မျိုးပွားမှု ကောင်းစေရန်အတွက် အခြေခံအချက်များ

15/06/2018 10:10 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားငယ်များကို နွားမျိုးအလိုက်၊ အသက်ရွယ်အလိုက် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန် ရရှိအောင် မွေးမြူနိုင်ရမည်။ နွားမတမ်း (၁၅) လနှင့် နို့ညှစ်နွားမများကို မွေးပြီး (၄) လအတွင်း သားတင်/သားစပ် ဆောင်ရွက်နိုင်ရမည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အသက်အရွယ်၊ နို့ပေးကာလနှင့် နို့နားကာလတွင် အစာကို အာဟာရ မှန်ကန်အောင် ကျွေးမွေးနိုင်ရမည်။ သားတင်/သားစပ်ရာတွင် သားအောင်နူန်းကောင်းစေရန် အချိန်ကိုက် ဆောင်ရွက်နိုင်ရမည်။

နွားခြံတွင် မလိုအပ်သော (နွားထီး) ဆက်လက်မွေးမြူရန် မသင့်သော (ထွက်နူန်းနည်း၊ သားတင်ရခက်၊ မျိုးရိုးနိမ့်၊ ရိုင်း၊ ရောဂါထူ) နွားများကို မှတ်တမ်းများနှင့် ချိန်ထိုးပြီး အချိန်မီ ဖယ်ရှားနိုင်ရမည်။

နွားမတမ်း ပြုစုစောင့်ရှောက်ခြင်း

နွားမတမ်းများကို ပထမဦးဆုံးအချိန် သားစပ်ရာတွင် နွားသိုးကို စနစ်တကျ ရွေးချယ် သားစပ်နိုင်မှသာ သားမွေးခြင်းအခက်ခဲကို ကျော်လွှားနိုင်မည်။ (ဂျာစီ နွားမတမ်းများ သားစပ်ရာတွင် အကောင်သေးခြင်းကြောင့် အထူးလိုအပ်သည်။

နွားမတမ်းတွင် ပထမဆုံး သားစပ်ချိန် ခန္ဓာကိုယ် အလေးချိန် အနည်းဆုံး (၂၉၀) ရှိရမည်။  အသက်အားဖြင့် (၁၅-၁၇) လ ရှိရမည်။

နွားမတမ်း၏ အသက်နှင့် ကိုယ်အလေးချိန် သက်မှတ်စံနူန်းရောက်မှသာ သားအောင်/သားပေါက်ခြင်းကို အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်။ လိုက်သိုး အသုံးပြု သားတင်/သားစပ်ရာတွင် နွားသိုး (၁) နှင့် နွားမတမ်း (၂၅) အတွက် အသုံးပြုနိုင်သည်။

မြိုင်စစ်ဆေးခြင်း

မြိုင်စစ်ဆေးမှု ညံ့ဖျင်းလျှင် သားအောင်/သားပေါက်နူန်းကို ထိခိုက်စေပါတယ်။

သားအောင်/သားပေါက်နူန်း မကောင်းလျှင် တစ်သားနှင့် တစ်သားကွာချိန်ရှည်လျားပြီး အကျိုးအမြတ် နည်းစေပါသည်။

မြန်မာနိုင်ငံတွင် နွားများကို ကြိုးဖြင့်ချည်ကျွေးသော စနစ်သည် မြိုင်လက္ခဏာ စစ်ဆေးရာတွင် လွတ်ကျောင်းမွေးမြူသော စနစ်ထက် အားနည်းချက်ဖြစ်စေပါသည်။

ပထမဆုံးမြိုင်

မွေးဖွားပြီး ပထမဆုံး မြိုင်လာချိန်သည် ပုံမှန်အားဖြင့်  (၃၄-၄၅) ရက်ဖြစ်သည်။

မတမ်းသားမွေးပြီး ပထမဆုံးမြိုင်သည် ပုံမှန်ထက် (၁၀) ရက်ခန့် ပိုကြာနိုင်သည်။

ခြံရှိ (၅၀) ရာခိုင်နူန်းသော နွားမများ၏ မွေးပြီး ပထမဆုံးမြိုင်သည် တိတ်တခိုး မြိုင် ဖြစ်လေ့ရှိပါသည်။

