အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း (၃)

23/01/2018 15:28 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၈။ Smuts - ကြပ်ခိုးမှိုရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်ပြီး များသောအားဖြင့် မြက်ပင်၊ နှံစားသီးနှံများ၊ ပြောင်းပင် ( grasses, grains, corn) တို့တွင် ကျရောက်သည်။

ကာကွယ်နှိမ်နင်းနည်း
- ရောဂါဒဏ်ခံနိုင်ရည်ရှိသောအပင်များကို စိုက်ပျိုးပါ။
- သီးလှည့်စိုက်ပျိုးပါ။

၉။ Leaf spots : အရွက်အစက်ပြောက်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။

ရောဂါလက္ခဏာ - အပင်၏အရွက်များတွင် သာတွေ့ရသည်။ အရွက်အစက်အပြောက်ရောဂါသည် ရွက်ခြောက် (သို့) blotch ရောဂါ ကဲ့သို့ဖြစ်သည်။ အရွက်အစက်အပြောက်များ၏အရောင်သည် မှိုအမျိုးအစားပေါ် မူတည်၍ အညိုရောင် (သို့) အမဲရောင်ရှိသည်။ အစက်အပြောက်နားတွင် တိကျသောစက်ကွင်း (သို့) အမဲရောင်အနား ရှိသည်။ အရွက်နုများ ဝါ၍ကြွေကျသည်။

ကာကွယ်နှိမ်နင်းနည်း
- အပင်၏ pH ကိုပြောင်းလဲစေနိုင်သောမှိုသတ်ဆေးကို ဖြန်းပါ။
- ရေစီးဆင်းမှု ကောင်းမွန်အောင်ပြုလုပ်ပါ။
- ကောင်းစွာဆွေးမြေ့သော မြေဆွေးများထည့်ပါ။
- ရောဂါကျ အရွက်များရှိသောကိုင်းများကို ဖယ်ရှားပါ။
- အရွက်များ အမြဲစိုမနေအောင် ပြုလုပ်ပါ။

၁၀။ Nematodes : နီမတုတ်
ရောဂါဖြစ်စေသည့်အကြောင်းအရာ - နီမတုတ်ကြောင့် ဖြစ်သည်။

ရောဂါလက္ခဏာ - အပင်များကြီးထွားမှုကို လျော့စေသည်။ အပင်ကိုညှိုးစေသည်။ အမြစ်များကို ပုပ်စေပြီး အမြစ်များ ကြီး၍ဖောင်းနေသည်။ 

ရောဂါကျရောက်အပင်များ - ဟင်းသီးဟင်းရွက်နှင့် အလှစိုက်အပင်များတွင် ပိုမိုကျရောက် တတ်သည်။

ကာကွယ်နှိမ်နင်းနည်း 
- မြေကြီးထဲတွင် အဟာရမျှတစွာ ရှိရမည်။
- ရောဂါဒဏ်ခံနိုင်သော မျိုးစေ့နှင့် ပျိုးပင်များ စိုက်ပျိုးပါ။
- ရောဂါရှိမြေကြီးတွင် အခြားအပင်များ စိုက်ခြင်းမလုပ်ရ။
- မြေဆီလွှာထိန်းအပင်အဖြစ် ဥပမာ - ချစ်တီးပန်းအပင်ကို စိုက်ပျိုးနိုင်သည်။
- မြေကြီးအား နေရောင်ဖြင့်ပိုးသန့်ခြင်း ပြုလုပ်၍ နီမတုတ်ကိုလျော့ချနိုင်မည်။
- သီးလှည့်စိုက်ပျိုးပါ။

၁၁။ Powdery Mildew : ဖားဥမှို
ရောဂါဖြစ်စေသည့်အကြောင်းအရာ - မှိုကြောင့်ရောဂါဖြစ်စေသည်။ အရွက်များ ခြောက်သွေ့ /ဝါစေပြီး အပင်၏ အဟာရကို လျော့နည်းစေသည်။ 

ရောဂါကျအပင်များ - များသောအားဖြင့် ဥယျာဉ်ခြံအပင်များတွင် အလွန်ပျံနှံကျရောက်တတ်သည်။

