အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (အပိုင်း-၄)

03/01/2022 19:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များကိုလေ့လာကြည့်ရာ -

အိန္ဒိယနိုင်ငံ ပန်ဂျပ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Punjab Agricultural University) တွင် အောက်ပါအတိုင်း ဘာသာရပ်ဆိုင်ရာကောလိပ် (၅) ခု ရှိပါသည်။

(၁) College of Agriculture (စိုက်ပျိုးရေးကောလိပ်)

(၂) College of Agricultural Engineering and Technology (စိုက်ပျိုးရေး အင်ဂျင်နီယာနှင့် နည်းပညာကောလိပ်

(၃) College of Basic Sciences and Humanities (အခြေခံသိပ္ပံနှင့် လူမှုရေးဆိုင်ရာ ကောလိပ်)

(၄) College of Communication Science (ဒေသအစုအဖွဲ့သိပ္ပံဆိုင်ရာကောလိပ်)

(၅) College of Horticulture and Forestry (ဥယျာဉ်ခြံသီးနှံနှင့် သစ်တောပညာ ကောလိပ်) တို့ဖြစ်ကြပါသည်။

(၁) စိုက်ပျိုးရေးကောလိပ် (College of Agriculture) တွင် ဌာနပေါင်း (၁၃) ဌာနရှိပါသည်။ ယင်းတို့မှာ -

     (က) လယ်ယာသီးနှံ Agronomy,

     (ခ) ကိမိလဗေဒ Entomology,

     (ဂ) တိုးချဲ့ပညာပေးရေး Extension Education,

     (ဃ) ပန်းမန်နှင့် ခြံမြေ ရှုခင်းစီမံမှု Floriculture and Landscaping, 

     (င) အစားအသောက်သိပ္ပံနှင့်နည်းပညာ Food Science and Technology,

     (စ) သစ်တောနှင့်သဘာဝသယံဇာတထိန်းသိမ်းရေး Forestry and Natural Resources,

     (ဆ) သစ်သီးဝလံသိပ္ပံ Fruit Science,

     (ဇ) အပင်ပျိုးမွေးမြူရေးနှင့်ဗီဇဗေဒ Plant Breeding and Genetics,

     (ဈ) အပင်ရောဂါဗေဒ Plant Pathology,

     (ဋ) မြေဆီလွှာသိပ္ပံ Soil Science,

     (ဌ) ဟင်းသီးဟင်းရွက်သိပ္ပံ Vegetable Science,

     (ဍ) စိုက်ပျိုးအပင်ဇီဝနည်းပညာ Agricultural Biotechnology,

     (ဎ) စိုက်ပျိုးရေး မိုးလေဝသပညာ Agricultural Meteorology တို့ဖြစ်ကြပါသည်။

ဤကောလိပ်အောက်တွင် ဆရာ၊ ဆရာမပေါင်း (၃၂၆) ဦးရှိပါသည်။ 

(၂) စိုက်ပျိုးရေးအင်ဂျင်နီယာ ကောလိပ် (College of Agricultural Engineering and Technology) ကို ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဤဘာသာရပ်အတွက် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများပါ ဖွင့်လှစ်နေပြီး ပြည်တွင်းပြည်ပကျောင်းသားများပါ တက်ရောက်နေသော တက္ကသိုလ်ဖြစ်ပါသည်။ ကောလိပ်လက်အောက်ရှိ ဌာနများမှာ -

     (က) မြို့ပြအင်ဂျင်နီယာ Civil Engineering,

     (ခ) လျှပ်စစ်နှင့် ဆက်သွယ်ရေးနည်းပညာအင်ဂျင်နီယာ Electrical Engineering and Information Technology,

     (ဂ) စက်မှုလယ်ယာနှင့် အင်ဂျင်ပါဝါစွမ်းအားအင်ဂျင်နီယာ Farm Machinery and Power Engineering,

     (ဃ) စက်မှုအင်ဂျင်နီယာ Mechanical Engineering,

     (င) အစားအသောက်ထုတ်လုပ်မှုနှင့် ပြုပြင်မွမ်းမံမှု အင်ဂျင်နီယာ Processing and Food Engineering,

     (စ) ပြန်လည်ဖြည့်သွင်းစွမ်းအင် အင်ဂျင်နီယာ Renewable Energy Engineering,

     (ဆ) မြေဆီလွှာနှင့်ရေ အင်ဂျင်နီယာ Soil and Water Engineering;