ပထမဆုံးမြိုင်လာခြင်းသည် နောက်တစ်ကြိမ်မြိုင်အတွက် သားစပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မြိုင်လာရက်ကို ခန့်မှန်းနိုင်ရန် မှတ်တမ်းထားရပါမည်။

မွေးပြီး နွားမများကို ပုံမှန်အားဖြင့် (၄၅-၆၀) ရက်ပိုင်း မြိုင်ကို သားတင်/သားစပ် ဆောင်ရွက်လေ့ မရှိပါ။ သားမွေးပြီးသော သားအိမ်၏ လုပ်ဆောင်ချက်များကို ပိုမိုဆောင်ရွက်နိုင်အောင် စောင့်ဆိုင်းနေချိန်အဖြစ် သက်မှတ်ခြင်းကြောင့် ဖြစ်ပါသည်။

မြိုင်လက္ခဏာ

ပထမပိုင်း မြိုင်လက္ခဏာ

အခြားနွားများကို ကျော်ခွရန် အခြားနွားအနီးတွင် ရပ်ဆိုင်းနေခြင်း မြိုင်ကာလသည် ပျမ်းမျှ (၁၄) နာရီ ရှိပြီး သို့သော် (၂-၂၈) နာရီအထိ ဖြစ်ပေါ်နိုင်သည်။

မြိုင်လာမည့်နွားသည် မြိုင်ပေါ်ရာတွင်ပြသော လက္ခဏာများစတင်တွေ့ရှိရခြင်း။

မြိုင်လာမှု ပြင်းထန်လျှင် အမြီးဝန်းကျင်တွင် အချွဲများ ပေကျံနေခြင်း။

သားစပ်ရန် အကောင်းဆုံးအချိန်မှာ အခြားနွားများက ကျော်ခွလာခြင်းကို လက်ခံချိန် မြိုင်စပေါ်ပြီး (၆-၁၈) နာရီ (မျိုးဉကြွေချိန်) ဖြစ်သည်။

ဒုတိယပိုင်းမြိုင်လက္ခဏာ

- အခြားနွားများကို ကျော်ခွခြင်း

- ဂဏာမငြိမ်ဖြစ်ခြင်း/အော်ခြင်း

- နို့ထွက်နည်းခြင်း

- အကြည်ရောင် အချွဲကျခြင်း

- တန်ဆာနီခြင်း၊ ကြီးခြင်း၊

- အခြားနွားများ ကျော်ခွထားသည့် အမှတ်အသားများ ပေကျန်နေခြင်း

- အမြီးဝန်းကျင်တွင်အချွဲများ ခြောက်နေခြင်း

မြိုင်လက္ခဏာပြခြင်းကို အနှောက်အယှက်ပေး လွမ်းမိုးသော အချက်များ

- ခြေထောက်နာနေခြင်း

- ကြမ်ခင်းမျက်နှာပြင် ချော/ချော်နေခြင်း

- နေ့အပူချိန် (၃၀) ဒီဂရီ အထက် ပူနေခြင်း

- မြန်မာနိုင်ငံတွင် ဖော်ပြပါ အပူချိန်ရှိနေသဖြင့် အပူသက်သာအောင် ဆောင်ရွက်သင့်ပါသည်။

- မြိုင်လက္ခဏာ (၇၀%) ခန့် အများဆုံးဖြစ်ပေါ်ချိန်သည် နံနက် (၇) နာရီနှင့် ညနေ (၇) နာရီဖြစ်သည်။

- အာဟာရဆိုင်ရာများ

တိရစ္ဆာန်များကို ကြိုးမချည်ဘဲ ကြိုးလွှတ်မွေးမြူသင့်သည်။

ကြိုးချည်မွေးမြူသော နွားမများ၏ မြိုင်လက္ခဏာကို သိရှိရန်အတွက် အနီးကပ်စောင့်ကြည့်ရန် လိုအပ်ပါသည်။

ထို့ကြောင့် မြိုင်လာသော နွားမများ၏ မြိုင်လက္ခဏာကို သိသာထင်ရှားစေရန် ကြိုးလွှတ်မွေးမြူမှသာ ပိုမိုသိသာနိုင်မည် ဖြစ်ပါသည်။

