နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုကာကွယ်ပေးနိုင်သော သစ်သီးဝလံ(၆) မျိုး

02/08/2022 16:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

နှလုံးသည် ခန္ဓာကိုယ်၏ သွေးထိန်းချုပ်ရာ ဗဟိုခန်းဖြစ်ပြီး နှလုံးသွေးကြောများကြောင့် အသက်အန္တရာယ် ပင်ထိခိုက်စေနိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည်ဟူသောစကားအတိုင်း နှလုံး သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိသော အသီးများကို ဖော်ပြပေးပါမည်။ 

၁။ ပန်းသီး (Apple)

ပန်းသီးတွင် ကွာစီတင် (Quercetin)ခေါ် ဓာတ်တစ်မျိုးသည် ၁၃ ဒသမ ၂၁မီလီဂရမ် ပါဝင်ပါသည်။ ထို ကွာစီတင်ဓာတ်သည် သွေးကြောထဲရှိ မကောင်းသောအဆီဓာတ် (Cholesterol) ကိုလက်စထရောများ တိုးမလာအောင် ကာကွယ်ပေးပါသည်။ သွေးကြောထဲတွင် မကောင်းသော အဆီဓာတ်များရှိနေပါက သွေးကြောများ မာလာပါသည်။ သွေးကြောများမာလာပါက နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်ပွားစေပါသည်။ ထို့ထက်ပိုဆိုးလာပါက လေဖြတ်သည်အထိဖြစ်တတ်ပါသည်။

၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အတွင်း နိုင်ငံပေါင်း (၇)နိုင်ငံရှိ လူပေါင်း(၇၆၃)ယောက်ကို ကွာစီတင် ပါဝင်သော ပန်းသီးစားသုံးစေခြင်းဖြင့်လေ့လာခဲ့ကြရာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းလာသည်ကိုတွေ့ရကြောင်း သုတေသနစာတမ်းများတွင် ဖော်ပြထားပါသည်။ သတိပြုရမည့် အချက်မှာ ပန်းသီးစားသုံးရာတွင် အစေ့ကို(လုံးဝ)မစားရပါ။

၂။ စပျစ်သီး(Grape)

စပျစ်သီးကို အခွံအောက်ရှိ ရောင်ခြယ်တဲလ် ပါဝင်မှုအပေါ်မူတည်၍ အစိမ်းရောင် (Green)၊ အနီရောင် (Red)၊ လိမ္မော်ရောင်(Orange)၊ ပန်းရောင်(Pink)၊ ခရမ်းရောင်(Purple)၊ အပြာရောင်(Blue)၊ အနက်ရောင်(Black)၊ နက်ပြာရောင်(Dark blue) စသည်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ စပျစ်သီးကို အများအားဖြင့် ဝိုင်ထုတ်လုပ်ရာတွင်အသုံးပြုကြသည်။ ၂၀၀၁ ခုနှစ်တွင်သုတေသနပညာရှင်များက စပျစ်ဝိုင်၌ပါဝင်သော ရက်စ်ဗာထရော ဓာတ်တစ်မျိုးက နှလုံးသွေးကြောများကိုကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ကြပါသည်။

ထို့ကြောင့် စပျစ်နီဝိုင်ကို သင့်တင့်မျှတစွာသောက်သုံးသူများသည် မသောက်သူများထက် နှလုံးသွေးကြော ရောဂါဖြစ်ပွားမှုနည်းသည်ကိုဆေးသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြကြောင်းကို ၁၉၉၉ ခုနှစ်က ထုတ်ဝေခဲ့သော ဆေးဝါးသုတေသန စာစောင်တွင်ဖော်ပြထားဖူးသည်။ ထို့ကြောင့် စပျစ်သီးကို ပုံမှန်စားပါက သွေးခဲခြင်း၊ သွေးပျစ်ခြင်းနှင့် သွေးကြောရောဂါများကို ကာကွယ်ပေးနိုင်သည်ဟု ဆိုရပေမည်။

၃။ စတော်ဘယ်ရီသီး(Strawberry)

စတော်ဘယ်ရီသီးကို လူများ ပထမဆုံးစိုက်ပျိုးစားသုံးခဲ့ကြသည်မှာ ၁၇၁၂ ခုနှစ် ချီလီနိုင်ငံကဖြစ်သည်။ စတော်ဘယ်ရီသီးတွင် ကိုလက်စထရော မပါဝင်သဖြင့် ကိုလက်စထရောကြောင့်ဖြစ်တတ်သော နှလုံးသွေးကြော ကျဉ်းခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ မဖြစ်ပွားတော့ပေ။ ဒါ့အပြင် စပျစ်သီးတွင် ပါဝင်သော ဗီတာမင်နှင့် အခြားဓာတ်ပစ္စည်း (ဖလေဗိုနွိုက်) များကသွေးတွင်းရှိ မကောင်းသော အဆီဓာတ်များကို လျှော့ချပေးသည်။ ထို့ကြောင့်သွေးတွင်း ကိုလက်စထရောနည်းပါး၍ နှလုံးသွေးကြောကျဉ်းဖြစ်စဉ်များကို ကာကွယ်ပေးနိုင်ပါသည်။

