ဒက်ထရွိုက်လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ အာဖရိကခရုကြီးများ

21/03/2023 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ခရုဆိုတာမျိုးက နှေးကွေးစွာ ရွေ့လျားသွားလာတဲ့အမျိုးဆိုပေမဲ့ ဒီခရုတွေကတော့ အတ္တလန်တိတ်သမုဒ္ဒရာကြီးကို တစ်နာရီကို မိုင်ရာနဲ့ချီတဲ့အရှိန်မျိုးနဲ့ ဖြတ်ကျော်လာကြတာ ဖြစ်ပါတယ်။ (လေယာဉ်စီးလာကြတာမို့လို့ပါ)

အမေရိကန်နိုင်ငံ၊ ဒက်ထရွိုက်မြို့တော် လေဆိပ်မှာရှိတဲ့ အကောက်ခွန်အရာရှိတွေဟာ ဂါနာနိုင်ငံကနေ စီးနင်း လိုက်ပါလာတဲ့ ခရီးသွားတစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ အသက်ရှင်နေဆဲ ဒီခရုခြောက်ကောင်ကို တွေ့ရှိခဲ့တာပါ။

အညိုရင့်ရောင် အစင်းကြောင်းကြီးတွေနဲ့ အဆိုပါသက်ရှိတွေဟာ အမေရိကန်အနေနဲ့ နှစ်ပေါင်း ၅၀ ကျော်တောင် အချိန်ယူဖယ်ရှားရှင်းလင်းပစ်ခဲ့ရပြီး ကျူးကျော်ဝင်ရောက်မှုထပ်ရှိမလာဖို့ တားမြစ်ပိတ်ပင်ထားတဲ့ အာဖရိကဧရာမခရုကြီးတွေဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်တွေက အတည်ပြုပါတယ်။ 

အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ လက်သီးဆုပ်အရွယ်ခန့်ရှိတဲ့ ဒီခရုကြီးတွေဟာ ကြည့်လိုက်ရင်တော့ ဘာအန္တရာယ်မှ မရှိသလိုမျိုးတွေပေမဲ့ တကယ်တော့ မြေပဲ၊ ပဲပင်နဲ့ သခွားသီးအပါအဝင် အပင်အမျိုးအစားပေါင်း ၅၀၀ ကျော်အထိ စားသောက်ဖျက်ဆီးတတ်တဲ့ အစားကျူးအဖျက်ပိုးတွေပါ။ အဲ့ဒီသီးနှံတွေ မရရှိနိုင်တဲ့အခါမျိုးဆို ရင် သူတို့ဟာ ပန်းပင်တွေ၊ သစ်ခေါက်တွေကို စားပစ်ကြပါတယ်။ နောက်ဆုံး ဘာမှမကျန်ဘူးဆိုရင် နေအိမ်မှာရှိတဲ့ သုတ်ဆေးနဲ့ အင်္ဂတေနု (ပလာစတာ)တွေကိုပါ စားပစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအာဖရိကခရုကြီးတွေဟာ လူသားတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါနဲ့ အခြားရောဂါတွေကို ဖြစ်စေနိုင်တဲ့ ကပ်ပါးပိုးတွေကို သယ်ဆောင်နိုင်တယ်ဆိုပြီးလည်း လူသိများပါတယ်။ ၎င်းတို့ဟာ တစ်နှစ် အတွင်းမှာ ဥပေါင်း ၁,၂၀၀ အထိ ဥချနိုင်ပြီး လျင်မြန်စွာလည်း မျိုးပွားနိုင်ကြပါတယ်။

ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်းက ဒီတောရိုင်းခရုတွေကို တွေ့ရှိခဲ့ရဖူးပြီး ၎င်းတို့ကို ဖယ်ရှားနိုင်ရေးအတွက် ဒေါ်လာ ၁ သန်းကျော် ကုန်ကျခံကာ အချိန် ၁၀ နှစ်ကျော်ယူ ရှင်းလင်းခဲ့ရ ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြည်နယ်အတွင်းကို ထပ်မံကျူးကျော်လာကြောင်း တွေ့ရှိခဲ့ရလို့ နောက်ထပ်ဆယ်စု နှစ်ကြာ ဖယ်ရှားရှင်းလင်းရေး ထပ်လုပ်ရပြန်ပါတယ်။

ဒါပေမဲ့ နှစ်တွေ အတော်ကြာလာပြီးတဲ့နောက်မှာတော့ အနောက်အာဖရိကမှာဆို ဒေသတွင်း စားကောင်းသောက်ဖွယ်တစ်မျိုးဖြစ်နေတဲ့ ဒီသက်ရှိတွေ အမေရိကန်မှာ အကြောတင်းတင်းနဲ့ ပြန်ပေါ်လာပြန်တာပါပဲ။  ကောင်းကောင်းချက်ပြုတ်တတ်ရင် သူက သရေစာလိုမျိုးတောင် စားသုံးနိုင်တယ်လို့ Miami အခြေစိုက် WLRN ရေဒီယို အသံလွှင့်ဌာနကနေ ၂၀၁၃ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။ တချို့တွေကတော့ သူတို့ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့လည်း မွေးကြသေးတယ်လို့ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) က ပြောပါတယ်။

ယနေ့အချိန်မှာတော့ ဖလော်ရီဒါ၊ ဟာဝိုင်ရီနဲ့ ကာရေဘီယံဒေသတွေမှာ ဒီအာဖရိကခရုကြီးတွေဟာ တောရိုင်းသတ္တဝါတွေလိုမျိုး ရှိနေနိုင်တယ်လို့ ယုံကြည်ရကြောင်းလည်း (USDA) က ဆိုပါတယ်။

တကယ်လို့ အဆိုပါခရုတွေကို တွေ့ရှိမိတယ်ဆိုရင်  ဒေသဆိုင်ရာ ပြည်နယ်စိုက်ပျိုးရေးဌာန (သို့မဟုတ်) USDA တိရစ္ဆာန်နဲ့ အပင်ကျန်းမာရေး စစ်ဆေးရေးဝန်ဆောင်မှု ဒေသဆိုင်ရာဌာနခွဲတွေကို ဆက်သွယ်ပေးကြဖို့ ဗဟိုအစိုးရအာဏာပိုင်တွေက အကြံပြုထားပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://n.pr/3ZZ2yBg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်