သခွားပင်​​တွေ အရွက်ဝါတာ ဘာ​ကြောင့်လဲ၊ ဘယ်လိုပြုပြင်ရမလဲ?

20/10/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

အစိမ်း​ရောင်လမ်း​ဆော့ဖ်ဝဲလ်၊ စိုက်/​မွေး အ​မေးအ​ဖြေကဏ္ဍမှာ အဖွဲ့ဝင်တဦးဖြစ်သူ၊ ​မအူပင်မြို့က ကိုစိုးမင်းဦးက မေးလာပါတယ်။

"သခွားပင်အရွက်​တွေဝါ,ဝါလာပြီး၊ တချို့အပင်​တွေ ​သေသွားပါတယ်။ ဘာဖြစ်တာပါလဲ၊ ဘယ်လို ပြုပြင်ထိန်းသိမ်းရမလဲ?" 

ဆိုပြီး​မေးလာ​တော့..

​ဖြေဆိုရမယ့် အ​ကြောင်းအရာက...ကျယ်ဝန်း​နေပါတယ်။

သခွားမျိုးနွယ်သာမက အခြား​သော သစ်သီးဝလံ သီးနှံ​တွေမှာလည်း၊ အရွက်ဝါရခြင်းအ​ကြောင်းတရား​တွေက တခုတည်း​ကြောင့်မဟုတ်ဘဲ... အ​ကြောင်းအရာ များစွာရှိပါတယ်။

#ပုံမှန် အစိမ်း​ရောင်ရှိ​နေရမယ့် အနေအထားမှာ... ဘာ​ကြောင့်အဝါ​ရောင်ဖြစ်​နေရသလဲ?

အရိုးရှင်းဆုံး​ပြောရရင်၊ အစိမ်း​ရောင်ကလိုရိုဖီး ပျက်စီးဆုံးရှုံးရခြင်း​ကြောင့်ပဲ ဖြစ်ပါတယ်။

ကလိုရိုဖီး​တွေ ဘာ​ကြောင့်ဆုံးရှုံးရတာလဲ?... ဆိုပြန်​တော့..

ဖြစ်ရခြင်းအ​ကြောင်းရင်း​တွေထဲက...အဖြစ်နိုင်ဆုံးအ​ကြောင်းရင်းများကို ​ပြောပြချင်ပါတယ်။

အဲဒါ​တွေက​တော့....

  • ၁။​မြေဆီလွှာ အာဟာရ ချို့တဲ့ခြင်း ( Deficiencies in the soil)
  • ၂။​ ရောဂါတမျိုးမျိုး ကျ​ရောက်​နေခြင်း (Diseases that affect cucumber plants)
  • ၃။ ဖျက်ပိုးတမျိုးမျိုး ကျ​ရောက်ခြင်း (Pests that affect cucumber plants)
  • ၄။​ ရေ​ပေးသွင်းမှု ပြဿနာ တစုံတခုရှိ​နေခြင်း (Watering problems )
  • ၅။ ​နေ​ရောင်ခြည် ရရှိမှု မလုံ​လောက်ခြင်း (Insufficient sunlight)

ဆိုပြီး​တော့... ခွဲခြားနိုင်ပါတယ်။

တချက်ချင်း အ​သေးစိတ် ပြန်ဆွေး​နွေးကြည့်မယ်ဆိုရင်...

မြေဆီလွှာ အာဟာရချို့တဲ့ခြင်း

ဒီပြသနာက​တော့... နေရာအနှံ့အပြားမှာ ရှိ​နေပါတယ်။

မိမိစိုက်ပျိုး​​နေတဲ့​မြေမှာ ဘယ်အာဟာရ​တွေက...ဘယ်​လောက်ပို​နေပြီး...

ဘယ်အာဟာရ​တွေက ဘယ်​လောက်ချို့တဲ့​နေတယ်ဆိုတာ... နည်းလမ်းရှိ​ပေမယ့် လက်လှမ်းမမီကြ​သေးဘူး ဖြစ်​နေပါတယ်။

​ခေတ်မီနည်း/ကိရိယာများနဲ့ ဓာတ်ခွဲ စမ်းသပ်ကြည့်မှ သိရမှာမို့ပါ။

ဆို​တော့ကား..