၄။ သြဇာသီး(Sugar apple)

သြဇာသီးသည် မြန်မာနိုင်ငံအနှံ့အပြားတွင်ဝယ်ယူရရှိနိုင်သောအသီးတစ်မျိုးဖြစ်သည်။ အရသာမှာချို၍ စားကောင်းသဖြင့် လူကြိုက်များလှသည်။ ဗီတာမင်ဓာတ်များစွာလည်းပါဝင်နေပါသည်။ အထူးသဖြင့် သြဇာသီးတွင် ဗီတာမင်- ဘီစစ်အနည်းငယ်ပါဝင်ပါသည်။ လူတို့၏ နှလုံးသွေးကြောများကို ဒုက္ခပေးသော အရာမှာ ကိုလက်စထရောအပြင် ဟိုမိုစစ်စတင်း(Homocysteine) ခေါ်ဓာတ်တစ်မျိုးလည်း အပါအဝင် ဖြစ်သည်။ ယင်းဓာတ်သည် သွေးကြောနံရံများကို ကျဉ်းစေသည်။ သြဇာသီးတွင်ပါဝင်နေသော ဗီတာမင်-ဘီစစ်က နှလုံးသွေးကြောနံရံများတွင်တွယ်ကပ်ပြီး နှလုံးသွေးကြောကိုကျဉ်းစေသည့် ဟိုမိုစစ်စတင်း ဓာတ်များကို ဟန့်တားပေးနိုင်စွမ်ရှိသဖြင့် နှလုံးသွေးကြောရောဂါများကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။

၅။ အုန်းသီး(Coconut)

အုန်းသီးသည် မြန်မာနိုင်ငံတွင် အပေါဆုံးဖြစ်သည်။ ကျေးလက်ဒေသများရှိ ဥယျာဉ်ခြံများတွင် အများအပြားတွေ့နိုင်သလို စီးပွားဖြစ်လည်းစိုက်ပျိုးလေ့ရှိကြသည်။ လူအများစုယူဆထားသည်မှာ အုန်းသီး သို့မဟုတ် အုန်းဆီသည်အဆီပါသဖြင့် နှလုံးရောဂါဝေဒနာရှင်များနှင့် သွေးကြောကျဉ်း ရောဂါ ဝေဒနာရှင်များ မစားသင့်ဟုဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် အုန်းသီး အသားစားသုံးသူများနှင့် အုန်းဆီကိုဟင်းလျာထဲထည့် ချက်စားသူများမှာ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် သွေးတိုး ရောဂါ ဖြစ်ပွားမှုနှုန်း သာမန်လူတို့ထက်နည်းပါးကြောင်း ပညာရှင်များ လေ့လာတွေ့ရှိခဲ့ကြသည်။

အုန်းသီးအသား သို့မဟုတ် အုန်းဆီတွင် မကောင်းသောအဆီ ဓာတ်များကိုစုပ်ယူပေးသည့် အာနိသင် ရှိကြောင်းကိုလည်း တွေ့ရှိခဲ့တဲ့အပြင် ၂၀၁၅ ခုနှစ်စပိန်နိုင်ငံ၏ သုတေသနစာတမ်းအရ အုန်းဆီ စားသုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းလူနာများ အကျိုးရှိကြောင်းလည်းသိရသည်။ ထို့ကြောင့် အုန်းသီးသည်လည်း အုန်းဆီ၏အာနိသင်ကဲ့သို့ပင် တန်ဖိုးရှိလှသည်။

၆။ နာနတ်သီး(Pineapple)

ကျန်းမာရေးကိုများစွာအထောက်အကူပြု နာနတ်သီးသည် ချိုချဉ်သောအရသာရှိသည်။ အထူးသဖြင့် နာနတ်သီးတွင်ပါဝင်သော ဘရိုမယ်လိန်းဓာတ်သည် သွေးကြောအတွင်းရှိ သွေးများကို မခဲစေရန်နှင့် မကျဲစေရန် ထိန်းညှိလုပ်ဆောင်ပေးသည်။ သွေးခဲပါက နှလုံးသွေးကြောပိတ်၍ နှလုံးရပ်ကာ သေဆုံးနိုင်သလို ဦးနှောက်သွေးကြောပိတ်ပါက လေဖြတ်နိုင်ပါသည်။နာနတ်သီးသည် သွေးခဲခြင်းကို ကာကွယ်ပေးသဖြင့် အထက်ပါရောဂါများကိုလည်းကာကွယ်ပြီးသားဖြစ်ပါသည်။

ဒါ့အပြင် နာနတ်သီးသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောများ သွေးမလျှောက်၍ နာကျင်ခြင်း၊ သွေးကြောများဖောင်းနေခြင်းနှင့် သွေးကြောများရောင်ရမ်း ပိတ်ဆို့ခြင်းတို့ကိုလည်း ကာကွယ်ပေးပါသည်။ ထို့ကြောင့်နာနတ်သီးကိုလည်း သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။ 

 

Ref:(1)Which fruits are good for Coronary artery

        Disease?

       (2)The best fruit for heart disease.                 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်