“ မြက်စားငါးကြင်း ဆေးထိုးသားဖောက်နည်း အပိုင်း-၂”

02/06/2022 16:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ဒုတိယအကြိမ် ဆေးထိုးသားဖောက်ပုံအဆင့်ဆင့်

မြက်စားငါးကြင်းငါးအမများကို ဒုတိယအကြိမ်ဆေးထိုးခြင်းကို ပထမအကြိမ်ဆေးထိုးပြီးနောက် ၆ နာရီခြား၍ ပြုလုပ်ရပါမည်။

 ဂလင်းဖျော်စပ်ပုံ

ဥပမာ- မျိုးငါးအမ အလေးချိန် တစ်ကီလို (1Kg) အတွက် အသုံးပြုရမည့် ဂလင်း = 3.5 mg (၃.၅ မီလီဂရမ်) ဖြစ်သည်။

မျိုးငါးအမ အလေးချိန် 3.1 kg အတွက်ဆိုပါက အသုံးပြုရမည့် ဂလင်း = 3.1x3.5=10.85 mg

ဂလင်းအလေးချိန် 1mg ရရန် ခေါင်းခွဲငါး(ခေါင်းခွဲပြီးဂလင်းထုတ်ယူမည့် ငါးအထီး) အလေးချိန် = ၃၀ ကျပ်သားလိုပါမယ်။

ထို့ကြောင့် ဂလင်းအလေးချိန် 10.85 mg အတွက် လိုအပ်သော ခေါင်းခွဲငါးအလေးချိန်မှာ -  30 x 10.85 ကျပ်သား = 325.5 ကျပ်သား (၃.၃၂ ပိဿာ) ဖြစ်ပါတယ်။

ခေါင်းခွဲငါးအလေးချိန် 0.625 ပိဿာလျှင် 1kg နှင့် ညီပါသည်။ 

ဆိုတော့ ခေါင်းခွဲငါးအလေးချိန် 3.25 ပိဿာဆိုပါက = 3.25/0.625 = 5.2 kg ဖြစ်သည်။

ထို့ကြောင့် ဒုတိယအကြိမ် မျိုးငါးအမ 3.1kg အတွက် ဂလင်းထုတ်ယူရမည့် ခေါင်းခွဲငါး အလေးချိန်မှာ = 5.2 kg ဖြစ်ပါသည်။

ဂလင်းထုတ်မည့် ခေါင်းခွဲငါးအား 5.2kg(သို့) 3.25 ပိဿာ ကိုချိန်တွယ်၍ ခေါင်းခွဲပြီး ဂလင်းထုတ်ယူပါ။ 

ရရှိသောဂလင်းအား ချေဆုံတွင် ကြိတ်ချေပြီး မိုးရေ(သို့) နော်မယ်ဆလိုင်း(Normal Saline)ကို ငါးအမ ၁ ကောင်လျှင် 1cc နှင့်ရော၍ ရင်ရေယက်၏ အတွင်းဖက်အခြေရှိ အဆီဖုကို ထိုးသွင်းရပါမည်။ပထမအကြိမ်ကို ဘယ်ဖက်ထိုးပြီးပြီမို့ ဒုတိယအကြိမ်ကို ညာဖက်ထိုးရပါမည်။

ငါးအမများကို ဒုတိယအကြိမ်ဆေးထိုးပြီးချိန်တွင် အထီးအား ၁ ကောင်လျှင် ဂလင်း ၃ လုံး၊ အလေးချိန်အားဖြင့် ခေါင်းခွဲငါး ၂၀ ကျပ်သားခန့်ကို ၃ ကောင်အသုံးပြုပြီး 1cc နှုန်းဖြင့် ၁ကြိမ်သာ ထိုးရပါမည်။

ဒုတိယအကြိမ်ဆေးထိုးပြီးနောက် အထီးအမများကို ရောနှောပြီး ရေရှင်ဖန်တီးထားသော မျိုးဖောက်ကန်ထဲသို့ ပြောင်းရွှေ့လွှတ်ပေးရပါမည်။         

ဆေးဖြင့် ဖျော်စပ်ပုံ

            L.H.R.H ဟော်မုန်းဆေးဖြင့် ထိုးလျှင် ပါဝင်သော ဆေးပြင်းအားပေါ်မူတည်၍ ဆေးထိုးသားဖောက် ပြုလုပ်ရသည်။   

ဥပမာ။       ။ L.H.R.H ဟော်မုန်းဆေးပြင်းအား 100u ရှိ ဆေး ၁ ပုလင်းအား ဒုတိယအကြိမ် ငါးအမအလေးချိန် 1kg အတွက် 20u(သို့)25u နှုန်းဖြင့် ငါးအမ၏ အခြေ အနေပေါ်မူတည်၍ အသုံးပြုရပါမည်။                

ပုံစံအားဖြင့် ငါးအမ(၁)နှင့်(၂)တို့၏ စုစုပေါင်းအလေးချိန် = 3.1 kg အတွက် အသုံးပြုရမည့် ဆေးပမာဏမှာ = 3.1x25 = 79.5u(သို့)80 u သုံးရပါမည်။ 

သုံးစွဲရမည့် ဆေးပမာဏ 80u ကို ပထမအကြိမ် ဆေးထိုးရာတွင်ဖျော်စပ်သည့်နည်းအတိုင်း ပြုလုပ်၍ ထိုးရပါမည်။ 

ငါးအမများကို ဒုတိယအကြိမ် ဆေးထိုးပြီးနောက် အထီးများကို ၁ကောင်လျှင် 5u နှုန်းဖြင့် ၁ကြိမ်သာလျှင် ထိုးပေးရပါမည်။

ငါးအထီး၊ အမများကို ဒုတိယအကြိမ် ဆေးထိုးပြီးနောက် ၅ နာရီ(သို့)၆နာရီ အကြာတွင် မိတ်လိုက်ဥချသည်ကို တွေ့ရပါမည်။မိတ်လိုက်ဥချချိန်မှ ၃ နာရီအကြာတွင် သန္ဓေအောင်ဥများကို ပိတ်စဖြင့်စစ်ယူရန် ငါးအထီး၊ အမများကို ပထမဦးစွာ ဖမ်းဆီးရပါမည်။သို့မှသာ သန္ဓေအောင်ဥများ စစ်ယူရာတွင် ဥကွဲခြင်းမှ ကာကွယ်နိုင်ပါမည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း-ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်