မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၂၃)

25/10/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

အေအမ်အက်ဖ်မှိုမျိုးစထိုးသွင်းခြင်းဖြင့် စပျစ်ပျိုးပင်အရည်အသွေးများဖြစ်သော ပိုလီဖီနောပြင်းအားတိုးလာစေသည်၊ ပျိုးပင်ပြောင်းရွှေ့နာ လျော့စေသည်။

အလားအလာကောင်းသည့် အေအမ်မှိုမျိုးကွဲများ၏ပျံ့နှံ့မှုနှင့် အမြစ်စွဲကပ်မှုအရည်အချင်းများ 

 

 

ဒေသအသီးသီးရှိ သီးနှံစိုက်ခင်းများတွင် သဘာဝအတိုင်းတွေ့ရသော မိုက်ကိုရိုက်ဇာမှိုမျိုးကွဲ (Indigenous AM fungi) များစွာသည် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးများဖြစ်ကြသည်၊ အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာမှီခိုမှုအဆင့်သည် ဒေသအလိုက်ကွဲပြားစွာ ပျံနှံ့လျှက်ရှိသည်။

၎င်းတို့အနက် အကျိုးပြုစွမ်းအားမြင့်သော ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်မှို ရရေးသည်အရေးကြီးသည်။ ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ရန် ဒေသအသီးသီးရှိ လက်ခံပင်များ၏ အမြစ်ဇုန်များတွင် မျိုးကွဲများ၏ ပျံ့နှံ့မှုကို ဖော်ထုတ်ရန်လိုအပ်သည်။ မိုက်ကိုရိုက်ဇာတွဲဖက်နေထိုင်မှုဆိုသည်မှာ အပင်နှင့် မှိုအတွင်း သဟဇီဝနဖြစ်စဉ်ဖြစ်ပြီး မှိုမှအပင်သို့ ရေနှင့်အာဟာရ စီးဝင်ပြီး အပင်မှမှိုသို့  အော်ဂဲနစ်ပစ္စည်းများ ရရှိသည်။ 

တပိုင်တနိုင်တောင်သူများ လွယ်လွယ်ကူကူစိုက်နိုင်သော ကြီးထွားမြန်ဆေးဘက်ဝင်အပင်တွေ အရည် အသွေးကောင်းစေရန် အလားအလာကောင်းသည့် အေအမ်အက်မှို ဘာ့ကြောင့်သုံးသင့်လဲ

အေအမ်မှိုမျိုးကွဲများ  ပျံ့နှံ့မှုနှင့် အပင်မျိုးစိတ်တို့၏  မိုက်ကိုရိုက်ဇာ မှီခိုမှုအဆင့်ကောင်းခြင်း

စိုက်ပျိုးမြေများတွင်သဘာဝအတိုင်းတွေ့ရှိရသော အေအမ်မှိုမျိုးများကို စုဆောင်းလေ့လာချက်အရ သီးနှံအလိုက် အေအမ်မှိုမျိုးစွဲကပ်စွမ်းအားများ ကွဲပြားကြောင်းတွေ့ရှိရသည် (မြ ၂၀၁၆)။

သဘာဝအေအမ်အက်ဖ်မှိုများ၏ မျိုးကွဲများပျံ့နှံ့မှုကို မြေအမျိုးအစားနှင့် ပီအိပ်ချ်က လွှမ်းမိုးနေသည်။ အေအမ်အက်ဖ်မှိုများသည် အက်ဆစ်ဆန်သော မြေတွင်ကောင်းစွာပွားများပြီး ထာဝရလက်ခံပင်များတွင် အမြစ်စွဲအားကောင်း၍ လက်ခံပင်နှင့် အပြန်အလှန်အကျိုးပြုမှု မြင့်မားသည်။ 

အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုအမျိုးမျိုးနှင့် သဟဇီဝနပြုပြီး စွဲကပ်နေသော ဆေးဘက်ဝင်နှင့် မြက်မျိုးရင်းဝင် လက်ခံပင်များ (မြ ၂၀၁၆)

 

မြေဆီလွှာအချဉ်အငန် ၂ မျိုးတွင် စိုက်ထားသော ကော်ဖီပျိုးပင်များတွင် အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း အကျိုးပြုမှု လက်တွေ့ စမ်းသပ်တွေ့ရှိချက် (မြ ၂၀၁၆)

