စိုက်ပျိုး မွေးမြူရေးအတွက် အင်္ဂလိပ်စာ

25/09/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (91)  English for Agriculture

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၉၁) စိုက်ပျိုး မွေးမြူရေးအတွက် အင်္ဂလိပ်စာ

မိတ်ဆက် (Introduction) 

ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့မှ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကိုမူတည်၍ အင်္ဂလိပ်သင်တန်း (တစ်နည်း) စက်ချုပ်ဆရာ၏ ကတ်ကြေးကိုက်သင်တန်း (Tailor-made Training) တစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။

ကတ်ကြေးကိုက်သင်တန်းဆိုသည်မှာ သင်တန်းသား/သင်တန်းသူ၏ လိုအပ်ချက်အလိုက်၊ ရွေးချယ်ထုတ်နှုတ် သင်ပြ၊ ဆွေးနွေးသောသင်တန်း (Customized or Personalized Training Program) ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ သင်တန်းသားများ (Trainees)၊ ပါဝင်တက်ရောက်သူများ (Participants) အတွက် တိကျသတ်မှတ်ထားသော ကျွမ်းကျင်မှု (Specific Skills) နှင့် လုပ်ငန်းဆိုင်ရာ ဗဟုသုတများ (Job-related Knowledge) ရရှိနိုင်စေရန် ရည်ရွယ်ပါသည်။ 

အင်္ဂလိပ်စာဘာသာစကား (English Language) သည် ကမ္ဘာသုံးဖြစ်ပြီး ကျွန်တော်တို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရှိနေသော တောင်သူလယ်သမားများ (Farmers)၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ (Civil Society Organization- CSOs/ Community based Organization - CBOs)၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိနေသော ရောင်းဝယ်ရေးဆိုင်ရာ ကုန်သည်ပွဲစားများ (Agricultural Traders/Merchants)၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများတွင် သွားရောက်လုပ်ကိုင်ရန် ရှိသည့် ကျွမ်းကျင်လုပ်သားများ (Agricultural Technicians) အတွက် အခြေခံ အရေး (Writing)၊ အဖတ် (Reading)၊ အပြော (Speaking)၊ နားထောင်မှု (Listening) ကျွမ်းကျင်မှု၊ စွမ်းရည် များစွာ (Skills) ကို သင်ပေးခြင်းဖြင့်၎င်း၊ ၂၁-ရာစုနှင့် ခေတ်မီသတင်းအချက်အလက်နည်းပညာ (21st Century ICT Skills) များစွာတို့ကို သင်ပေးခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘာသာရပ်ဝေါဟာရများ (Agricultural Terminology) စွာတို့ကို သင်ကြားပေးခြင်းအားဖြင့်လည်းကောင်း ဗဟုသုတများစွာ ရရှိနိုင်ပါသည်။ 

အင်္ဂလိပ်စာသည် ဘာသာရပ်တိုင်းအတွက် ဗဟုသုတများစွာကို ပေးပါလိမ့်မည်။ (English has become the internationally accepted language of nearly all field of knowledge) ကမ္ဘာပေါ်ရှိ လူဦးရေ ၃၇၅-သန်းလောက်သည် မိခင်ဘာသာစကား (Mother Language)ကို ပထမဘာသာစကား (First Language) အနေနှင့်ပြောပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် လူဦးရေသန်းတစ်ထောင်ကျော်လောက်သည် အင်္ဂလိပ်စာကို ဒုတိယဘာသာစကား (Second Language) အနေနှင့် လက်ရှိ အသုံးပြုနေပါသည်။

