အသက်ရှည်ရှည် နေနိုင်မည့် စားသောက်မှု ပုံစံများ

10/07/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လူတော်တော်များများက အသက်ရှည်တာက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်လို့ ထင်ကြပါတယ်။ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု ရှိပေမယ့် တခြား ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အကြောင်းအရင်းများဖြစ်တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံများလည်း အရေးကြီးပါတယ်။

အသက်ရှည်ရှည်နေနိုင်မည့် အမူအကျင့်များကို ဝေမျှပေးချင်ပါတယ်။

၁။ အလွန်အကျွံ စားသောက်တာကို ရှောင်ကြဉ်ပါ

ကယ်လိုရီ စားသုံးမှုနှင့် အသက်ရှည်တာက ဆက်စပ်နေတာကို သုတေသနများက တွေ့ရှိခဲ့ရပါတယ်။

တိရစ္ဆာန်များကို စမ်းသပ်ချက်အရ ကယ်လိုရီ ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း လျော့လိုက်ပါက အသက်ပိုရှည်လာတာကို တွေ့ရပါတယ်။

ကယ်လိုရီကို လျော့ကျနိုင်လျှင် ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေပြီး၊ ဝမ်းဗိုက်အဆီကို ကျစေကာ အသက်ကို ပိုရှည်စေပါတယ်။

၂။ အခွံမာ အသီးများကို ပိုစားပါ

အခွံမာ အသီးများသည် ပရိုတင်း၊ အမျှင်ဓာတ်၊ Antioxidants နှင့် တခြား အကျိုးရှိသည့် ကွန်ပေါင်းဓာတ်များပါဝင်နေပါတယ်။ဗီတာမင် ဓာတ်များ၊ သတ္တုဓာတ်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလစ်၊ Niacin ၊ ဗီတာမင် B6 နှင့် E တို့လည်း ကြွယ်ဝပါတယ်။

အခွံမာ အသီးများသည် နှလုံးရောဂါ၊ သွေးတိုး၊ ရောင်ရမ်း၊ ဆီးချို၊ ဝမ်းဗိုက်အဆီများတာတို့ကို ကာကွယ်ပေးပါတယ်။

တစ်နေ့ကို အခွံမာ အသီး ၃ ခါစားသုံးလျှင် အချိန်မတိုင်ခင် သေဆုံးမှုမှ ၃၉ ရာခိုင်နှုန်းလျော့ချပေးပါတယ်။

၃။ နနွင်းကို စားပါ

နနွင်းမှာ AntioxidantAnti-Inflammatory ဓာတ်တွေပါဝင်တာကြောင့် ဦးနှောက်၊ နှလုံး နဲ့ အဆုတ် လုပ်ဆောင်ချက်များကို ထိန်းညှိပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

MyFood Myanmar Website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်