ရေစစ်အိုးကို စနစ်တကျ သေချာဆေးပြီး ထိန်းသိမ်းအသုံးပြုပါ

21/12/2022 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ကမ္ဘာပေါ်မှာရှိတဲ့လူတွေထဲက ၃ ယောက်မှာ ၁ ယောက်က ပိုးမွှားရောဂါသန့်စင်ခြင်းမရှိတဲ့ ရေတွေကို သောက်သုံးနေရတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး မသန့်ရှင်း စိတ်မချရတဲ့ ရေတွေကို သောက်သုံးရလို့ ဒါနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ရောဂါတွေကြောင့် နှစ်စဉ်သေဆုံးရတဲ့လူဦးရေဟာ တစ်နှစ်ကို ၃ သန်းခွဲလောက်ထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ ပိုလီယိုရောဂါတွေဖြစ်ပွားနိုင်တာပါ။ 

ဒါကြောင့် ရေကို စနစ်တကျသန့်စင်ပြီး သောက်သုံးအသုံးပြုကြဖို့ တကယ်ကို အရေးကြီးပါကြောင်း အောက်မှာဖော်ပြထားတဲ့ ‘ ရေစစ်အိုးကို စနစ်တကျ သေချာဆေးပြီး ထိန်းသိမ်းအသုံးပြုပါ’ ဆိုတဲ့ ပိုစတာလေးနဲ့အတူ လှုံ့ဆော်တိုက်တွန်းလိုက်ပါရစေ။

အားလုံး သန့်ရှင်းသောရေတွေနဲ့အတူ ကျန်းမာရွှင်လန်းသောဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

(World Fish မှ ထုတ်ဝေထားသည့် ‘ ရေစစ်အိုးကို စနစ်တကျ သေချာဆေးပြီး ထိန်းသိမ်းအသုံးပြုပါ’ ပိုစတာကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်