သဘာဝ အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုများ၏ ပီအိပ်ချ် ၆.၈ ရှိသော ကော်ဖီပျိုးမြေ မြေနီ (ဒေသခေါ်) အမျိုးအစားတွင် စပိုးထုပ်လုပ်မှုသည် ပီအိပ်ချ် ၇.၄ ရှိသော ကော်ဖီပျိုးမြေ မြေနက် (ဒေသခေါ်) ထက် ပိုများသည်။ ၎င်းမြေတွင် ပျိုးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ ထာဝရလက်ခံပင်ဖြစ်သည့် ကော်ဖီပင်သာမက သဘာဝပေါက်နေသော မြေဆီထိန်းပဲ Desmodium intortum အမြစ်များတွင် စွဲကပ်မှုသည် မြေနီတွင် ပိုများသည် ။ 

စပျစ်တွင်အေအမ်အက်ဖ်မှိုထိုးသွင်းခြင်း အကျိုးပြုမှု လက်တွေ့ စမ်းသပ်တွေ့ရှိချက်

ဗာတီဆိုးမြေ (ပီအိပ်ချ် ၆.၅ - ၈.၅) တွင် စိုက်ထားသော စပျစ်တွင် စီးပွားဖြစ်အေအမ်အက်ဖ် MYCOSYM Rhizoglomus intraradices ထိုးသွင်းထားသည်၊ အေအမ်အက်ဖ် ထိုးသွင်းပြီးပျိုးပင် ၁၃ ပတ်အကြာတွင် စပျစ်ပိုလီဖီနောပြင်းအား တိုးလာသည်။ ပြောင်းရွှေ့နာ လျော့စေသည်။

အေအမ်အက်မှိုမျိုးစထိုးသွင်းခြင်းဖြင့် စပျစ်ပျိုးပင် အရည်အသွေးတိုးလာခြင်း 

 

သုံးသပ်ချက်

  ၁။ အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို (အေအမ်မှို)များ၏ အပင်မျိုးစိတ်တို့၏ မိုက်ကိုရိုက်ဇာမှီခိုမှုအဆင့်လေ့လာမှုအရ ဒေသအသီးသီးအလိုက် ဆေးဘက်ဝင်အပင်များ၏ အေအမ်အက်မှိုအပေါ် မှီခိုနိုင်မှုနှင့် စွဲကပ်သော အေအမ်အက်မှိုမျိုးစိတ် ကွဲပြားသည်။ မြေအမျိုးအစားနှင့် ပီအိပ်ချ်သည် အေအမ်အက် မှိုမျိုးကွဲများ အပေါ် လွှမ်းမိုးသည်။     

၂။  အေအမ်အက်မှိုမျိုးစိတ် Rhizoglomus intraradices သည် စွဲကပ်လက်ခံပင်ကို အလားအလာရှိသော အန်တီအောက်ဆီးဒန့် အရည်အသွေးရှိ လူသားကျန်းမာရေး အထောက်အကူပြု ပိုလီဖီနောပြင်းအား တိုးလာသော တွေ့ရှိချက်သည် ခိုင်မာသည်၊ စိတ်ဝင်စားစရာလည်း ကောင်းသည်။

၃။   ၎င်းအေအမ်အက်မှိုမျိုးစိတ်သည် စွဲကပ်လက်ခံပင်ပိုမိုများသည်။  လက်ရှိ အေအမ်အက်မှိုများ၏ အနေအထားအရ စီးပွားဖြစ်အေအမ်အက်ဖ်မှိုမျိုးစ (သို့) အကျိုးရှိသော အေအမ်အက်ဖ် မှိုမျိုးစကို ထိုးသွင်း အသုံးချသည်။ အလားတူ အပင်မျိုးစိတ်တို့၏ သဘာဝ အေအမ်အက်မှိုများ၏ မှီခိုမှုအဆင့်နှင့် ဒေသမှိုမျိုးကွဲများ၏ အကျိုးပြုမှုကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချနိုင်ရန် လိုအပ်သည်။ အပင်မျိုးစိတ်တို့၏ သဘာဝ အတိုင်း မိုက်ကိုရိုက်ဇာ မှီခိုမှုအဆင့်သည် ရေရှည်တည်တံ့သော အပူပိုင်းသီးနှံစိုက်ပျိုးရေးနှင့် အော်ဂဲနစ်လယ်ယာ စိုက်ပျိုးရေးတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး တွေ့ရှိချက်ဖြစ်သည်။ 

ကိုးကား

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

၂။  Aguilar, A. (2017). Polifenoles Como Respuesta a Hongos Micorrícicos Arbusculares en           vid (Vitis vinifera L.). Doctoral tesis. Concepción: Universidad deConcepción, 99.

၃။ Srivastava P., Saxena B. and Giri B. Arbuscular Mycorrhizal Fungi: Green Approach/Technology for Sustainable Agriculture and Environment. Mycorrhiza - Nutrient Uptake, Biocontrol, Ecorestoration pp 355-386. 2017.

 

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်