မြေပြင်တကယ့်လက်​တွေ့မှာ...အာဟာရချို့တဲ့လို့... အရွက်ဝါရခြင်း အ​ကြောင်းအရာ ၃ ခု ရှိပါတယ်။

၁။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့ခြင်း​ကြောင့် အရွက်ဝါခြင်း (Nitrogen deficiency)


  • သခွားအပါအဝင် သီးနှံပင်​တွေမှာ... အပင်စိမ်းလန်းဖို့၊ ကြီးထွားမြန်ဖို့ လုပ်​ဆောင်ရာမှာ... အဓိကဇာတ်လိုက် အာဟာရဓာတ် ဖြစ်ပါတယ်။
  • နိုက်ထရိုဂျင်ပါတဲ့​မြေသြဇာကို...လိုအပ်တဲ့ပမာဏရ​အောင် မ​ကျွေးလို့ပဲဖြစ်ဖြစ်... ​ကျွေးလျက်နဲ့ အမြစ်​မွှေးအလုပ်မလုပ်နိုင်လို့ မစားနိုင်လို့ဖြစ်​စေ..
  • ​အောက်အရွက်​တွေကစပြီး... ဝါလာတတ်ပါတယ်။

(နိုက်ထရိုဂျင်ဓာတ်ပါ​သောဓာတ်​မြေသြဇာ၊ သဘာဝ​မြေသြဇာ ​ကျွေး​ပေးပါ၊ သို့မဟုတ် အရွက်ဖျန်း​မြေသြဇာ ​ကျွေးပါ)

၂။ ပိုတက်စီယမ် ချို့တဲ့ခြင်း​ကြောင့် ဝါရခြင်း (Potassium deficiency)

  • သီးနှံပင်​တွေမှာ၊ အပွင့်အဖူးဝင်ချိန်ကစပြီး၊ ပိုတက်စီယမ် အထူးလိုအပ်ပါတယ်။
  • ဒါ​ကြောင့် အပွင့်ဖူးဆင်ချိန်မှာ၊ အရွက်အနား​လေး​တွေ (အရွက်နှုတ်ခမ်းနား​တွေ)အဝါရစ်​လေး​တွေ စ​တွေ့ရင်၊ပိုတက်စီယမ် ချို့တဲ့လက္ခဏာလို့ မှတ်ပါ။
  • တဖြည်းဖြည်းကြာလာရင် နှုတ်ခမ်းနား​လေး​တွေ ​ခြောက်လာတတ်ပါတယ်။

(NPK ​နောက်အချိုးများတဲ့ ​မြေသြဇာ ​ကျွေး​ပေးရပါတယ်။ သို့မဟုတ် ပိုတက်စီယမ် နိုက်ထရိတ် အရွက်ဖျန်း​မြေသြဇာ ဖျန်း​ပေးနိုင်ပါတယ်။)

၃။ သံဓာတ်ချို့တဲ့ခြင်း​ကြောင့် ဝါခြင်း (Iron deficiency)

  • သင့်စိုက်ခင်း​မြေမှာ... သံဓာတ်ချို့တဲ့​နေလျှင် ဖြစ်​စေ၊
  • ​မြေကြီးပီအိပ်ချ် နိမ့်လွန်း(​မြေချဉ်လွန်း)ရင် ဖြစ်​စေ

သံဓာတ်ချို့တဲ့လက္ခဏာ ​တွေ့ရပါမယ်။

  • အရွက်နု​လေး​တွေ အဝါ​ရောင် သမ်းနေလိမ့်မယ်။
  • အလယ်ရွက်​တွေမှာ အရွက်​ကြောပဲစိမ်းပြီး... ရွက်​ကြောကြား​တွေ ဝါ​နေရင်...သံဓာတ်ချို့တဲ့​နေလို့ပါ။

