ဝက် မေထုံမဲ့သားစပ်ခြင်း

22/07/2019 15:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မေထုံမဲ့သားစပ်ဌာနမှ ဝက်သိုးသုတ်ပိုးများကို စုဆောင်းပြီး သင့်တော်သောအရည်နှင့် ရောနှောပေးရပါသည်။ မွေးမြူသူများ၏ အမှာစာအတိုင်း ၎င်းမျိုးချောင်းများကို ပေးပို့ပြီး သားစပ်ပေးသူမှ ဆက်လက် လုပ်ဆောင်ပေးပါသည်။ ဝက်မွေးမြူသူများသည် သုတ်ပိုစုဆောင်းခြင်း၊ ရောနောခြင်းနှင့် သားစပ်ပေးခြင်းတို့ကို ကိုယ်တိုင်လုပ်ဆောင်ကြသည်။

သုတ်ပိုးစုဆောင်းခြင်း

မေထုံမဲ့သားစပ်ဌာနရှိ ဝက်သိုးများသည် အသက် (၆) လမှ (၇)လ အရွယ်မှစ၍ အရုပ်ဝက်မအား ကျော်တက်အောင် လေ့ကျင့်ပေးပြီး (၃) ရက်၊ (၄) ရက်ခြား၍ တစ်ပတ်လျှင် (၂) ကြိမ် သုတ်ပိုးစုဆောင်းပေးပါသည်။

ဝက်သိုး၏ သုတ်လွှတ်ပေးချိန်သည် (၆) မိနစ်ခန့်သာ ကြာသည်။ သုတ်ထဲတွင် သုတ်ပိုးနှင့်ကျောက်ကြောကဲ့သို့ အရည်ဟူ၍ (၂) ပိုင်း ပါဝင်သည်။

ထူးခြားသောလက္ခဏာများ

ရရှိလာသော သုတ်များကို ဝါဂွမ်းဖြင့် စစ်လိုက်ပါက (၂၃၀) မီလီမီတာခန့်သာ ရရှိပါသည်။ (၁) မီလီမီတာ ပမာဏထဲတွင် သုတ်ပိုး (၂၂) သန်း ပါဝင်ပါသည်။

အနုကြည့်မှန်ပြောင်းဖြင့် ရေတွက်၍ သုတ်ပိုးများလှုပ်ရှားမှု ၇၀ ရာခိုင်နှုန်းအောက် တွေ့ရှိပါက အသုံးမပြုသင့်ပါ။

သားစပ်ရန် ပုလင်းများစီစဉ်ပေးခြင်း

၁။ အသုံးပြုနေကျ နည်းလမ်း

ပုလင်းတစ်လုံးစီတွင် သုတ်ပိုး (၃၀၀) သန်း ပါဝင်အောင် (၁၀၀) မီလီမီတာစီ ဖြည့်ပေးရမည်။ ပိုး (၅၁၀၀) သန်း ပါဝင်ပါက ဝက်မ (၁၇)ကောင် အလွတ် သားစပ်ပေးနိုင်သည်။ "Guelph” ဖျော်ရည်သည် အပူချိန် (၁၇ ဒီဂရီ စင်တီဂရိတ်) ရှိပါက (၃) ရက်အထိ ထိန်းသိမ်းထားနိုင်သည်။

အေးခဲထားသော မျိုးရည်များကို ပြွန်ချောင်းတစ်ခုအတွင်းထည့်၍ နိုင်ထရိုဂျင်အရည်ထဲတွင် ထိန်းသိမ်းထားနိုင်သည်။ (၀.၁) မီလီမီတာ မျိုးချောင်း (၂၀၀) ခန့်အား (၅၀ ဒီဂရီစင်တီဂရိတ်)တွင် ဖျော်ရည် (၁၀၀) မီလီမီတာခန့်ဖြင့် ရောစပ်၍ သားစပ်ပေးနိုင်သည်။

အေးခဲမျိုးရည်သည် သိမ်းဆည်းထားရန် မသေချာပေ။ အဘယ်ကြောင့်ဆိုသော် ရောစပ်မည့်အဆ ပြင်ဆင်ရမည့်အချိန်၊ ပမာဏများသဖြင့် နိုက်ထရိုဂျင်အရည်ထဲတွင် နေရာပေးရခြင်း၊ ပိုးပမာဏများများ ထည့်ပေးရခြင်း သားပေါက်တန်းကျခြင်းတို့ကြောင့် လက်တွေ့အသုံးချမှုနည်းသည်။

