အခုတစ်လော အစိမ်းရောင်လမ်း ဆော့ဝဲလ်ပေါ်မှာ တောင်သူတွေက အပင်အားဆေးလုပ်နည်းတွေ မေးတာတွေများလာလို့ တောင်သူလုပ်ငန်းရှင်တွေ သိရအောင် အားဆေးလုပ်နည်း (၂၂) နည်းကို စုစည်းပြီး မျှဝေပေးလိုက်ပါတယ်။
အားလုံးက ပိုက်ဆံအများကြီးပေးမဝယ်ရဘဲ ကိုယ်တိုင်အလွယ်တကူလုပ်နိုင်တာကြောင့် အခုလို အားဆေး၊ မြေသြဇာ အဆမတန် ဈေးကြီးနေတဲ့အချိန်မှာ လုပ်ဖို့အသင့်တော်ဆုံးပါ။ ကိုယ်တိုင်လုပ်တတ်သွားရင် နောက်နှစ်တွေလည်း ဆက်လုပ်ဖြစ်နေမှာမို့ စိုက်ပျိုးစီးပွားရေးမှာ ရင်းနှံမြုပ်နှံရတဲ့ ကုန်ကျစရိတ်လည်း လျော့ချပြီးဖြစ်သလို ဓာတ်တုဓာတ်ကြွန်းတွေ၊ ကျန်းမာရေးကိုထိခိုက်မှာတွေလည်း စိတ်ပူစရာမလိုတော့ပါဘူး။ တောင်သူလုပ်ငန်းရှင်တွေ စိုက်တဲ့သီးနှံတွေကို ဝယ်စားနေရတဲ့ စားသုံးတွေရဲ့ ကျန်းမာရေးကိုလည်း စေတနာနဲ့ စဉ်းစားလုပ်ဆောင်ပေးရာရောက်လို့ ကုသိုလ်တွေလည်း အများကြီးရမှာပါ။
ကဲဒီတော့ အောက်က (၂၂) နည်းကို ခေါင်းစဉ်နဲ့ လင့်လေးတွေ ချပေးထားပါတယ်။ ခေါင်းစဉ်လေးတွေကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။
(၁၂) ခရုအမိုင်နိုအက်ဆစ်
✅ မရှင်းတာတွေ ထပ်မံသိလိုတာတွေရှိရင် အမေးအဖြေကဏ္ဍကနေ ပြည့်ပြည့်စုံစုံရေးပြီး မေးပေးပါဗျ။
Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။
ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။
ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။
ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့
📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။
📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။
မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။
Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more
Facebook page သို့သွားရန်