ရောဂါကျရောက်ပုံ - အဖြူရောင်အမှုန့်များကို အရွက်၏အပေါ်မျက်နှာပေါ်တွင်တွေ့ရသည်။ တစ်ခါတစ်ရံ မီးခိုး ရောင်အမှုန့်များ ရှိတတ်သည်။ ရောဂါကျရောက်သော အသီးများသည် နုမှည့်များဖြစ်ကာ အသီး၏ အသား ညံ့ဖျင်းသည်။

ကာကွယ်နှိမ်နင်းနည်း
- ပင်ကြားတန်းကြား မှန်အောင်စိုက်ပျိုးပါ။
- အလင်းလုံလုံလောက်လောက်ရရှိအောင် ပြုလုပ်ပါ။
- ဆာလ်ဖာပါသော မှိုသတ်ဆေးကို ရောဂါမကျရောက်မှီ ကြိုတင်ဖြန်းပါ။
- အပင်ခြေတွင်ရောဂါကျအစိတ်အပိုင်းများ မရှိအောင်ဖယ်ရှားပါ။
- မိမိစိုက်ခင်း ၊ ဥယျာဉ်ခြံ၊ သစ်သီခြံများတွင် မြေသြဇာကို အလွန်အကျွံမကျွေးပါနှင့် ။
- ပုံမှန်ကိုင်းဖြတ်ခြင်း လုပ်ငန်းနှင့် ရောဂါကျအပင်များ ရှင်းလင်းခြင်းလုပ်ငန်းကို ပြုလုပ်ပါ။
- “ ဘိုင်ကာဗွန်နိတ်” ကို ဖြန်းခြင်းဖြင့် ရောဂါကျရောက်မှုကို ကာကွယ်နိုင်ပါသည်။

၁၂။ Club Root : တင်းပုတ်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - အဓိက မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။

ရောဂါလက္ခဏာ - ရောဂါကျအပင်များ နေ့အခါတွင် ညှိုး၍ အရွက်များ ဝါပြီးကြွေသည်။ 

ရောဂါကျရောက်အပင်များ - အဓိကအားဖြင့် ဟင်းသီးဟင်းရွက်နှင့် ပန်းများ၊ ဂေါ်ဖီထုပ် မျိုးနွယ်ဝင်အပင်များ တွင် ကျရောက်သည်။

ကာကွယ်နှိမ်နင်းနည်း 
- ရောဂါဒဏ်ခံနိုင်သော အပင်များကိုစိုက်ပါ။
- ရောဂါကျရောက်သည့် စိုက်ခင်းများတွင် ထပ်မံစိုက်ပျိုးခြင်း မပြုပါနှင့်။
- မြေကြီး၏ pH ကို ပြုပြင်ပါ။

၁၃။ Black spot : အနက်စက်ပြောက်ရောဂါ
ရောဂါဖြစ်စေသောအကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။

ရောဂါကျရောက်အပင်များ - နှင်းဆီပင်တွင် အဓိကကျရောက်သော ရောဂါဖြစ်သည်။ 

ရောဂါလက္ခဏာ - အစက်လေးများသည် အရွက်များပေါ်တွင်ဖြစ်ပြီး ၁ -၁.၂၅ စင်တီမီတာ အရှည်ရှိကာ အဝါ ရောင်ရောသော အနားသတ်ရှိသည်။ ရောဂါကျရောက်မှုပြင်းထန်သော အပင်များတွင် အရွက်များ ကြွေသွား သည်။ 

ကာကွယ်နှိမ်နင်းနည်း

- ရောဂါဒဏ်ခံနိုင်မျိုးများကိုစိုက်ပါ။

- ရောဂါကျအရွက်များကို ဖယ်ရှားပါ။

- ရောဂါကျရောက်မှုကို ကာကွယ်ရန်“ Bicarbonate ” ကို ဖြန်းခြင်းပါ။

- စိုစွတ်သောရာသီတွင် အရွက်များအမြဲရေမစိုစေရန် နှင့် အပင်ခြေရေမဝပ်ရန် ပြုလုပ်ပေးပါ။

- ဆာလဖာ (သို့) ကော့ပါးပါသော မှိုသတ်ဆေးကို ဖြန်းခြင်းဖြင့် အပင်၏pHကို ထိန်းညှိပေးပြီး ကျန်းမာ သောပတ်ဝန်းကျင်ကို ဖန်တီးပါ။

- ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာကို ထည့်ပါ။

Aye Thanda Soe


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်