ဘဲဥတွင်ပါဝင်သော အာဟာရဓါတ်အကြောင်း

15/09/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

     အချို့လူများမှာ ကြက်ဥစားမှ အားရှိကြသည်ဟု ပုံသေမှတ်ယူတတ်ကြပါသည်။ အမှန်တကယ်မှာလည်း ကြက်ဥမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်သည့်အတွက် စားသုံးသင့်ပါသည်။ ထို့အတူ ဘဲဥမှာလည်း ကြက်ဥနည်းတူ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါဝင်နေပါသည်။

     ဘဲဥကို ဟင်းချက်စားခြင်း၊ ကြော်စားခြင်း၊ ပြုတ်စားခြင်းများအပြင် ဖြည့်စွတ်စာအနေဖြင့်လည်း စားသုံးနိုင်ပါသည်။ ဥပမာ မုန့်ဟင်းခါးထဲတွင် "အိုးဘဲဥလုပ်ပြီးထည့်စားခြင်း၊ အသုပ်ထဲထည့်စာခြင်းမျိုး စသည်တို့ ပါဝင်သည်။ ဘဲဥတွင်လည်း အာဟာရဓါတ်စုံစုံလင်လင်ပါသည့်အတွက် စားလျှင် အားဖြစ်စေသလို ကျန်းမာသန်စွမ်းရန်အတွက်လည်း အထောက်အကူဖြစ်စေပါသည်။

     အာဟာရဓါတ်ဆိုင်ရာပညာရှင်များက ဘဲဥတွင် အောက်ပါအာဟာရဓါတ်များ ပါဝင်ကြောင်း ဆိုကြပါသည်။

ပရိုတင်းဓါတ် ၁၁.၇ ရာခိုင်နှုန်း

အဆီဓါတ် ၁၂.၆ ရာခိုင်နှုန်း

သတ္တုဓါတ် .၉ ရာခိုင်နှုန်း

ကစီဓါတ် .၇ ရာခိုင်နှုန်း စသည်တို့ဖြစ်ကြသည်။

     ကြက်ဥ၊ ဘဲဥကို အသင့်အတင့် စားပေးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများလည်း ရှိလာနိုင်ပါသည်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါသည်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါသည်။

ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါသည်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါသည်။

ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။

ဆံကေသာ၊ လက်သည်းနှင့် အသားရေကို ကျန်းမာလှပစေပါသည်။

ကြွက်သားကို ဖွံ့ဖြိုးစေပါသည်။

     ဘဲဥမှာ ဈေးနှုန်းအနေဖြင့် ဆိုလျှင်လည်း သက်သာ၍ ဟင်းချက်မည်ဆိုလျှင်လည်း ကရိကထမများသည့်အတွက် မြန်မာနိုင်ငံတွင် ဘဲဥ၏အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်ပါသည်။ ဘဲမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဘဲဥသည် စီးပွားရေးအရ အရေးပါပြီး မွေးမြူမှုများသည့် လုပ်ငန်းတစ်ခုဖြစ်သည်မှာ ငြင်း၍မရနိုင်သည့် အမှန်တရားတစ်ခုဖြစ်ပါသည်။

ဦးဇော် (dof)

မှီငြမ်း ဆရာကောင်းထက်၏ ဘဲဥနှင့် အာဟာရအကြောင်းစာစုမှ ကောက်နှုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။




Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်