(စာကြွင်း - ကျွန်တော်ဆောင်းပါးများ ရေးသားရန်အတွက် ကုန်ကြမ်းစာအုပ်၊ စာတမ်းများရှာဖွေရန် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာကြည့်တိုက်သို့ သွားရောက်လေ့ရှိပါသည်၊ စာအုပ်များဌားသည့် စာရင်းကိုကြည့်ရာ အချို့စာအုပ်ဆိုလျှင် ဆရာ၊ ဆရာမ ကျောင်းသူ၊ ကျောင်းသား တစ်ဦးမှ မငှားထားကြပါ။ စာအုပ်ကို အသုံးပြုမှု နည်းသွားပြီလား။ အင်္ဂလိပ်လိုရေးထား၍ နားမလည်လို့ မငှားတော့ဘူးလား။ နိုင်ငံတကာစာကြည့်တိုက်တွေမှာကော စာအုပ်အသုံးပြုမှုနည်းသွားပြီလား။ စာဖတ်သူပရိတ်သတ် ဖြေကြားပေးပါဦး)

စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာအင်္ဂလိပ်စာ (English for Agriculture – for Farmers, CSOs and CBOs)

ကျွန်တော်တို့အဖွဲ့သည် ဤသင်တန်းကိုဖွင့်ရန် စီစဉ်နေပါပြီ။

ဇယား - ၁ အထွေထွေ အင်္ဂလိပ်စာ (General English) နှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ (English for Specific Purpose – ESP/Career English)ကွာခြားမှု

လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ (သို့) တိကျသောရည်ရွယ်ချက်အတွက် အင်္ဂလိပ်စာ (English for Specific Purposes - ESP) သည် သင်တန်းသားလိုအပ်ချက်အပေါ်မူတည်၍ အမျိုးမျိုးရှိပါသည်။ ဥပမာ -

  • (က) ပညာရပ်ဆိုင်ရာသုံး အင်္ဂလိပ်စာ (English for Academic Purposes)
  • (ခ) သိပ္ပံနှင့်နည်းပညာအတွက် အင်္ဂလိပ်စာ (English for Science and Technology)
  • (ဂ) ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အင်္ဂလိပ်စာ (Business English)
  • (ဃ) ဥပဒေဆိုင်ရာ အင်္ဂလိပ်စာ (Legal English)
  • (င) လေကြောင်းဆိုင်ရာ အင်္ဂလိပ်စာ (Aviation English)
  • (စ) ကျန်းမာရေးသုံး အင်္ဂလိပ်စာ (English for Medical Purposes)
  • (ဆ) သူနာပြုများအတွက် အင်္ဂလိပ်စာ (English for Nursing)
  • (ဇ) သုတေသန ကျန်းရေးခြင်းဆိုင်ရာ အင်္ဂလိပ်စာ (Thesis and Dissertation Writing English)
  • (ဈ) သုတေသန စာတမ်းရေးသားခြင်းဆိုင်ရာ အင်္ဂလိပ်စာ (English for Research Publication Purposes)
  • (ည) စိုက်ပျိုးမွေးမြူရေးပညာအတွက် အင်္ဂလိပ်စာ (English for Agriculture/ Agricultural English) စသည်ဖြင့် များပြားလှပါသည်။ 

ကျွန်တော်တို့အဖွဲ့သည် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကိုမူတည်၍ ဖွင့်လှစ်သော ထိုအင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပါသည်။

စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အင်္ဂလိပ်စာ

ထိုသင်တန်းမှာ အကဲဖြတ်စစ်တမ်း မေးခွန်းများ (Need Assessment Survey) မေးရန်ရှိပါသည်။ ဥပမာ  

(က) စိုက်ပျိုးရေး၊ မွေးမြူရေး အင်္ဂလိပ်စာ ဝေါဟာရများ နည်းလည်မှု နှင့် ၂၁-ရာစု ပညာရေး အထွေအထွေကျွမ်းကျင်မှု အခြေခံရက်တို သင်တန်းတစ်ခု ဖွင့်ရန် စီစဉ်လျက်ရှိနေပါသည်။