ကျွန်တော်တို့နိုင်ငံတွင် ထိုဌာနများ အသစ်ဖွင့်လှစ်ပြီး၊ ဘာသာရပ်အသစ်များ ဖွင့်လှစ်သင်ကြားပေးရန် လိုပါဦးမည်။ စိုက်ပျိုးရေးအင်ဂျင်နီယာဆိုသည်မှာ ထယ်ထိုးထွန်မွှေလုပ်ငန်းများကို ထွန်စက် (Tractor) များဖြင့် လုပ်ပေးရုံမျှသာမက ရေသွင်းရေထုတ်နည်းပညာအသစ်များ ဥပမာ - ရေဖျန်းရေပေးစနစ် (Sprinkler Irrigation)၊ အစက်ချရေပေးစနစ် (Drip Irrigation)၊ မြေဩဇာနှင့် ရေသွင်းစနစ်တွဲဖက်အသုံးပြနည်း (Fertigation) စသည်များ၊ ကျေးလက်ဒေသ လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ရန် နေရောင်ခြည်စွမ်းအင် (Solar Energy)၊ လက်ကိုင်ဖုန်းများ (Mobile Phone) မှ တစ်ဆင့် အချက်အလက်နည်းပညာရရှိအသုံးပြုနိုင်မှု (Mobile Phone Information and Communication Technology)၊ ဆန်စက်၊ ကြိတ်ခွဲစက်၊ ဖျော်ရည်စက်များ၊ သီးနှံများရိတ်သိမ်းပြီး လုပ်ငန်းများ လေ့လာသောနည်းပညာ (Post-harvest Technology/ Milling Technology)၊ အသား၊ ငါး၊ နွားနို့၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ထုတ်ပိုးပြင်ဆင်ခြင်းနည်းပညာ (Packaging Technology) တို့ များစွာ ပါဝင်ပါသည်။

(၃) ပန်ဂျပ်စိုက်ပျိုးရေးတက္ကသိုလ်၏ အောက်တွင်ရှိသော လူမှုရေးနှင့်အခြေခံသိပ္ပံကောလိပ် (College of Basic Sciences and Humanities) အောက်၌ ဌာန (၉) ခု ရှိပါသည်။

     (က) စိုက်ပျိုးရေးဆိုင်ရာ ဂျာနယ်၊ သတင်းစာ ထုတ်ဝေရေးသားနည်း (Agricultural Journalism, Languages and Culture),

     (ခ) ဇီဝဓါတုဗေဒ (Biochemistry),

     (ဂ) ရုက္ခဗေဒ (Botany),

     (ဃ) ဓါတုဗေဒ (Chemistry),

     (င) စီးပွားရေးနှင့် လူမှုရေးပညာ (Economics and Sociology),

     (စ) သင်္ချာ၊ စာရင်းအင်းပညာနှင့် ရူပဗေဒ (Mathematics, Statistics and Physics),

     (ဆ) အဏုဇီဝဗေဒ (Microbiology),

     (ဇ) စီးပွားစီမံသင်တန်းကျောင်း (School of Business Studies),

     (ဈ) သတ္တဗေဒ (Zoology) တို့ ဖြစ်ပါသည်။

(၄) ဥယျာဉ်ခြံသီးနှံနှင့် သစ်တောပညာကောလိပ် (College of Horticulture and Forestry) အောက်တွင် ဌာန(၄)ခုရှိပါသည်။

     (က) ပန်းမန်စိုက်ပျိုးရေးပညာနှင့် မြေယာဒီဇိုင်း (Floriculture and Landscaping),

     (ခ) သစ်တောပညာနှင့် သဘာဝအရင်းအမြစ်များ (Forestry and Natural Resources),

     (ဂ) သစ်သီးဝလံသိပ္ပံ (Fruit Science),

     (ဃ) ဟင်းသီးဟင်းရွက်သိပ္ပံ (Vegetable Science) တို့ကို သင်ကြား၊ သုတေသနပြုနေပါသည်။

(၅) ဒေသအစုအဖွဲ့ သိပ္ပံဆိုင်ရာကောလိပ် (College of Community Science) အောက်တွင် ဌာန(၅)ခုရှိပါသည်။

     (က) အထည်အလိပ်လုပ်ငန်းဆိုင်ရာသိပ္ပံ (Textile Science),

     (ခ) တောင်ယာတိုးချဲ့ပညာပေးရေးနှင့် ဆက်သွယ်ရေးစီမံခန့်ခွဲ့မှု (Extension Education and Communication),