သားစပ်ချိန်

မြိုင်ပေါ်နေသော ဝက်မများအား ဝက်သိုးမသုံးပဲ လက်ဖြင့် ကျော်ပေါ်ဖိ၍ တစ်နေ့ (၂) ကြိမ် စစ်ဆေးသင့်သည်။ ဝက်မတိုင်း (၂) သားစပ်သင့်သည်။ ပထမအကြိမ်သည် ဝက်မ၏ ကျောပေါ် လက်ဖြင့် အဖိခံသည့်အချိန်၊ ဝက်သိုးအကပ်ခံသည့်အချိန်မှ (၁၂) နာရီနှင့် ဝက်မကျောပေါ် လက်ဖြင့် အဖိခံသည့်အချိန် ဒုတိယအကြိမ်သည် နောက်ထပ် (၁၂) နာရီမှ (၂၄) နာရီ သားတင်ပေးရမည်။

သားစပ်ပေးခြင်း

(၄၀) စင်တီမီတာရှည်သော ပြွန်ချောင်းငယ်အား အသုံးပြု၍ သားစပ်ပေးနိုင်သည်။ ဝက်မ၏ သားအိမ်ထဲသို့ ပြွန်ချောင်းထည့်သွင်းပြီး အကောင်းဆုံး အနေအထားတွင် မျိုးရည်ကို ထိုးသွင်းပေးရသည်။

မေထုန်မဲ့သားစပ်ခြင်း၏ ကောင်းကျိုးဆိုးကျိုးများ

ဆိုးကျိုးများ

၁။ သုတ်ပိုး၏ အသက်ရှင်သန်နိုင်မှု ကန့်သတ်ချက်

၂။ မြိုင်ပေါ်သည့်မှတ်တမ်းများ လိုအပ်ခြင်း

၃။ သဘာဝသားစပ်ခြင်းထက် (၁၅ ရာခိုင်နှုန်း) မျိုးအောင်နှုန်း ပိုနည်းပါသည်။

ကောင်းကျိုးများ 

၁။ စီးပွားရေး၊ သားစပ်ဌာန သို့မဟုတ် လယ်သမားများမှ ထောက်ပံ့ပေးသည်ဖြစ်စေ ဝက်သိုးငှားရမ်းခထက် ကုန်ကျစရိတ်သက်သာသည်။

၂။ ကျန်းမာရေး၊ ဝက်သိုးအတွက် ရောဂါကာကွယ်၊ ကုသခြင်းစရိတ်များ သက်သာသည်။

၃။ မျိုးရိုး၊ မေထုံမဲ့သားစပ်ဌာနမှ ဝက်သိုးများဖြစ်သည့်အတွက် မျိုးရိုးဗီဇမြင့်မားနိုင်သည်။

ဝက်မေထုံမဲ့သားစပ်ခြင်းသည် နောက်ဆက်တွဲ နည်းလမ်းများသာဖြစ်သည်။ ဝက်မေထုံမဲ့သားစပ်ခြင်းသည် သမပိုင်းရာသီရှိ နွားများလောက် တွင်တွင်ကျယ်ကျယ် အသုံးမပြုပါ။ ဝက်မေထုံမဲ့ သားစပ်ခြင်းသည် နည်းပညာ၊ စီးပွားရေးနှင့် အခြားပြဿနာများကြောင့် နွားကဲ့သို့ အသုံးမပြုနိုင်ခြင်းဖြစ်ပါသည်။ အပူပိုင်းနိုင်ငံများတွင် ဝက်မေထုံမဲ့ သားစပ်ခြင်းကို လက်တွေ့ အသုံးမချသေးပါ။

၁။ တိရစ္ဆာန် သုတေသနဌာနများနှင့် မျိုးမြှင့်တင်ရေးဌာနများတွင် ကုန်ကျစရိတ်များ ကန့်သတ်ထားသော်လည်း မျိုးရိုးဗီဇမြှင့်တင်ရန် ကြိုးစားဆောင်ရွက်ကြပါသည်။

၂။ ဝက်ကိုအဓိကထား၍ ကောင်းကောင်းမွေးနေသော ခြံများတွင် ကျန်းမာရေးထိန်းသိမ်းရန်အတွက် မေထုံမဲ့သားစပ်ခြင်း လုပ်ဆောင်ကြသည်။

Source _ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC)

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်