စိတ်ဝင်စားပါသလား။ 

(က-၁) စိတ်ဝင်စားပါသည်။ (က-၂) စိတ်မဝင်စားပါ။ 

(ခ) အစိမ်းရောင်လမ်းရှိဆောင်းပါးများ (www.greenwaymyanmar.com/) မှ ပညာရပ်များကို အင်တာနက် (Internet) တွင် ရှာဖွေနည်းကို ဆွေးနွေးပြသလိုပါသည်။

စိတ်ဝင်စားပါသလား (ခ-၁) ဝင်စားပါသည်။ (ခ-၂) မဝင်စားပါ။ 

(ဂ) အွန်လိုင်း (Online) မှ သင်တန်းများပေးသောအခါ Zoom Application အသုံးပြုနည်း၊ အီးမေး (Email) ကို အသုံးပြု၍ သင်ခန်းစာများ ရယူနည်းကို ဆွေးနွေးပြသလိုပါသည်။

စိတ်ဝင်စားပါသလား (ဂ-၁) ဝင်စားပါသည်။ (ဂ-၂) မဝင်စားပါ။ 

(ဃ) သင်တန်းတက်ရောက်ရန် မည်သည့်အချိန် အဆင်ပြေပါသလဲ?

(ဃ-၁) နံနက် (၉ နာရီ မှ ၁၁ နာရီ အတွင်း) 

(ဃ-၂) နေ့လယ် (၂ နာရီ မှ ၄ နာရီ အတွင်း) 

(ဃ-၃) ညနေ (၄ နာရီ မှ ၆ နာရီ အတွင်း) 

(ဃ-၄) ည (၇ နာရီ မှ ၉ နာရီ အတွင်း) 

(င) မည်သည့် သင်တန်းရက်တို ကာလကို နှစ်သက်ပါသလဲ?

(င-၁) ၅ ရက် 

(င-၂) ၁၀ ရက် 

(င-၃) ၁၅ ရက် 

(င-၄) ၂၀ ရက် 

(စ) သင့်အလုပ်မှာ လုပ်ငန်းသုံး အင်္ဂလိပ်အရေး၊ အပြော ကျွမ်းကျင်မှု လိုအပ်ပါသလား?

(စ-၁) လိုအပ်ပါသည်။ (စ-၂) မလိုအပ်ပါ။ 

(ဆ) အောက်ပါတို့မှ မည်သည့်လုပ်ငန်းသုံး အင်္ဂလိပ်စာအရေးကျွမ်းကျင်မှုကို သင်ယူချင်ပါသလဲ?

(တစ်ခုမက အကုန်ရွေးချယ်နိုင်ပါသည်။ Multiple Choice)

(ဆ-၁) အီးမေးအသုံးပြုရေးသားနည်း (Email communication writing) 

(ဆ-၂) လုပ်ငန်းမှတ်တမ်းအစီရင်ခံစာရေးသားနည်း (report writing) 

(ဆ-၃) လုပ်ငန်းတင်ပြမှု ရေးသားနည်း (presentation writing)

(ဆ-၄) လုပ်ငန်းအဆိုပြုလွှာရေးသားနည်း (proposal writing) 

(ဇ) အောက်ပါတို့မှ မည်သည့်လုပ်ငန်းသုံး အင်္ဂလိပ်စာအပြောကျွမ်းကျင်မှု ကို သင်ယူချင်ပါသလဲ? 

(တစ်ခုမက အကုန်ရွေးချယ်နိုင်ပါသည်။ Multiple Choice)

(ဇ-၁) နေ့စဉ်သုံး အင်္ဂလိပ်စကားပြောဆိုခြင်း 

(ဇ-၂) လုပ်ငန်းသုံး အင်္ဂလိပ်စကားပြောဆိုခြင်း

(ဇ-၃) တင်ပြဆွေးနွေးခြင်း အင်္ဂလိပ်စကားပြောဆိုခြင်း

(ဇ-၄) အင်တာဗျူး အင်္ဂလိပ်စကားပြောဆိုခြင်း

(ဈ) မိမိ၏ လယ်ယာလုပ်ငန်း (farming business) အတွက် အင်္ဂလိပ်စာစွမ်းရည် (English skill) ကို အသုံးချရန် အစီအစဉ်ရှိပါသလား? 

