နနွင်းရဲ့ဆေးဖက်ဝင်ပုံနဲ့အသုံးပြုပုံ
နနွင်းဟာကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။ ရိုးရာဆေးတစ်လတ်အနေနဲ့နနွင်းကို ဘယ်လိုအသုံးပြုသလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။
နနွင်းကိုဘာအတွက်အသုံးပြုကြသလဲ။
နနွင်းကိုမည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ
နနွင်းဟာ နနွင်းပင်ကရရှိတဲ့ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပြီး နနွင်းပင်ရဲ့အမြစ်ကိုဆေးအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတာကိုတွေ့မြင်နိုင်ပါတယ်။ နနွင်းကိုအဆစ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အဆစ်ကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အူလမ်းကြောင်းအနာဖြစ်သည့်ရောဂါ၊ ဝမ်းပျက်ခြင်း၊ လေထိုးလေပွခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မျက်စိဝါ၊ အသားဝါခြင်း၊ အသည်းရောဂါ၊ အစာအိမ်အနာများ၊ lichenus planus ခေါ်အရေပြားရောဂါတစ်မျိုး၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဓာတ်ရောက်ခြည်ကုထုံးကြောင့်အရေပြားရောင်ရမ်းခြင်းစတဲ့ကျန်းမာရေးပြဿနာအမျိုးမျိုးအတွက်အသုံးပြုကြပါတယ်။
ဒ့ါအပြင်ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ အနာကြီးရောဂါ၊ ဖျားနာခြင်း၊ ဓမ္မတာလာစဉ်ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ ကင်ဆာရောဂါများ၊ ဆီးအိတ်ရောင်ရမ်းခြင်းနဲ့ကျောက်ကပ်ရောဂါတွေအတွက်လည်း နနွင်းကိုအသုံးပြုနိုင်တယ်လို့သိရပါတယ်။
အစားအသောက်နဲ့ကုန်ထုတ်လုပ်ငန်းတွေမှာ နနွင်းကရတဲ့အဆီကို ရေမွှေးပြုလုပ်ရာမှာထည့်သွင်းအသုံးပြုပြီး နနွင်းပင်ရဲ့သစ်စေးကိုတော့ အစားအသောက်တွေမှာ အနံ့အရသာနဲ့ အရောင်ထွက်ကောင်းမွန်စေဖို့ အသုံးပြုကြတယ်လို့သိရပါတယ်။
နနွင်းကခန္ဓာကိုယ်အတွက်ဘယ်လိုအလုပ်လုပ်သလဲ။
နနွင်းမှာ ရောင်ရမ်းခြင်းကိုလျော့ပါးသက်သာစေတဲ့ curcumin နဲ့အခြားဓာတုပစ္စည်းတွေပါဝင်ပါတယ်။ ဒါကြောင့်နနွင်းဟာရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေတဲ့ ရောဂါအမျိုးမျိုးကိုကုသရာမှာ အသုံးဝင်တယ်လို့သိရပါတယ်။ ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သတ်ပြီး လုံလောက်တဲ့လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါ။
နနွင်းကဘယ်လောက်စိတ်ချရသလဲ။
နနွင်းဟာအသုံးပြုဖို့စိတ်ချရရဲ့လား။
နနွင်းကိုသောက်ဆေး(သို့) အရေပြားလိမ်းဆေးအဖြစ် ၈လအထိစိတ်ချစွာအသုံးပြုနိုင်တယ်လို့ယူဆထားပါတယ်။
၎င်းကိုဝမ်းနှုတ်ဆေး(သို့) ပလုတ်ကျင်းဆေးရည်အဖြစ် ရေတိုအသုံးပြုမယ်ဆိုရင်လည်း အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးပါတယ်။
နနွင်းအသုံးမပြုခင်ဘာတွေသိထားသင့်လဲ
နနွင်းအသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကိုသိထားသင့်သလဲ။
- ကိုယ်ဝန်ဆောင်နေချိန်(သို့) ကလေးနို့တိုက်နေချိန်- အကယ်၍သင်ဟာကိုယ်ဝန်ဆောင်မိခင်(သို့) ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦးဖြစ်နေမယ်ဆိုရင် နနွင်းမစားသုံးမီ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
- အခြားဆေးဝါးများသောက်သုံးနေချိန်- တိုင်းရင်းဆေး၊ အားဖြည့်ဆေးများအပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင်ပြောပြရမှာဖြစ်ပါတယ်။
- နနွင်း(သို့) အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းအမျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း။
- ရောဂါဝေဒနာတစ်ခုခုခံစားနေရခြင်း။
- အစားအသောက်၊ ဆိုးဆေး၊ ကြာရှည်ခံဆေး(သို့) တိရစ္ဆာန်များနှင့်မတည့်ခြင်း စသည်တို့ကိုသိထားသင့်ပါသည်။
သာမန်ဆေးဝါးများအသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများအသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ ဒါကြောင့်ဆေးပင်အသုံးပြုခြင်းမှရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် ဆေးပညာရှင်(သို့) သင့်၏ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်မှာဖြစ်ပါတယ်။
ထက်ယမင်းဦး
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from မထက်ယမင်းဦး
အားလုံး
ပရန္နဝါရွက်ရဲ့ဆေးဖက်ဝင်ပုံ
23/12/2021
ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
06/10/2021
ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
22/09/2021
ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
09/09/2021
ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု
17/12/2020