ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ပင်စိမ်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပိုမိုပေါက်တတ်ပါတယ်။ ပင်စိမ်းပင်ဟာ သဘာဝအလျောက် ပေါက်ရောက်သောအပင်ဖြစ်သလို ကိုယ်တိုင်စိုက်ပျိုးလို့လည်းရပါတယ်။ မျိုးစေ့ကနေ အလွယ်တကူစိုက်ပျိုးလို့ရပါတယ်။ မြေသြဇာအထူးမလိုအပ်ပေ။ သူ့ရဲ့အပင်ပုံစံကိုတော်တော်များများ မြင်ဖူးကြမယ်ထင်ပါတယ်။ ပင်စိမ်းပင်ဟာ အပင်ငယ်မျိုးဖြစ်ပြီး အရွက်ကသေးပြီးနူးညံ့ပါတယ်။ အပွင့်ဖြူလေးတွေဟာ တပေါင်းတန်ခူးလတွေမှာ ပွင့်လေ့ရှိပါတယ်။ အရသာက ပူစပ်စပ်လေးဖြစ်ပြီး တချို့က ဟင်းချက်တဲ့အခါ ထည့်ချက်ပါတယ်။
ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင် ဆိုပြီး ပင်စိမ်းအမျိုးမျိုးရှိပါတယ်။ ပင်စိမ်းကိုဆေးဖော်ရာမှာ အရွက်နဲ့ အစေ့ကိုအသုံးပြုပါတယ်။ မြန်မာဆေးကျမ်းထဲတွင် ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကိုနိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီးသွေးကိုတက်စေ၏၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကိုနိုင်၏။ လူရဲ့ကျန်းမာရေးကို လွန်စွာအကျိုးပေးပါတယ်။ ပင်စိမ်းအရွက်နဲ့အစေ့ကို မြန်မာဆေးဝါးအဖြစ်အသုံးပြုပုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) ခေါင်းတခြမ်းကိုက်လျှင် ပင်စိမ်းသတ္ထုရည် (လတ်လတ်ဆတ်ဆတ်ညှစ်ရည်) ကိုယူပြီး နားထင်နဲ့ နဖူးကို လိမ်းပေးပါ။
(၂) ပွေးနာ၊ ယားနာ = ပင်စိမ်းရွက်ကို သံပုရာရည်နဲ့ရောပြီး ညက်နေအောင်ထောင်းပါ၊ ထောင်းလို့ရတဲ့အရည်ကို အနာပေါ်ပွတ်တိုက်ပေးပါ အုံပေးပါ။
(၃) အစာမကြေ၊ ဝမ်းကိုက် = ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။
(၄) နားအူနားကိုက်၊ နားပြည်ယို = ပင်စိမ်းရွက်သတ္ထုရည်ကို ဇွန်းဖြင့်ထည့်ပြီး မီးအပူပေးပါ။ ထိုအရည်ကို နွေးနွေးလေးရလာပြီးဆို နှစ်စက်သုံးစက်ခန့် နားထဲထည့်ပေးပါ။
(၅) လေငန်းလေဖြတ်၊ အဆစ်ရောင် = ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ရှူပေးပါ။
(၆) ဆီးအောင့်အမောသက်သာ = ပင်စိမ်းစေ့ကို သကြားရည်နဲ့ ဖျော်ရည်လုပ်သောက်ပေးပါ။
(၇) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ = ပင်စိမ်းရွက်ကိုထောင်းပြီး သောက်ပေးပါ။
(၈) ကင်းမြီးကောက်ကိုက် = ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
(၉) အအေးမိ၊ နှာစေး၊ ချောင်းဆိုး = ပင်စိမ်းရွက်အစိုကို သုံးခွက်တစ်ခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေးပါသက်သာတယ်လို့ တွေ့ရှိရပါတယ်။
ပင်စိမ်း၏ အကျိုးကျေးဇူးအများကြီးထဲကမှ ကောက်နုတ်ထားပါတယ်။ နောက်ထပ်လည်းအကျိုးကျေးဇူးများစွာရှိတာမို့ ပင်စိမ်းဟာ အမှတ်တမဲ့ဆို အဖိုးတန်တယ်မထင်ရပေမယ့် ဒီစာကိုဖတ်ပြီးတဲ့အခါ တန်ဖိုးရှိကြောင်းသိလာမည်လို့ ရည်ရွယ်ချက်ဖြင့် ရေးသားရခြင်းဖြစ်ပါတယ်။
Ref –http://theflashbuiness.com
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 2 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မထက်ယမင်းဦး
အားလုံး