မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေဩဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၂)

31/05/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား
အေအမ်အက်ဖ်မှို အမြစ်စွဲပုံ (Duhamel 2013)

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေး ကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် 

 

 ၂.၁ မှိုထိုးဖောက်ဝင်ရောက်စဉ်အဆင့်

 

ပုံ ၂.၁ (က) မြေကြီးထဲရှိ ပြင်ပနေ မှိုမျှင်သည် ပြောင်းမြစ်ကို ထိုးဖေါက်ဝင်ရောက်စွဲကပ်ပြီး အက်ပီဒါမယ်ဆဲလ် (epidermal cell) များကြားတွင် အပရီဇိုရီယမ် (appresorium) ဖြစ်ပေါ်သည်။ ( x ၄၀ဝ) 

 

ပုံ ၂.၁ (ခ) ပြောင်းမြစ်ကိုထိုးဖောက်ပြီး ၂-၅ ရက်အတွင်း အာဘာစကူးများသည် ကော့တက်ချ်ဆဲလ်များအတွင်း၌ စတင်ဖြစ်ပေါ်သည်။ မှိုသည်လက်ခံဆဲလ်နံရံကို ထိုးဖောက်ပြီးနောက် မှိုမျှင်တစ်မျှင်သည် ကိုင်းဖြာခြင်းဖြင့် အာဘာစကူးများ ဆဲလ်ထဲတွင် ဖြစ်ပေါ်လာသည်။ (x ၄၀ဝ)

 ၂.၂ အမြစ်ထဲသို့ထိုးဖောက်ဝင်ရောက်သောအဆင့်

 

ပုံ ၂.၂ ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၅-၁၀ ရက်တွင်အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲရှိ   ဆဲလ် တွင်း ၊ ဆဲလ်ကြားမှိုမျှင်နှင့် အစာစုပ်အင်္ဂါများ ထင်ရှားလာသည်။ ( x ၄၀ဝ)

 ၂.၃ အစာစုပ်အင်္ဂါ (arbuscule)နှင့် အစာစုအင်္ဂါ (vesicle ) များဖြစ်ပေါ်သောအဆင့် 

 

ပုံ ၂.၃ (က) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၁၅ ရက် တွင်အမြစ်၏ ကော်တီကယ် ဆဲလ်လွှာ ထဲတွင်  အစာစုပ် အင်္ဂါ နှင့် အစာစုအင်္ဂါ  ဖြစ်ပေါ်ပုံ ( x ၄၀ဝ)

 အစာစုပ်အင်္ဂါများ ပျက်စီးခြင်း

 

ပုံ၂.၃(ခ) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၂၀ ရက်တွင် အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲတွင် အစာစုပ်အင်္ဂါများ ပျက်စီးနေပုံ  (x ၄၀ဝ)

           အထက်ဖေါ်ပြပါ အဆင့်များမှတဆင့် အာဟာရဓာတ်များသည် အစာစုပ်အင်္ဂါ အာဘာစကူးအမျှင်များကို ဖြတ်သန်းပြီး လက်ခံပင်မှ မှိုထဲသို့လည်းကောင်း (ကာဖွန်)၊မြေကြီးထဲမှ အာဟာရဓာတ်များ (ဖေါ့စပရပ်စ်နှင့် နိုက်ထရိုဂျင်)သည် မှိုမှတဆင့် လက်ခံပင်သို့လည်းကောင်း  အပြန်အလှန်ရွှေ့ပြောင်းခြင်း သဟဇီဝနဖြစ်စဉ် ဖြစ်ပေါ်သည်။ 

          မှိုထိုးသွင်းပြီး ၂၀ ရက်နောက်ပိုင်း သဟဇီဝနဖြစ်စဉ်ကာလတွင် မှိုမျိုးစ (inoclum) အဖြစ်စသုံးနိုင်သည်။ သို့ဖြစ်သဖြင့် အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို စီမံခန့်ခွဲရန် မှို၏ဖွံ့ဖြိုးမှုအဆင့်ဆင့် နှင့် သဟဇီဝနဖြစ်စဉ်ကာလသည် အရေးကြီးသဖြင့် ဇီဝဗေဒကို အခြေခံကျကျ နားလည်ရန်လိုအပ်ပါသည်။

 ကိုးကား

1/  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

2/  Duhamel M. Evolution of the cooperation and consequences of a decrease in plant   diversity on the root symbiont diversity.Thesis, Research Gate 2013

3/  Sieverding, E. Vesicular-arbuscular mycorrhiza management in tropical agrosystems. Technical cooperation, Federal republic of germany, Eschborn, pp. 23-36 (1990):

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်