(ဈ-၁) အစီအစဉ်ရှိပါသည်။ (ဈ-၂) အစီအစဉ်မရှိပါ။ 

(ည) ယခင်က အင်္ဂလိပ်စာသင်တန်းများ (English courses) တက်ရောက် သင်ကြားဖူးပါသလား? 

(ည-၁) သင်ယူဖူးပါသည်။ (ည-၂) မသင်ယူခဲ့ဖူးပါ။ 

(ဋ) စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ အမည်များ၊ အသုံးအနှုန်းများ၊ စံချိန်စံညွှန်းများကို အဂလိပ်ဘာသာဖြင့် လေ့လာလိုပါသလား။ 

(ဋ-၁) လေ့လာလိုပါသည်။  (ဋ-၂)  မလေ့လာလိုပါ။ 

(ဌ) စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ ဈေးကွက်သတင်းအချက်အလက်များကို အဂလိပ်ဘာသာဖြင့် လေ့လာလိုပါသလား။ 

(ဌ-၁) လေ့လာလိုပါသည်။  (ဌ-၂)  မလေ့လာလိုပါ။ 

(ဍ) တိရစ္ဆာန်အာဟာရဆိုင်ရာ အခြေခံအင်္ဂလိပ်ဝေါဟာရများကို သိလိုပါသလား။

(ဍ-၁) သိလိုပါသည်။ (ဍ-၂) မသိလိုပါ။ 

(ဎ) သင်၏မွေးမြူရေးခြံကို ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်မလာစေရန် မည်သို့ ကာကွယ်သင့်သည်ကို သိရှိလိုပါသလား။ 

(ဎ-၁)  သိရှိလိုပါသည်။ (ဎ-၂)  မသိရှိလိုပါ။ 

(ဏ) စိုက်ပျိုးရေးဆိုင်ရာဗဟုသုတ ပညာရပ်များကို ဂွတ်ဂဲရှာဖွေခြင်းစနစ် (Google Search) တွင် ရှာဖွေနည်း ဆွေးနွေးပြသလိုပါသည်။ စိတ်၀င်စားပါသလား။

(ဏ-၁) စိတ်၀င်စားပါသည်။ (ဏ-၂) စိတ်မ၀င်စားပါ။ 

(တ) သင်၏ အဂ်လိပ်စာနားလည်ကျွမ်းကျင်မှု အခြေအနေကို သိပါရစေ။

(တ-၁) အခြေခံပညာအထက်တန်း (တ-၂) တက္ကသိုလ်အဆင့် (တ-၃) ဘွဲ့ရ 

(ထ) သီးနှံကာကွယ်ရေး အင်္ဂလိပ်စာ ဝေါဟာရများပြောဆိုရေးသားခြင်း ကျွမ်းကျင်မှု ရက်တိုသင်တန်းဖွင့်ရန် စီစဉ်လျက်ရှိနေပါသည်။ 

(ထ-၁) စိတ်၀င်စားပါသည်။ (ထ-၂) စိတ်မ၀င်စားပါ။ 

(ဒ) ယနေ့ကမ္ဘာကြီးတွင် ဉာဏ်ရည်တုနည်းပညာ “Artificial Intelligence (AI)” အလွန်ထွန်းကား နေသည်ကို သင်သတိထားမိပါသလား။

