စပျစ်အတွက် ကောင်းကျိုးများစေတဲ့ အာဘာစကူလာမိုက်ကိုရိုက်ဇာ

06/12/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း(၂၉)

စပျစ်ပျိုးပင်များတွင် အေအမ်အက်ဖ်မှိုထိုးသွင်းခြင်းသည် မြေထဲမှအနည်းလို သတ္တုဓာတ်များ အပင်ထဲသို့ရွေ့လျားမှုနှင့် ပါဝင်မှုကို လျော့ကျစေသည်။ အေအမ်အက်ဖ်မှိုနှင့် စစ်ထုတ်ပင်လယ်ရေမှော် ပူးတွဲထိုးသွင်းခြင်းသည် စပျစ်ပျိုးပင်အရည်အသွေး ပိုကောင်းစေသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အသုံးပြုသင့်သော ဇီဝမြေသြဇာအရင်းအမြစ် အေအမ်မှိုမျိုးစု၊ မှိုမျိုးကွဲများ၏အရည်အချင်းများ

မြန်မာနိုင်ငံ စိုက်ပျိုးမြေများတွင် မျိုးစု ၄ မျိုးကို တွေ့ရလေ့ရှိသည်။ သက်ဆိုင်ရာ အရည်အချင်း ကောင်းများရှိကြသည်။ Acaulospora နှင့်Glomus တို့သည် အောက်မြေလွှာအေအမ်မှိုများအဖြစ် ရေသွင်းစိုက်သီးနှံများ အမြစ်ရှည်သီးနှံများအတွက် အသုံးကျ အလားအလာကောင်းနိုင်သည်ကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများကိုယ်တိုင် နားလည်စေရန် ဖော်ပြလိုပါသည်။ 

အပင်များတွင် အေအမ်မှိုမျိုးကွဲများ၏ မြေပေါ်မြေအောက်လုပ်ငန်းများ

အေအမ်အက်ဖ်မှိုမျိုးစိတ်ရဲ့ ဘယ်လိုအရည်အချင်းတွေက မှိုမျိုးစအဖြစ်သုံးသင့်စေတာလဲ?

Glomus မှိုမျိုးစိတ်မှို၏ အရည်အချင်း

  • ၁။ ပျံ့နှံ့မှု များသည်။
  • ၂။ လက်ခံပင်များတွင် ဖြစ်ပွားမှုများသည်။
  • ၃။ သမားရိုးကျစနစ်ဖြင့် အိုးဖြင့်ပွားသော မှိုစွဲအမြစ်များ (bait pots) ကို သုံးနိုင်သည်။
  • ၄။ သမားရိုးကျစနစ်ဖြင့် အိုးဖြင့်ပွားသော မှိုစွဲအမြစ်များ ထိန်းထားသည်။ 
  • ၅။ စပိုးနှင့် မှိုစွဲအမြစ်စများကို အသုံးများသည်။
  • ၆။ စပိုးသွင်ပြင်လက္ခဏာအရ အရွယ်အစား သေးသည်။ 

အမြစ်စွဲမှုနှင့် အမြစ်စွဲအား(Infectivity and Intensity)

  • ၁။ ခြောက်သွေ့မြေတွင်ကြာရှည် အသက်ရှင် ရပ်တည်သည်။ အသက်ရှင်ရပ်တည်မှု ၅ နှစ် ဖြစ်သည်။
  • ၂။ အမြစ်များမှိုစွဲမှုပြင်းအားမြင့်သည်။
  • ၃။ မှိုစွဲအမြစ်များကို အသက်အရွယ်မရွေး မျိုးစအဖြစ် သုံးနိုင်သဖြင့်အသုံးပြုရလွယ်သည်။ အမြစ်စွဲအားမြန်သည်။ Intensity မြင့်သည်။
  • ၄။ ပြင်ပနေမှိုမျှင်ထွက် ထုထည်များသော်လည်း တိုတောင်းသည်။

ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ 

  • ၁။ မြေပီအိပ်ချ် ၅.၃-၇.၅ ထိ ခံနိုင်သည်။
  • ၂။ အပင်အထွက်ကောင်းစေသော ဖော့စပရပ် လိုအပ်ချက်၏ ၆၀% ရှိချိန်မှာပင်လျှင် အေအမ်မှိုသည် အမြစ်ကိုစွဲကပ်ဝင်ရောက်သည်။
  • ၃။ အမြစ်များမှိုစွဲမှု မြင့်ရမည်။ သို့မှသာ အခြားသက်ရှိများနှင့် ယှဉ်ပြိုင်အားကောင်းသည်။
  • ၄။ အပင်အတွက် အကျိုးပြုမှု ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများနှင့် မြေထဲမှ သတ္တုဓာတ်များကို ခံနိုင်သောအခြေအနေတွင် အပင်ကြီးထွားမှု တိုးလာခြင်း ကောင်းရမည်။

စပျစ်ပျိုးပင်များတွင် အေအမ်အက်ဖ်မှိုအသုံးချမှု

  • Hao et al., 2012 လေ့လာမှုတွင် စပျစ်ပျိုးပင်များ ပြောင်းရွှေ့စိုက်ချိန်တွင် ထိုးသွင်းသည့် မှိုမျိုးစများအတွက် Rhizoglomus intraradices အေအမ်မှို စွဲကပ်နေသော ကြက်သွန်အမြစ်စများကို သုံးသည်။ 

မှိုမျိုးစသွင်းပြီး ၃၅ ရက်အကြာ ပြောင်းရွှေ့စိုက် စပျစ်ပျိုးပင်များတွင်... 

  • က။ အပင်ကြီးထွားမှု ပိုကောင်းလာသည်။
  • ခ။ အစိုအလေးချိန်  မြင့်လာသည်။
  • ဂ။ မြေထဲမှ သတ္တုဓာတ်များ အညွန့်သို့ စီးဝင်မှု နည်းလာသည်။

စပျစ်အေအမ်မှို၏ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ

စပျစ် သဘာဝဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့်များဖြစ်သော အေအမ်မှိုနှင့် စစ်ထုတ်ပင်လယ်ရေမှော် ၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ

 သုံးသပ်ချက်

စပျစ်ပျိုးပင်များတွင် သဘာဝဇီဝနှိုးဆော်ဘိုင်အိုစတီမြူးလန့်များဖြစ်သော အေအမ်အက်ဖ် Glomus မှိုမျိုးစိတ် (မှိုမျိုးကွဲ Rhizoglomus irregularis ) တမျိုးတည်းထိုးသွင်းခြင်း (သို့မဟုတ်) စစ်ထုတ်ပင်လယ်ရေမှော် (Ascospyrellum nodosum)) နှင့် ပူးတွဲသုံးခြင်းသည် ပျိုးပင်အရည်အသွေးကောင်းခြင်းနှင့် ဂေဟစနစ် မိတ်ဖက်လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ကိုးကား

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆) 

၂။ Abbott LK.  Robson AD. and Gazey C. Selection of inoculant arbuscular mycorrhizal fungi. Methods in Microbiology V 24:1-21 (1992).

၃။ Begum N, Qin C, Ahanger MA, Raza S, Khan MI, Ashraf M, Ahmed N and Zhang L (2019) Role of Arbuscular Mycorrhizal Fungi in Plant Growth Regulation: Implications in Abiotic Stress Tolerance. Front. Plant Sci. 10:1068. doi: 10.3389/fpls.2019.01068.

၄။  Cataldo E.et al.,  Biostimulants in Viticulture: A Sustainable Approach against Biotic and Abiotic Stresses. Plants 2022, 11(2), 162; https://doi.org/10.3390/plants11020162

၅။ Silwer 2020. The effect of Arbuscular mycorrhizal fungi and biostimulating algae extract on establishment, growth and development of Vitis vinifera – A field study conducted in Sweden.  Faculty of Landscape Architecture, Horticulture and Crop Production Science

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်