ဆောင်းအာလူးမှာ ဆိုးရွားစွာကျရောက်တတ်တဲ့ အာလူးကျိုင်း( Colorado potato beetle)  

22/12/2020 17:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

      အာလူးကျိုင်းကောင်တွေက မိတ်ဆွေပိုးဖြစ်တဲ့လိပ်ခုံးကျိုင်းကောင်တွေနဲ့ မျိုးစိပ်တူပါသည်။ ဒါပေမယ့် ဒီကျိုင်းကောင်တွေကတော့ ဖျက်ပိုးတွေကို စားသောက်တာမျိုးမဟုတ်ပဲ အပင်တွေရဲ့ အရွက်တွေ၊အသီးတွေကို စားသောက်ကြလို့ ဆိုးရွားတဲ့ဖျက်ပိုးစာရင်းထဲမှာ ရှိနေတာလဲဖြစ်ပါတယ်။ 

      အကောင်ကြီးပုံစံကတော့ လုံးဝိုင်းတဲ့အဝါရောင်(သို့) လိမ္မော်ရောင် ကိုယ်ထည်ပေါ်မှာ ထင်ရှားတဲ့ အနက်ရောင်အဆင်းကြောင်း (၁၀)ခုပါရှိပါတယ်။ အမတစ်ကောင်က ဥဥတဲ့ကာလ (၄-၅)ပတ်အတွင်းမှာ ဥပေါင်း (၅၀၀)လောက်ထိဉကြပါတယ်။ သူတို့ရဲ့ လိမ္မော်ရောင် ဥတွေကိုတော့ အရွက်တွေအောက်မျက်နှာပြင်မှာ တွေ့နိုင်ပါတယ်။

       သားလောင်းကောင်အဆင့်ကတော့ ဖျက်ဆီးမှု အများဆုံးဖြစ်ပြီး ဒီကောင်တွေကြောင့် အာလူးခင်းရဲ့ (၇၅%) ကို ပျက်ဆီးစေနိုင်ပါတယ်။ ဒီကောင်တွေရဲ့ပုံစံကတော့ လိမ္မော်ရောင်ကိုယ်ထည်၊ အမည်းရောင်ခေါင်းနဲ့ ဘေးတစ်ဘက်စီမှာ အမည်းရောင်အစက်ပျောက်တစ်တန်းစီပါရှိပါတယ်။ 

       အာလူးကျိုင်းကောင်တွေက ခရမ်း၊ငရုတ်တွေမှာလည်းကျရောက်တတ်ပေမယ့် အာလူးမှာ အဆိုးရွားဆုံးကျရောက်တာကို တွေ့ရပါတယ်။

ဒီကောင်တွေကျရောက်ရင် ဘယ်လိုလက္ခဏာတွေပြသလဲ?

      -အကောင်ကြီးနဲ့ သားလောင်းကောင်အဆင့်တွေက ဖျက်ဆီးကြပြီး သားလောင်းကောင်တွေက ပို၍စားသောက်ဖျက်ဆီးကြပါတယ်။

      -ဒီကောင်တွေကျရောက်ပြီဆိုရင်တော့ အရွက်ရဲ့အစိတ်ပိုင်းအားလုံးကို စားသောက်ဖျက်ဆီးကြပြီး ရိုးတံတွေနဲ့ ရွက်ကြောတွေသာ ကျန်တာကို တွေ့ရတတ်ပါတယ်။

      -အရွက်တွေပျက်ဆီးသွားတာကြောင့် အာလူးဥကြီးထွားမှုနဲ့အရိပ်ရမှုကို လျော့ကျသွားပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ?

      -အာလူးကျိုင်းကိုခံနိုင်ရည်ရှိတဲ့ မျိုးတွေရွေးချယ်စိုက်ပျိုးပါ။

      -အာလူးချည်းနှစ်စဉ်စိုက်တာမျိုးမဟုတ်ပဲ သီးလှည့်စိုက်ပေးပါ။

      -မြေဖုံးခြင်း(mulching) လုပ်ပေးခြင်းက အာလူးနေလှောင်ခြင်းကို ကာကွယ်ပေးသလို အာလူးကျိုင်းတွေကို စားသောက်တဲ့ မိတ်ဆွေပိုးတွေရဲ့ နေစရာလည်းဖြစ်စေပါတယ်။

      -အကောင်ကြီး၊သားလောင်း၊ဥ တွေကို တွေ့တာနဲ့ လက်နဲ့ကောက်ပြီး ဖျက်ဆီးပစ်ပါ။

      - အာလူးစိုက်ခင်းရဲ့အပေါ်မှာ ပြောင်လက်လက်ကြိုးတန်းများ၊ အပိုင်းအစများထားရှိခြင်းက အလင်းပြန်၍ ပိုးခြောက်လန့်ရာမှာ ကူညီပေးပါတယ်။

      -ဇီဝပိုးသတ်ဆေး၊တမာပိုးသတ်ဆေးနဲ့ ဆပ်ပြာရည် ဖျန်းပေးနိုင်ပါတယ်။

      -ပင်လုံးပြန့်ပိုးသတ်ဆေးတွေ သုံးနိုင်ပေမယ့် အာလူးကျိုင်းရဲ့ ခံနိုင်ရည်ရှိမှုမြန်တာကြောင့် ဓာတုဆေးတွေသုံးတာကိုတော့ အားမပေးပါဘူးဗျ။

Ref: https://www.thespruce.com/controlling-colorado-potato-beetle-organic-methods-2539840

      https://gardenerspath.com/how-to/disease-and-pests/colorado-potato-beetle

      https://cropwatch.unl.edu/potato/colo_potato_beetle?fbclid=IwAR1Z6PHB-      OA3a6mqKx9skckW2lWB5H5p6wAFkBkchc2PraJ4RxjbGYQ5jfc

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်