ငါးမွေးမြူရေး (Aquaculture) သည် ကမ္ဘာတစ်ဝှမ်းတွင် အလျင်မြန်ဆုံး ကြီးထွားလာသော အစားအစာ ထုတ်လုပ်ရေးကဏ္ဍများအနက် တစ်ခုဖြစ်ပြီး လူသားများစားသုံးရန် အရေးကြီးသော ပရိုတင်းအရင်း အမြစ်တစ်ခုကို ပံ့ပိုးပေးလျက်ရှိသည်။ သို့သော် အစားအစာဘေးကင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တိရစ္ဆာန် ကျန်းမာရေးကောင်းမွန်မှုနှင့် လူမှုရေးတာဝန်ယူမှုဆိုင်ရာ စိုးရိမ်ချက်များ တိုးလာခဲ့သည်။ Best Aquaculture Practices (BAPs) သည် ငါးမွေးမြူရေးထုတ်ကုန်များကို တာဝန်ယူမှုရှိပြီး စားသုံးသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရသောနည်းလမ်းဖြင့် ထုတ်လုပ်ရန်ရည်ရွယ်ထားသော အတည်ပြုလက်မှတ် စနစ်တစ်ခု ဖြစ်သည်။
BAP အစီအစဉ်ကို Global Aquaculture Alliance (GAA) မှ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွင် စတင် တည်ထောင်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အစားအစာဘေးကင်းလုံခြုံရေးနှင့် တာရှည်တည်တံ့သော ပင်လယ်စာများအပေါ် လိုအပ်ချက်များတိုးလာခြင်းနှင့် နိုင်ငံတကာဈေးကွက်များမှ စိစစ်မှုများမြင့်တက် လာခြင်းတို့ကြောင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင်ပုစွန်မွေးမြူရေးနှင့် ပြုပြင်ထုတ်လုပ် မှုကိုအဓိကထားခဲ့ပြီး နောက်ပိုင်းတွင် ငါးမွေးမြူရေးကန်များ၊ ငါးသားပေါက်ထုတ်လုပ်ရေး (hatchery) နှင့် အစာ (Feed) ထုတ်လုပ်ရေးစက်ရုံများအထိ ချဲ့ထွင်ကာ စနစ်တကျ ကွင်းဆက်တစ်လျှောက်လုံးကို လွှမ်းခြုံသောစနစ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။
BAPs System ဆိုတာဘာလဲ ?
Best Aquaculture Practices – BAPs (အကောင်းဆုံးငါးမွေးမြူရေးအလေ့အကျင့်များ) ဆိုတာဟာငါးမွေးမြူရေးနှင့် ပင်လယ်စာထုတ်လုပ်မှုလုပ်ငန်းတွေကို စံချိန်စံညွှန်းများအတိုင်း ဘေးကင်း လုံခြုံစိတ်ချသန့်ရှင်းပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်ထားကြောင်း အတည်ပြုတဲ့ Certification System (လက်မှတ် စနစ်) တစ်ခုဖြစ်ပါသည်။
အဓိကအဓိပ္ပါယ် : BAPs System က —
- လူတွေစားသုံးမယ့် ပင်လယ်စာ/ငါးထုတ်ကုန်တွေကို ဘေးအန္တရာယ်ကင်းစေဖို့
- ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့
- တိရစ္ဆာန်ကျန်းမာရေးကို ကာကွယ်ဖို့
- အလုပ်သမားအခွင့်အရေးကို ကာကွယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စံချိန်စံညွှန်းများ လိုက်နာထားမှုကို စစ်ဆေးပြီး လက်မှတ်ပေးတဲ့ စနစ် ဖြစ်ပါသည်။
BAPs System ပါဝင်တဲ့ အပိုင်းများ
- BAPs System က Supply Chain တစ်လျှောက်လုံးကို စောင့်ကြည့်စစ်ဆေးသည်။
- Feed Mill – အစာထုတ်လုပ်မှု
- Hatchery – ငါး/ပုစွန် သားပေါက်ထုတ်လုပ်မှု
- Farm – မွေးမြူရေးကန်
- Processing Plant – ပြုပြင်ထုတ်လုပ်ရေးစက်ရုံ
ဒီအပိုင်းတွေထဲက ဘယ်နှစ်ခု လက်မှတ်ရထားသလဲဆိုတာအပေါ်မူတည်ပြီး 1-star မှ 4-star အထိ သတ်မှတ်ခြင်းဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။