ကြက်ဟင်းခါးသီး အရမ်းမခါးအောင်ကြော်နည်း

19/02/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကြက်ဟင်းခါးသီးကြော်ဆိုရင် အများအားဖြင့် ခါးတဲ့ အရသာ ရှိတာတော့ လူတိုင်းသိမှာပါ..။ အခါးကြိုက်တဲ့ သူတွေအတွက်တော့ ပြဿနာမရှိပေမယ့် ကြက်ဟင်းခါးသီးလည်းစားချင်၊ ခါးလည်းသိပ်မခါးချင်ဘူးဆိုတဲ့သူတွေ အတွက်တော့ အခက်အခဲတစ်ခုရှိနိုင်ပါတယ်..။

အဲ့ဒီလို ခါးသက်သက်အရသာမကြိုက်သူတွေအတွက် ကြက်ဟင်းခါးသီး အရမ်းမခါးရအောင် ကြော်လို့ရတဲ့ နည်း လေးကို ပြောပြပေးပါမယ်။

ကြက်ဟင်းခါးသီး အရမ်းမခါးအောင် ကြော်မယ်ဆိုရင်..

 ၁။ ကြက်ဟင်းခါးသီးကို အထူကြီး မလှီးပါနဲ့။ ခပ်ပါးပါးလေးတွေပဲ လှီးပါ။

 ၂။ လှီးထားတဲ့ ကြက်ဟင်းခါးသီးတွေကို ဆားနဲ့ နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားပါ။

၃။ ပြီးရင် ရေနဲ့ ၅ ကြိမ်လောက် ဆေးကြောပါ။

၄။ ပြီးရင်  ရေကို သေချာညှစ်ချပြီး ရေစစ်ထားပါ။

၅။ အဆာပလာအဖြစ် ပုစွန်ခြောက်အကောင်လေးတွေကို ရေစိမ်ပြီး မညက်တညက် ထောင်းထားပါ။

၆။ ငရုတ်သီးအစိမ်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို တစ်ဆုံ ထောင်းထားပါ။

၇။ ကြော်မယ်ဆိုရင် ဆီနိုင်နိုင်သတ်ပါ။ ကြက်ဟင်းခါးသီးကို ဆီနဲ့ပဲ အိသွားအောင် ကြော်ရပါမယ်။ မနူးလို့ဆိုပြီး ရေထည့်ရင် အခါးတွေ ပိုထွက်လာပါလိမ့်မယ်။

၈။ မတူးအောင် မွှေပြီး ကြက်ဟင်းခါးသီး နူးအိလာခါနီးလေ မွှေလေ လုပ်ပေးပါ။

၉။ ကြက်ဟင်းခါးသီးလေးတွေ အစိမ်းရောင်ပျောက်ပြီး အိလာပြီဆိုရင်တော့ အိုးချလို့ရပါပြီ။

ဆီများများနဲ့ ကြော်တာဆိုတော့ စားခါနီးရင် ဆီတွေ ခပ်ထုတ်ထားဖို့ မမေ့ပါနဲ့နော်။

ကဲ..ဒီလိုဆိုရင်တော့ အရသာရှိပြီး အိအိလေးနဲ့ မခါးတဲ့ကြက်ဟင်းခါးသီးလေးတစ်ခွက် ရပါပြီနော်..။

ရေးသားသူ- နှင်းဖြူဖြူ

မှီငြမ်း- ချက်နည်းပြုတ်နည်းမှတ်စု။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Natural Cure Co.,Ltd ကြော်ငြာ

ရာသီဥတုဒဏ်၊ ပိုးမွှားက ဖျက်တဲ့ဒဏ်ကိုခံနေရတဲ့ စိုက်ခင်းထဲကသီးနှံများ” တောင်သူဦးကြီးများရဲ့ စိုက်ခင်းထဲက ရတနာလေးလိုတန်ဖိုးထားအဖိုးတန်သော သီးနှံတွေဟာ ရာသီဥတုဒဏ်၊ ပိုးမွှားများဒဏ်ခံနေရပြီဆိုပါက NPK ကိုအချိုးကျကျပေါင်းစပ်ထားသော NC ကွန်ပေါင်းဓာတ်မြေသြဇာ 15:15:15 က တောင်သူကြီးတို့ရဲ့ သီးနှံများကိုရောဂါကင်းပြီး ရွှေလိုဝင်းစေမှာပါ အပင်တွေကြီးထွားဖို့အတွက် လိုအပ်တဲ့ ပရိုတင်း နှင့် အင်(မ်)ဇိုင်းဓာတ်တွေကို အပြည့်အဝ အထောက်အကူပြုပေးတဲ့ နိုက်ထရိုဂျင် ( N ) အသီးအပင်တွေကို အာဟာရကြွယ်ဝစေပြီး၊ မြေဆီလွှာဆဲလ်တွေ ပျက်စီး မှုကို ထိန်းသိမ်းပေးတဲ့ ဖော့စ်ဖရပ် (P2 O5) အရည်ဓာတ်ကို ပြည့်ဝစေပြီး အသီးအပင်တွေကို သန်မာလာစေတဲ့ ပိုတက်ဆီယမ် ( K2 O ) အပင်တွေကို ကြီးထွားဖို့ရန်အတွက် လိုအပ်တဲ့ ပရိုတင်း ၊ အင်(မ်)ဇိုင်း ၊ ဗီတာမင် နဲ့ အစိမ်းရောင် အပင်တွေအတွက် များစွာအကျိုးပြုတဲ့ ဓာတ်တွေများစွာပါဝင်သော ဆာလဖာ ( S ) တို့ကို အချိုးကျကျပေါင်းစပ်ထားလို့ တောင်သူဦးကြီးတို့ရဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ NC(အန်စီ) ကွန်ပေါင်း ဓာတ်မြေသြဇာ 15:15:15 ‌ရောက်ရှိလို့ လာပါပြီ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းများကို အမြို့မြို့အနယ်နယ်ရှိ သက်ဆိုင်ရာ ကိုယ်စားလှယ်ကြီးများထံတွင်လည်း ဝယ်ယူရရှိနိုင်ပါသည်။ ထုတ်ကုန်များအကြောင်းအသေးစိတ်သိရှိလိုပါက 09 255 361 088 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်