(အိုင်းရွန်းပါတဲ့ အရွက်ဖျန်း​မြေသြဇာ သို့မဟုတ် အိုင်းရွန်းဆာလဖိတ်ကို... ​ကျွေး​ပေးနိုင်ပါတယ်။)

အထက်မှာပြောခဲ့သလို... ​မြေကြီးကို ဓာတ်ခွဲစမ်းသပ်နိုင်ရင်​တော့  အ​​ကောင်းဆုံးပါ။

အပင်​ရောဂါ တမျိုးမျိုးကျ​ရောက်​နေခြင်း (Diseased infected in plant)

၁။ မိုဇိတ် ဗိုင်းရပ်​ရောဂါ ကျ​ရောက်ခြင်း (Cucumber mosaic virus )

မိုဇိတ်ဗိုင်းရပ်​ရောဂါ ဆိုတာက​တော့...

  • အရွက်​တွေ​ပေါ်မှာ အဝါ​ပြောက်​လေး​တွေ ​တွေ့ရမယ်။ အရွက်ပုံသဏ္ဌာန် မမှန်တာ​တွေ့ရမယ်။
  • တဖြည်းဖြည်း တပင်လုံး ဝါသွားမယ်။ အပင်လည်းမကြီးနိုင်၊ မသီးနိုင်ဖြစ်မယ်။
  • ဒီဗိုင်းရပ်​ရောဂါမှာ... ကုစရာ ​ဆေးမရှိ​သေးပါဘူး။
  • ပျ(Aphic)တမျိုးမှတဆင့် တပင်မှတပင် ကူးစက်ပျံ့နှံ့စေပါတယ်။

(အပင်ငယ်ကတည်းက၊ ပျကာကွယ်​ဆေး(အဆီတာမီပရစ်/အဆက်-20) ၇ ရက်ခြား ဖျန်း​ပေးပါ။

လက္ခဏာ​တွေ့ရတဲ့အပင်ကို... နုတ်ယူဖယ်ရှားပါ)

၂။ ဖျူ​ဆေရီယံ ပင်ညှိုး​ရောဂါ (Fusarium wilt)

Fusarium oxysporum မှိုကြောင့်ဖြစ်ပြီး ​မြေကြီးထဲမှာ၊ ပင်ကြွင်းကျန်​တွေထဲမှာ နှစ်များစွာ ခို​အောင်း​နေပါတယ်။

  • အပင်ငယ်စဉ် ခါးရိ ပင်ညှိုးလက္ခဏာ​တွေ့ရပြီး၊
  • အပင်ကြီးလာရင် အရွက်​တွေ ဝါလာတာ​တွေ့ပါတယ်။
  • (Vascular system)အပင်ရဲ့ အစာ​ရေ​​ကြောစနစ်ကို ဖျက်ဆီးတဲ့မှို​ရောဂါမို့လို့ အပင်ဝါမယ်၊ အပင်တန့်မယ်၊ အပင်ညှိုးပါမယ် ။

(ဓာတုမှိုသတ်​ဆေးထက် ထရိုင်ကိုဒါးမားကို လူးနယ်စိုက်ခြင်း၊ ​မြေကြီးထဲထည့်​ပေးခြင်း ပြုလုပ်သင့်ပါတယ်။)

၃။​ ဒေါင်းနီးမှို​ရောဂါ ကျ​ရောက်ခြင်း(Downy mildew)

  • (Pseudoperonospora cubensis) မှို​ရောဂါ​ကြောင့် သခွားရွက်အ​ကြောကြား​ ထောင့်ကွက်​တွေမှာ အဝါကွက်​လေး​တွေ ​တွေ့ရပါတယ်။
  • တဖြည်းဖြည်း ဝါရာကနေ ကြွပ်​ခြောက်တတ်ပါတယ်။

(အရွက်​အောက်ဖက်မှာ မှိုဖြူဖြူအကွက်လေး​တွေ ​တွေ့ရင် မှိုသတ်​ဆေးဖျန်းပါ

အဇိုဇီစထရိုဘင်၊ ဒိုင်မီသို​မော့၊ ဖို့စီတိုင်းအလူမီနီယံ၊ ဆိုင်​မောက်ဇ​​နေးလ် တမျိုးမျိုး ဖျန်းပါ။

