- စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ခင်မှာ ကုန်ကျစရိတ် ဘယ်လိုရေးဆွဲမလဲကစလို့
- စိုက်ချိန်တစ်လျှောက်လုံးအတွက်လည်း မျိုးရွေးတာကနေစပြီး ပျိုးထောင်တာ၊ ရေပေးတာ၊ မြေသြဇာကျွေးတာနဲ့ ရိတ်သိမ်းချိန်အထိကို သိမှတ်လေ့လာစရာတွေအပြင်
- အထွက်နှုန်းကို ဘယ်လိုအကြောင်းအချက်တွေကသက်ရောက်နေသလဲဆိုတာတွေပါ ပြန်ပြီး ချုံငုံသုံးသပ်နိုင်တဲ့နည်းပညာနဲ့
- လယ်ယာလုပ်ငန်းကနေ ထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကို မထိခိုက်အောင် စီမံခွန့်ခွဲတဲ့ အကြောင်းအရာတွေပါဝင်တဲ့ သင်ခန်းစာများကို သင်ကြားရင်း
ဒေသခံ နည်းပညာပေးသူတစ်ယောက်ဖြစ်နိုင်မယ့် အခွင့်အရေးရရှိသူ စာရင်းများပဲ ဖြစ်ပါတယ်။


သင်တန်းတက်ရောက်ခွင့်ရရှိသူများဟာ တက်ရောက်ရန်အတွက် လိုအပ်တဲ့
Gmail account များဖွင့်ထားခြင်းနဲ့ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်ထားခြင်းကို လုပ်ဆောင်ထားခဲ့ကြသူများပဲ ဖြစ်ပါတယ်။
ထို့ကြောင့် ယခုတက်ရောက်ခွင့်ရရှိသူ မိတ်ဆွေတောင်သူများအနေဖြင့်လည်း သင်တန်းအတွက်လိုအပ်သည့် လမ်းညွှန်ချက်များကိုလုပ်ဆောင်နိုင်ရန် ဇူလိုင်လ (၇) လပိုင်းအတွင်း Gmail များစစ်ဆေးကြရန် လိုအပ်ပါကြောင်းနဲ့
အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့၏ သင်တန်းအသေးစိတ်အချက်အလက် Update များကို အစိမ်းရောင်လမ်းဆော့ဝဲရှိ မြားနီနည်းပညာပေးရေးအဖွဲ့အတွင်းမှာသာ ဆက်လက်၍ ပို့စ်တင်သွားမည်ကြောင်းလည်း ထပ်လောင်းအသိပေးပါရစေဗျ..။
မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသူမိတ်ဆွေတောင်သူများအား အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့မှ ဖုန်းဖြင့်စာတိုများပေးပို့ခြင်း၊ Viber နှင့် Gmail မှ စာများပေးပို့၍ ဆက်သွယ်ခြင်းများပြုလုပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။
မြားနီနည်းပညာပေးရေးအဖွဲ့