(ဒ-၁) သတိထားမိပါသည်။ (ဒ-၂) သတိမထားမိပါ။ 

(ဓ) စိုက်ပျိုးရေး၊ မွေးမြူရေး အင်္ဂလိပ်စာ ဝေါဟာရများ နည်းလည်မှု နှင့် ၂၁-ရာစု ပညာရေး အထွေအထွေ ကျွမ်းကျင်မှု အခြေခံရက်တို သင်တန်းတွင် ဉာဏ်ရည်တုနည်းပညာ “Artificial Intelligence (AI)” အကြောင်းကို ဆွေးနွေး သင်ကြားမည်ဆိုပါက သင်စိတ်ဝင်စားပါသလား။

(ဓ-၁) စိတ်ဝင်စားပါသည်။ (ဓ-၂) စိတ်မဝင်စားပါ။ 

ထိုမေးခွန်းများကို ရွှေရောင်လွင်ပြင် လူမှုကွန်ယက်စာမျက်နှာ (Golden Plain Livelihood Development Service Ltd. Facebook Page) နှင့် အစိမ်းရောင်လမ်း (GreenWay Facebook Page) တွင် ကြေညာထားပြီးပါပြီ။ စိတ်ပါဝင်စားသူ တောင်သူ ဦးကြီးများ၊ ကျေးလက်နေလူငယ်များ ဖြေကြားပေးပါရန်နှင့် ၂၀၂၃-ခုနှစ် စက်တင်ဘာလ (၂၈) ရက် ညနေ ၇း၃၀ နာရီတွင်လည်း အင်္ဂလိပ်စာ ကျွမ်းကျင် ဆရာကြီးများဖြစ်သော ဆရာကြီး ဦးနေအုပ်၊ဒေါက်တာတင်မောင်ဝင်း၊ အိန္ဒိယနိုင်ငံမှ ဆရာ ဦးဂျိုးထွန်းစိန်တို့က စိုက်ပျိုးမွေးမြူရေးတွင် အင်္ဂလိပ်စာ အရေးကြီးပုံ (The importance of English in Agriculture) အကြောင်းကို Zoom Application ဖြင့် စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion) ပြုလုပ်ပေး မည်ဖြစ်ပါသည်။ ထို့ကြောင့် သိလိုသော မေးခွန်းများကို

ဇွန်းလုပ်ငန်းသုံးနံပါတ် - ၈၄၃၂၀၁၄၈၄၈ (Zoom ID – 843 201 4848)

လျို့ဝှက်ကုတ် - GP2023 (Passcode – GP2023)   အသုံးပြု၍ လာရောက်မေးမြန်းဆွေးနွေးနိုင်ပါသည်။ 

ဆွေးနွေးပြီး ရရှိလာသော သင်တန်းသား၊ သင်တန်းသူ၏ လိုအပ်ချက်ကို မူတည်၍ ရေးဆွဲထားသော သင်ရိုးညွှန်းတန်းဖြင့် (Curriculum and Syllabus for Targeted People) ၂၀၂၃-ခုနှစ် အောက်တိုဘာလထဲတွင် သင်တန်းဖွင့်ပါမည်။ ထို့ကြောင့် ရွှေရောင်လွင်ပြင် လူမှုကွန်ယက်စာမျက်နှာကို (Like and Follow) လုပ်ထားပေးပါရန်ပြောကြားလိုက်ရပါသည်။

ထိုအင်္ဂလိပ်စာသင်တန်းအကြောင်းကို ကျွန်တော်၏ အစိမ်းရောင်လမ်းစာဖတ်ပရိတ်သတ်ကို  မျှဝေပေးချင်လာ၍ စိုက်ပျိုးရေးသီးနှံများအကြောင်း ရေးသားနေရင်းမှ ကြားဖြတ်ဆွေးနွေး တင်ပြခြင်းဖြစ်ပါသည်။

မှီငြမ်းစာအုပ်များ (References)

Paltridge, B. and Starfield, S. (2013) The Handbook of English for Specific Purposes. Wiley Blackwell. 577p.

Matheson, R. (2014) English for Agribusiness and Agriculture. ESAP Series. Series Editor Terry Phillips. Garnet Publishing Ltd. 135p.

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်