အမြစ်ဖုနီမတုတ်နှင့် အပင်ညှိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးမည့် ဇီဝမှိုင်းတိုက်နည်း

16/02/2026 16:59 PM တွင် သော်ဇင် သော်ဇင် မှ ရေးသား

ဇီဝဓာတ်ငွေ့မှိုင်းတိုက်ခြင်းဆိုသည်မှာ မြေဆီလွှာအတွင်းသို့ အပင်အစိတ်အပိုင်းအစိုများ သို့မဟုတ် တိရစ္ဆာန်အညစ်အကြေး (မြေဩဇာ) များ ထည့်သွင်းပေးခြင်းဖြစ်သည်။ ၎င်းတို့မှ Isothiocyanates (ITC's) ဟုခေါ်သော ဓာတုဒြပ်ပေါင်းများကို ထုတ်လွှတ်ပေးပြီး မြေတွင်းရှိ ပိုးမွှားနှင့် ရောဂါများကို နှိမ်နင်းပေးပါသည်။ ထို့အပြင် မြေဆီလွှာအပူချိန်ကို မြင့်တက်စေခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်များကို ပိုမိုကောင်းမွန်စေသည်။ ဤနည်းလမ်းကို အမြစ်ဖုနီမတုတ် (Root-knot nematodes) နှင့် ဘက်တီးရီးယားကြောင့်ဖြစ်သော အပင်ညှိုးရောဂါ (Bacterial wilt) တို့ကို နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။ မုန်လာထုပ်၊ မုန်လာဥဖြူ၊ ပန်းဂေါ်ဖီစသည့် Cruciferae (မုန်လာမျိုးရင်း) ဝင်အပင်များသည် မြေတွင်းပိုးမွှားများကို သေစေနိုင်သည့် အဆိပ်အတောက်ဓာတ်ငွေ့များကို အများဆုံးထုတ်လွှတ်ပေးနိုင်သဖြင့် ဤနည်းလမ်းအတွက် အကောင်းဆုံးအပင်များ ဖြစ်ကြသည်။ 

ဇီဝဓာတ်ငွေ့မှိုင်းတိုက်နည်း အဆင့်ဆင့် လုပ်ဆောင်နည်းလမ်းများ

အပင်အစိုများ သို့မဟုတ် တိရစ္ဆာန်အညစ်အကြေး (မြေဩဇာ)ကို မြေထဲသို့ ထည့်သွင်းပါ။ စိုက်ပျိုးထားသော အပင်များကို တိုက်ရိုက်ထည့်ခြင်း သို့မဟုတ် အခြားနေရာမှ သယ်ဆောင်လာသော အပင်များကို ထည့်ခြင်းမျိုး ပြုလုပ်နိုင်ပါသည်။ သယ်ယူစဉ်နှင့် စုပုံထားစဉ်အတွင်း အပင်ဆွေးမြည့်မှုကြောင့် ထွက်လာသည့် ဓာတ်ငွေ့များ မဆုံးရှုံးစေရန် ပလတ်စတစ်ဖြင့် အုပ်ထားရပါမည်။ ပုံမှန်အားဖြင့် တစ်ဟက်တာလျှင် ၅၀ တန် ခန့် ထည့်သွင်းရန် အကြံပြုထားသော်လည်း နီမတုတ် သို့မဟုတ် မှိုရောဂါ ဆိုးရွားပါက ၁၀၀ တန် အထိ သုံးနိုင်ပါသည်။ (စိုက်ကြောင်းထဲသို့သာ ထည့်သွင်းခြင်းဖြင့် အသုံးပြုသည့် ပမာဏကို လျှော့ချနိုင်သည်)။ ပိုးမွှားများ ကွက်ကျန်မနေစေရန် ဇီဝပစ္စည်းများကို မြေထဲတွင် ညီညာစွာ ဖြန့်ခင်းရပါမည်။ ဖြန့်ပြီးသည်နှင့် မြေထဲသို့ ချက်ချင်း ရောနှောစဥ်းပြီးထည့်သွင်းရပါမည်။ မြေဆီလွှာ စိုရွှဲသွားသည်အထိ ရေဖျန်းခြင်း၊ ရေသွင်းခြင်း သို့မဟုတ် တူမြောင်းမှရေပေးစနစ်ဖြင့် ရေပေးရပါမည်။ ထွက်လာသော ဓာတ်ငွေ့များ မြေထဲတွင် ကိန်းအောင်းနေစေရန် မြေမျက်နှာပြင်ကို ပလတ်စတစ်အကြည်ဖြင့် အနည်းဆုံး ၂ ပတ်ခန့် လုံအောင် အုပ်ထားရပါမည်။ ၃ ပတ် သို့မဟုတ် ၄ ပတ် ကြာသောအခါ ပလတ်စတစ်ကို ပြန်ခွာပြီး ဓာတ်ငွေ့များ ထွက်သွားစေရန် မြေကို အနည်းငယ် ပြန်ဆွပေးပါ။ မြေဆွပြီး ၂၄ နာရီ အကြာတွင် မိမိစိုက်ပျိုးလိုသော သီးနှံကို စတင်စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်