းပိုးဝင်ခြင်းတွေကို သက်သာစေပါတယ်။
၁၀။ သွေးကြောကျန်းမာရေးကိုကောင်းမွန်စေခြင်း
ဗီတာမင်B6ကြောင့် homocysteine ကိုထိန်းပေးနိုင်ပါတယ်။ homocysteine ပမာဏမြင့်မားလျှင်ရင်သွေးကြောဆိုင်ရာရောဂါတွေဖြစ်စေနိုင်ပြီး သွေးကြောထဲကအဆီတွေစုပုံကာ သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
သတိပြုရန်
ကျန်းမာရေးအကျိုးကျေးဇူးများတယ်ဆိုပေမယ့် ကညွတ်ကိုစားတာများလွန်ရင်လည်း ဘေးဖြစ်နိုင်တဲ့အတွက် တန်ဆေးလွန်ဘေးဆိုတာကို သတိရှိဖို့လိုအပ်ပါတယ်။ တချို့တွေမှာဓါတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့ ဒုက္ခရောက်တက်ပါတယ်။ ဓါတ်မတည့်မှုလက္ခဏာပြရင် အရေပြားနဲ့မျက်စိမှာယားယံနီရဲစေနိုင်ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲကြပ်ခြင်း၊ ပန်နာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူခြင်းတို့ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ လိုတာထက်ပိုစားမိမယ်ဆိုရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အဓိကအနေဖြင့် "တန်ဆေးလွန်ဘေး" ဆိုသည့်အတိုင်း လိုတာထက်ပိုမစားမိစေဖို့ အရေးကြီးပါတယ်။
ကိုးကား- https://www.well-beingsecrets.com/health-benefits-of-asparagus/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မထက်ယမင်းဦး
အားလုံး
ပရန္နဝါရွက်ရဲ့ဆေးဖက်ဝင်ပုံ
23/12/2021
ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
06/10/2021
ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
22/09/2021
ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
09/09/2021
ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု
17/12/2020