ပင်ကြား၊ တန်းကြားမှန်​အောင်စိုက်ပြီး... ​လေဝင်​လေထွက်​ကောင်း​သော​နေရာမှာ စိုက်ပါ။)

ဖျက်ပိုးတမျိုးမျိုး ကျ​ရောက်ခြင်း (Pests infested in plant)

  • သစ်ရည်စုပ်ပိုးများဖြစ်ကြတဲ့ ပျ၊ ဖြုတ်၊ ယင်ဖြူ၊ မွှားပင့်ကူ၊ ​လှေး စတဲ့ ပိုးများ ကျ​ရောက်ခဲ့လျှင်လည်း အရွက်များ အဝါစက်များဖြစ်​ပေါ်လာပြီး နိုက်ထရိုဂျင်ချို့တဲ့သလိုမျိုး အဝါ​ရောင် တွေ့ရတတ်ပါတယ်။

(ပေါင်းမြက်များ စောစီးစွာရှင်းပါ။

-အဆီတာမီပရစ်/ အက်ဆီဖိတ်/ သိုင်ယာမိသိုဇင် စ​သော ​ဆေးအုပ်စုများကို အလှည့်ကျ ဖျန်းပါ)

​ရေ​ပေးသွင်းမှုပြဿနာ ရှိ​နေခြင်း (Watering problem)

  • ရေကြိုက်ပြီး ရေဝပ်ခြင်းကို မကြိုက်တဲ့ အပင်မျိုးထဲမှာ သခွားမျိုးနွယ်လည်း ပါပါတယ်။
  • ​ရေငတ်ရင်ဝါတတ်သလို ​ရေများ/အစိုများရင်လည်း အရွက်ဝါတတ်ပါတယ်။

(​ရေ​မြောင်းစနစ်နဲ့ ​ရေသွင်းခြင်းထက်၊ ​ရေပိုက်စနစ်(drip irrigation system)နဲ့ ​ရေ​ပေးခြင်းက ပြဿနာ နည်းနိုင်ပါတယ်)

နေ​ရောင်ခြည်ရရှိမှု မလုံလောက်ခြင်း (Insufficient sunlight)

  • သခွားပင်​တွေဟာ ​နေ​ရောင်ခြည်နဲ့ အစာချက်မှသာ အစိမ်း​ရောင် ကလိုရိုဖီးလ်အရွက်​တွေ ဖြစ်နိုင်ပါတယ်။
  • ဒါ​ကြောင့် တ​နေ့တာအတွင်း နေ​ရောင်ခြည် ၈ နာရီ ပြည့်ဝစွာ ရရှိရပါတယ်။

(​နွေရာသီမှာ ပလပ်စတစ်နဲ့ ​ဘောင်အုပ်စိုက်ပြီး အပူချိန်မြင့်လွန်းရင်လည်း အပင်​တွေမှာ heat stressဖြစ်ပြီး ဝါ/ညှိုးတတ်ပါတယ်)

အခု​ဖော်ပြပါအချက်​တွေအပြင် အရွက်ဝါ​စေတဲ့ နောက်ထပ်အ​ကြောင်းရင်းများ ရှိနိုင်ပါ​သေးတယ်။

ဒါတွေကတော့ ဖြစ်​လေ့ဖြစ်ထအများဆုံးကို ​ရွေးချယ်​ဖော်ပြခြင်းဖြစ်ပါတယ်..ဆိုတာ ​ဖြေကြား​ရင်း၊ မအူပင်မြို့က ကိုစိုးမင်းဦးနဲ့တကွ... အစိမ်း​ရောင်လမ်း အဖွဲ့ဝင်များအားလုံး ဗဟုသုတ ရလိမ့်မယ်လို့ ​မျှော်လင့်ပါတယ်။

ဒို့ဦး​လေး

Source>>Reasons Your Cucumber Leaves Are Turning Yellow And How To Fix It Vegetable Garden

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်