ဒေသခံ နည်းပညာပေးသူတစ်ယောက်ဖြစ်ချင်တာလား?
မိမိနားက တောင်သူဆွေမျိုးတွေအတွက် ကမ်းလင့်တဲ့ လက်တစ်စုံဖြစ်ချင်တာလား?
ဒါဆိုရင်တော့ မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ဟင်းသီးဟင်းရွက်စိုက်တောင်သူနများကို နည်းပညာပေးသူများအတွက် ဖွင့်လှစ်ထားတဲ့ အခမဲ့သင်တန်းကို အခုပဲ တက်လိုက်ပါ။
ဘာတွေလိုအပ်လဲ
- အစိမ်းရောင်လမ်း ကို အသုံးပြုသူဖြစ်ရပါမယ်။
- အစိမ်းရောင်လမ်းမှာ ရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ အစည်းမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားရပါမယ်။
- ကိုယ်ပိုင် gmail အကောင့်ရှိဖို့ လိုပါမယ်။
- ၆ လပိုင်းမကုန်ခင်လေး https://forms.gle/Jvaa88zBo2F8CgzL8 မှာ နာမည် စာရင်းသွင်းဖို့လိုပါမယ်။
- သင်တန်းပြီးသွားရင်တောင် အစိမ်းရောင်လမ်းထဲမှာရှိတဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ထဲမှာ သတိရတိုင်း ဆွေးနွေးလို့ရနေပါဦးမယ်။
ဘာသင်ရိုးတွေ ပါပါသလဲ
အများကြီးပဲဗျာ ဘာတွေလဲဆိုတော့
တကယ့် စိုက်ပျိုးရေး တွေ မလုပ်ခင်မှာ ကုန်ကျစရိတ်အစီအစဉ် ဘယ်လိုရေးဆွဲမလဲ
စိုက်ချိန်တစ်လျှောက်လုံးအတွက်လည်း မျိုးရွေးတာကနေစပြီးတော့ ပျိုးထောင်တာ၊ ရေပေးတာ၊ မြေသြဇာကျွေးတာကနေပြီးတော့ ရိတ်သိမ်းချိန်အထိကို သိမှတ်လေ့လာစရာတွေအပြင်
အပင်အတွက် အာဟာရဓာတ်တွေ မြေကြီးအတွက် မြေဆီလွှာကောင်းမွန်စေရေး အချက်တွေ
ဖျက်ပိုးတွေနဲ့ရောဂါတွေအကြောင်း၊ ပေါင်းပင်တွေကို စီမံဖို့ လိုအပ်တဲ့အချက်တွေ
ပိုးသတ်ဆေးတွေကို အန္တရာယ်ကင်းအောင် အသုံးပြုခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်တဲ့ စနစ်တွေနဲ့
အထွက်နှုန်းကို ဘယ်လိုအကြောင်းအချက်တွေကသက်ရောက်နေသလဲဆိုတာတွေပါ ပြန်ပြီး ချုံငုံသုံးသပ်နိုင်တဲ့ အပြင်ကို လယ်ယာလုပ်ငန်းကနေ ထွက်လာတဲ့စွန့်ပစ်ပစ္စည်းတွေကိုပါ ပတ်ဝန်းကျင်ကို မထိခိုက်အောင် စီမံခွန့်ခွဲတဲ့ အကြောင်းအရာတွေပါဝင်ပါဦးမယ်။
သင်တန်းကြေးကလည်း အခမဲ့ဖြစ်ပြီးတော့ သင်တန်းချိန်အနေနဲ့က မိမိအားလပ်ချိန်မှာ ဖုန်းလေးတစ်လုံးနဲ့ အင်တာနက်ဖွင့်ပြီး လေ့လာရုံပဲဖြစ်ပါတယ်။

မြားနီနည်းပညာပေးရေးအဖွဲ့