ကြိုးချည်မွေးမြူသော မြန်မာနိုင်ငံမွေးမြူရေးစနစ်တွင် မြိုင်ပေါ်ချိန် မြိုင်လက္ခဏာဖော်ပြရန် ဆုံးရှုံးမှု အကြိမ်မည်မျှ ဆုံးရှုံးနိုင်မည်နည်း

မေထုံမဲ့ သားစပ်ခြင်း

သုတေသနတွေ့ရှိချက်များအရ (၁) ကြိမ် သားစပ်ခြင်းနှင့် နှစ်ကြိမ်သားစပ်ခြင်းမှာ သားအောင်မြင်မှု အနည်းငယ်သာ ကွာခြားပါသည်။

အကြမ်းဖျင်းအားဖြင့် နံနက်ပိုင်း မြိုင်လက္ခဏာပြလျှင် ညနေပိုင်းတွင် သားစပ်နိုင်ပါသည်။

သားစပ်ရန် အကောင်းဆုံး အချိန်ကို မိမိဒေသနှင့် ကိုက်ညီသော သားအောင်နူန်းကောင်းသော အချိန်များကို လေ့လာသတ်မှတ်ဆောင်ရွက်နိုင်လျှင် ပိုမိုကောင်းမွန်ပါလိမ့်မည်။

မြိုင်လက္ခဏာ မပြသော နွားမများကို ကုသခြင်း

မြိုင်ပေါ်ဆေးထိုးခြင်း၊ မြိုင်ညှိခြင်း၊ CIDR’s ပစ္စည်းထည့်အသုံးပြုခြင်း၊

မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝစွာ မကျွေးမွေးဘဲ (၁) နှစ်ပတ်လုံး နို့ထုတ်လုပ်နေခြင်းနှင့် အခြားသော နို့စားနွားခြံ စီမံအုပ်ချုပ်မှု ဆိုင်ရာများကို ဦးစွာဆောင်ရွက်သင့်ပါသည်။

မြိုင်ပေါ်နောက်ကျခြင်း၊ မြိုင်လက္ခဏာမပြခြင်းများကို ဟော်မုန်းဆေးထိုးခြင်း၊ CIDR’s အသုံးပြုခြင်းသည် အောင်မြင်မှုနည်းပြီး ကုန်ကျစာရိတ် များစေပါသည်။

အခြားဆောင်ရွက်ချက်များ

- ဟော်မုန်းဆေး အသုံးပြု မြိုင်ညှိသားစပ်ခြင်း ပြုလုပ်သောအခါ သားစပ်ရန် အချိန်သည် ဆေးအညွှန်းပေါ် မူတည်၍ သားတင်/သားစပ်ပြုလုပ်ရမည်။

- သန္ဓေသားလောင်းဖြင့် သားစပ်ခြင်းကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပေါင်းငူရှိ မေထုန်မဲ့သားစပ်ဌာနစိတ်တွင် စမ်းသပ်ဆောင်ရွက်လျက် ရှိသော်လည်း လက်တွေ့အသုံးပြုရာ၌ လုပ်ဆောင်မှုနည်းနေကြောင်း တွေ့ရှိရပါသည်။

သုံးသပ်ချက်

မြိုင်ပေါ်ခြင်း၊ သားအောင်ကောင်းခြင်း၊ တစ်နှစ်တစ်သားကြခြင်းတို့သည် အောက်ဖော်ပြပါအချက်များပေါ် မူတည်ပါသည်။ 

အသက်အရွယ်နှင့် ထုတ်လုပ်ချိန်အလိုက် အစာလိုအပ်ချက်ကို အစာစိမ်းအခြေပြု အာဟာရပြည့်ဝစွာ ကျွေးမွေးရန် အဓိကဖြစ်သည်။ 

အာဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်သော်လည်း မြိုင်ပေါ်ချိန်၊ သားစပ်ချိန်၊ မျိုးရည်ခဲချောင်း သိုလှောင်မှု၊ သားစပ်ကျွမ်းကျင်မှုတို့သည်လည်း နောက်ဆက်တွဲ အရေးကြီးသော အချက်များဖြစ်ပါသည်။ 

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်