MD 554

လယ်ယာသုံးစက်

MD 554

လယ်ယာသုံးစက်

MD 704

လယ်ယာသုံးစက်ပစ္စည်း

SP 344

လယ်ယာသုံး စက်ပစ္စည်း

TS 404

လယ်ယာသုံး စက်

TS 904

လယ်ယာသုံး စက်

WZ 354

လယ်ယာသုံး စက်

WZ 504

လယ်ယာသုံးစက်

MF 1540

လယ်ယာသုံး စက်

MF 1552

လယ်ယာသုံး စက်

MF 4707

လယ်ယာ သုံးစက်

MF 4708

လယ်ယာသုံး စက်

MF 5710

လယ်ယာသုံးစက်

MF 6712

လယ်ယာသုံး စက်

ကျွန်တော်တို့၏ ရွှေဘုန်းကုမ္ပဏီအား(၂၀၁၃) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ မြေအမျိုးအစားပေါ်အခြေခံပြီး လယ်ယာလုပ်ငန်းခွင်၌ ကိုက်ညီစေမည့် ထွန်စက်အမျိုးအစားများအားကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ကြိုတင်လေ့လာပြီး တောင့်တင်းခိုင်မာ သော ကိုယ်ထည်နှင့် ISO မြင်းကောင်ရေပြည့် ထွန်စက်များကို ဈေးကွက်အတွင်းတွင် တွင်ကျယ်စွာ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်ပါသည်။ ကျွန်တော်တို့၏ အဓိက ရည်မှန်းချက်မှာ စိုက်ပျိုးရေးကဏ္ဍရှိ ရင်းနှီးမြုပ်နှံသူနှင့် တောင်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းဖြင့် စဉ်ဆက်မပြတ် အပြန်အလှန် အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါသည်။ အဆိုပါရည်မှန်းချက်များ လျင်မြန်စွာဖြစ်ထွန်းစေရေးအတွက် တောင်သူများနှင့်အမှန်တကယ် ကိုက်ညီမည့် ထွန်စက်အမျိုးအစားများအား သေချာစွာရှင်းလင်းရောင်းချပေးခြင်း၊ ရောင်းချပြီးသောစက်များအား စဉ်ဆက်မပြတ် ကောင်းမွန်သော ဝန်ဆောင်မှုများပေးခြင်း၊ အပိုပစ္စည်းများလွယ်လင့်တကူရရှိစေရန် လုပ်ဆောင် ပေးခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ ကျွန်တော် တို့ ကုမ္ပဏီသည် တစ်လုံးထိုးလေးဘီးထွန်စက်ဖြင့် မြန်မာပြည်၏ ဈေးကွက်အတွင်းသို့ ပထမဆုံးတွင်ကျယ် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီးနောက် လေးလုံးထိုးမြင်းကောင်ရေစက်ကြီးများဖြင့် ဈေးကွက်အတွင်း ဆက်လက်ဦးဆောင် ရောင်းချလာခဲ့သည်မှာ ၂၀၁၈ခုနှစ်အထိ အစီးရေ ပေါင်းများစွာ ဈေးကွက်အတွင်းရောက်ရှိခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ မှစတင်ကာ ယနေ့ထိတိုင် မြန်မာပြည်တွင် တောင်သူအကြိုက် နာမည်ကျော်ဖြစ်ခဲ့သော ကမ္ဘာ့ထိပ်တန်း အမေရိကန်အမှတ်တံဆိပ် Massey Ferguson ၏ မြန်မာပြည် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ဖြင့် မြင်းကောင်ရေ ၅၂ ကောင်မှ ၁၂၀ ထိ တင်သွင်းရောင်းချ ဝန်ဆောင်မှု ပေးလျှက်ရှိသည့်အပြင် သြစတြေးလျ နည်းပညာဖြင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော ဝူကျိန်း အမှတ်တံဆိပ် အရည်အသွေးမြင့် ထွန်စက်များကိုလည်း တစ်လုံးထိုးမှ လေးလုံးထိုး မြင်းကောင်ရေ ၉၀ ထိ ဈေးကွက်တွင် အောင်မြင်စွာ ရောင်းချ ဝန်ဆောင်မှုပေး နေပါသည်။ ကျွန်တော် တို့၏ ဝန်ဆောင်မှုများကို စနစ်တကျဖွဲ့စည်းထားသော ကျွမ်းကျင်ဝန်ထမ်းများဖြင့် စီမံခန့်ခွဲမှု နည်းပညာသစ်များ အသုံးပြု၍စဉ်ဆက်မပြတ်ကြိုးပမ်းခဲ့ရာ ယခုအခါ ကုမ္ပဏီအရောင်းပြခန်းများနှင့် ကိုယ်စားလှယ် အရောင်းပြခန်းများ အပါအဝင် မြန်မာပြည်ရှိ နေရာအနှံ့တွင် ဝန်ဆောင်မှုအရောင်းပြခန်းပေါင်း များစွာဖြင့် လယ်ယာလုပ်ငန်းခွင်ဝင် ထွန်စက်များဝန်ဆောင်မှုပေးခြင်း၊ တောင်သူအကျိုးပြုလုပ်ငန်းများသာမက ပညာရပ်ဆိုင်ရာများကိုလည်း တတ်အားသမျှ ကျွမ်းကျင်ပညာရှင်များနှင့် အတူဖြန့်ဝေလုပ်ဆောင်ပေး နိုင်ပြီဖြစ်ပါသည်။ ကျွန်တော် တို့သည် မြန်မာနိုင်ငံစက်မှုလယ်ယာလုပ်ငန်းတိုးတက်ရေးဖော်ဆောင်ရာတွင် တစ်တပ်တစ်အား အဖြစ် အရည်အသွေးကောင်းမွန်ပြည့်ဝသောစက်များဖြင့်လည်းကောင်း၊ ဆန်းသစ်သောနည်းပညာများ ဖြင့်လည်းကောင်း၊ အသိပညာအတတ်ပညာများအားဝေမျှပေးခြင်းများနှင့် ကျွမ်းကျင်မှုအပြည့်အဝရှိသော ဝန်ထမ်းများဖြင့် လယ်ယာလုပ်ငန်းခွင်ဝင် တောင်သူအကျိုးပြုလုပ်ငန်းများအား ဖြောင့်မတ်မှန်ကန်စွာဖြင့် ယုံကြည်မှု အပြည့်ရရှိရန်ဖော်ဆောင်သွားမည်မှာ ကျွန်တော်တို့၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ " တောင်သူကြီးများအတွက် အမြဲအသင့်ရှိနေတာ ရွှေဘုန်းပါ "

Contact Info

"0973902186"
"0223988"
Facebook