မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၁၅)

30/08/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

တပိုင်တနိုင်စိုက်ပျိုးရေးဆိုင်ရာနည်းများဖြင့် ဇီဝမြေသြဇာအရင်းအမြစ် အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြု သဟဇီဝန ဖြစ်စဉ်ကိုတိုးစေခြင်း

တပိုင်တနိုင်စိုက်ပျိုးရေးခြံ

တပိုင်တနိုင်စိုက်ပျိုးရေးစနစ်သည် စိုက်ပျိုးရေးဆိုင်ရာဇီဝမျိုးကွဲများကို မြင့်မားစေသော အရည်အချင်းများ ရှိသည်။

အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြု သဟဇီဝနဖြစ်စဉ်ကို တိုးစေသည့် တပိုင်တနိုင် စိုက်ပျိုးရေးသော့ချက်များ  

 

 

အာဘာစကူလာ မိုက်ကိုရိုက်ဇာအကျိုးပြုသဟဇီဝနဖြစ်စဉ်ကို တိုးစေသည့် စိုက်ပျိုးဂေဟဗေဒဆိုင်ရာနှင့်နွှယ်သော ဆောင်ရွက်ချက်များ

  • ၁။    သီးနှံသစ်တော ရောနှောစိုက်ပျိုးစနစ် 
  • ၂။    သီးညှပ်၊ သီးထပ် စိုက်ခြင်း 
  • ၃။    သီးနှံမျိုးကွဲ များများသုံးခြင်း 
  • ၄။    အော်ဂဲနစ်မြေဆွေးများ သုံးခြင်း
  • ၅။    ကုန်ကျစရိတ်သက်သာသောစိုက်စနစ်များကိုသုံးခြင်း တို့ဖြစ်သည်

ထိုကဲ့သို့ နည်းစနစ်များသည် အေအမ်အက်ဖ်မှို၏ သဟဇီဝနဖြစ်စဉ်ကို တိုးသည်။ တနည်းအားဖြင့် မြေကျန်းမာရေး၊ သီနှံအထွက်၊ သီးနှံအရည်အသွေးနှင့် ပြောင်းလဲနေသော ရာသီဒဏ်၊ ရောဂါဒဏ်များကို ခံနိုင်ရည်ရှိမှု တိုးစေသည်။

အကျိုးပြုသဟဇီဝနဖြစ်စဉ်ကို တိုးစေသော တပိုင်တနိုင် စိုက်ပျိုးရေးစနစ်အတွက်လိုအပ်ချက်များ

  • ၁။ တပိုင်တနိုင်စိုက်ပျိုးရေးစနစ်အတွက် မြေသားကိုကျန်းမာစေသည့် စိုက်ပျိုးစီးပွားရေး အလေ့အကျင့်ကောင်းများ အသုံးပြုခြင်း 
  • ၂။  မြေအာဟာရဓာတ် စီမံခန့်ခွဲရေးအတွက် ဇီဝမြေသြဇာကျွေးခြင်း၊ 
  • ၃။ မြေယာစီမံခြင်း ၊                   
  • ၄။ ထယ်ရေးစီမံခန့်ခွဲမှု 
  • ၅။ ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း ၊ 
  • ၆။ သီးနှံရွေးချယ်စိုက်ပျိုးခြင်းနှင့် 
  • ၇။ စိုက်နည်းစနစ်-သီးထပ်သီးညှပ်စိုက်ခြင်း

မြေသားကောင်းစေသော သီးနှံမျိုးကွဲများများစိုက်ရန် စနစ်တကျ မြေယာစီမံခြင်း

 

 

ကိုးကား

မြမြ ဒေါ် အိမ်နှင့်ကျောင်းဥယျာဉ်ခြံ တည်ထောင်ခြင်း နည်းပညာလက်စွဲ ၂၀၂၀

Oruru M B and Njeru E M Upscaling Arbuscular Mycorrhizal Symbiosis and Related Agroecosystems Services in Smallholder Farming Systems. BioMed Research International Volume 2016, Article . ID4376240,12pages doi.org/10.1155/2016/4376240

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်