     (ဂ) မိသားစုဆိုင်ရာစီမံခန့်ခွဲ့မှု (Family Resource Management),

     (ဃ) အစားအစာနှင့် အာဟာရဓါတ် (Food and Nutrition),

     (င) လူ့စွမ်းအားအရင်းအမြစ်နှင့် မိသားစုဆိုင်ရာလေ့လာရေး (Human Development and Family Studies) တို့ ဖြစ်ပါသည်။

စိုက်ပျိုးရေးဟုဆိုသော်လည်း ဘာသာရပ်တစ်ခုထဲအဖြစ် ဘောင်ကျဉ်းမဖြစ်ဘဲ ဘာသာရပ်ပေါင်းစုံ၊ နည်းပေါင်းစုံမှ ချဉ်းကပ်လေ့လာခြင်း (Multidisciplinary Approach) ဖြင့် နည်းပညာများ အသုံးပြုနေသည်ကို သတိပြုနိုင်ကြစေလိုပါသည်။

ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (University of Queensland, UQ) တွင် မဟာဌာန (Faculty) ၅-ခု နှင့် အင်စတီကျု (Institute) ၈ ခုမှာ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားပေါင်း (၅၀,၀၀၀) ကျော် သင်ကြားသင်ယူလျက် ရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးဘာသာရပ်ကို သိပ္ပံမဟာဌာန (Faculty of Science) အောက်တွင်ရှိသော ဌာနများမှ ပို့ချပါသည်။ အထူးပြုဘာသာများမှာ-

(၁) Agribusiness (စိုက်ပျိုးရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး)

(၂) Agricultural Science (စိုက်ပျိုးမွေးမြူရေးသိပ္ပံ)

(၃) Biomedical Science (ဇီဝဆေးပညာသိပ္ပံ)

(၄) Equine Science (မြင်းမွေးမြူရေးပြိုင်ပွဲနှင့်ပတ်သက်သောသိပ္ပံ)

(၅) Regional and Town Planning (ဒေသနှင့်မြို့ရွာစီမံခန့်ခွဲရေး)

(၆) Veterinary Technology (တိရိစ္ဆာန်ကုသရေးနည်းပညာ)

(၇) Wildlife Science (တောရိုင်းတိရိစ္ဆာန်များဆိုင်ရာသိပ္ပံ) တို့ကို ပို့ချပါသည်။

ပုံမှန်ဘွဲ့ကြို၊ ဂုဏ်ထူးတန်းများအပြင် တစ်နှစ်ဒီပလိုမာလက်မှတ်ပေး သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ကွင်းစလန်းတက္ကသိုလ်နှင့် ယင်းပြင်နယ်သည် မြန်မာနိုင်ငံနှင့် တူညီသောရာသီဥတုရှိသဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသော သီးနှံများစွာ စိုက်ပျိုးသုတေသနပြုနိုင်ပါသည်။ (ဥပမာ- ကြံ၊ ဝါ၊ နေကြာ၊ မြေပဲ၊ ပဲစဉ်းငုံ၊ သရက်၊ နာနတ်သီး စသည့်သီးနှံများ) ၁၉၈၇-ခုနှစ် ကျွန်တော်၏ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ယူ ကျမ်းပြုသုတေသနကို ကွင်းစလန်းတက္ကသိုလ်နှင့် ၄၅-ကီလိုမီတာဝေးသော ရက်လန်းဘေး (Redland Bay Research Station) သုတေသနခြံတွင် သွားရောက် သုတေသနပြု စိုက်ပျိုးခဲ့ရပါသည်။ မြေပဲပင်ကြီးထွားမှုနှင့် အထွက်နှုန်း အပင်ဇီဝကမ္မကို လွှမ်းမိုးနိုင်သော နေရောင်ခြည်စွမ်းအင်မှ မြေပဲမျိုးအလိုက်ကွာခြားမှု၊ ထိရောက်နိုင်မှုစွမ်းရည် (Solar Energy Conversion Efficiency on Growth and Development of Different Peanut Cultivars) ကို သုတေသနပြုကျမ်း တင်သွင်းခဲ့ရပါသည်။

(ဆက်ပါဦးမည်)

ဒေါက်တာမျိုးကြွယ် (ဆင်​ပေါင်ဝဲ)

ယခင်တစ်ပတ်က "အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၃)" ကို အောက်ပါလင့်တွင်လေ့လာနိုင်ပါသည်..

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၃)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်