| စဉ် | ဖျက်ပိုးကျရောက်မှုလက္ခဏာ | ရောဂါကျရောက်မှုလက္ခဏာ | 
| ၁။ | သီးနှံပင်များကို ဖျက်ဆီးသောပိုးမွှားများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ | သီးနှံပင်များတွင် ပိုးမွှားများ မမြင်ရပါ။ | 
| ၂။ | အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများကို ကိုက်ဖြတ်၊ခြစ်စား၊ စုပ်စားသည့် ဒဏ်ရာများကိုတွေ့ရမည်။ | အပင်၏ အမြစ်၊ ပင်စည်၊အရွက်၊ အပွင့်၊ အသီးများပေါ်တွင် နက်ညို၊ မီးခိုးရောင်အကွက်အပြောက်များ တွေ့ရမည်။ | 
| ၃။ | သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ တွေ့ရမည်။ | သီးနှံပင်များပေါ်တွင် ကိုက်ဖြတ်ဝင်ထွက်သည့် အပေါက်များ၊ ကျစ်စာများ၊ မစင်လုံးများ မတွေ့ရပါ။ | 
| ၄။ | သီးနှံပင်၏ ပင်စည်ထဲဝင်ရောက်ကာ တစ်ပင်လုံးညှိုးခြောက်၊ အရွက်အခက် ပဲ့ကြေခြင်းကို တွေ့ရမည်။ | ရောဂါရ အကွက်များဆက်စပ်သွားပါက အရွက်ဝါ၊မဲ၍ကြွေခြင်း၊ တစ်ပင်လုံးညှိုးခြင်း၊ အရည်ထွက်ခြင်း တွေ့ရမည်။ | 
| ၅။ | ပိုးဖျက်ဆီးမှုခံရသော စိုက်ခင်းအား ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များပြန်လည်ကြီးထွားရှင်သန်လာသည်။ | ယူရီးယားဓါတ်မြေသြဇာထည့်ပါက အပင်များရောဂါပိုမိုဆိုးဝါးပြီး အပင်များသေဆုံးနိုင်သည်။ | 
| ၆။ | ပိုးမွှားမြင်တွေ့ပါက ပင်တွင်းစိမ့်ပြန့်အာနိသင်၊ထိသေ၊ စားသေအာနိသင်ရှိသောဆေးများဖြင့် ကာကွယ်နှိမ်နင်းရသည်။ *သတိပြုရန်မှာ ဓါတုဆေးဖြန်းပါက တောင်သူ့အကျိုးပြု မိတ်ဆွေပိုးများသေဆုံးနိုင်ပါသည်။ | ရောဂါကာကွယ်ကုသဆေးများဖြင့် ပက်ဖြန်းရသည်။ | 
တောင်သူအကျိုးပြုမိတ်ဆွေပိုးနှင့် ဖျက်ပိုးများအကြောင်း ကို သီးသန့်ဆွေးနွေးပေးပါမည်။
ဗွေဆော်ဦး ကြော်ငြာ
 
                Aqua ဘူစတာ
 
                Aqua ကယ်လဆီယမ်
 
                
             
     အစိမ်းရောင်လမ်း
 အစိမ်းရောင်လမ်း 
                     
                     
         
         {{ question.title }}
 {{ question.title }}