သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်ငါးမွေးမြူနည်း အပိုင်း (၂)

20/10/2022 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

အသားဓာတ်(Protein)ပြည့်ဝသည့် ငါးရှဉ့်အစာပြုလုပ်ရာတွင်...

ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ ပဲဖတ်အကောင်း/အပျက်နှင့် ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အာလူးပုပ်၊ သရက်သီးပုပ် တစ်မျိုးမျိုးတို့ကို ပါဝင်ပစ္စည်းအဖြစ် လိုအပ်ပါသည်။

ပြုလုပ်နည်းမှာ-

  • ၁။ ဆန်ကွဲ၊ ဖွဲနု၊ ပဲကြမ်း၊ ပဲဖတ်အကောင်း/အပျက်များကို ၁ ညအိပ် ရေစိမ်ပါ။
  • ၂။ ပြီးလျှင် ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အာလူးပုပ်၊ သရက်သီးပုပ် တစ်မျိုးမျိုးကိုလည်း ၅% ရောစပ်ပါ။
  • ၃။ နောက်တစ်နေ့ နံနက်ပိုင်းတွင် နေနှင့်မိုးလွတ်မည့် အရိပ်ရသော တစ်နေရာ၌ ၁ ညအိပ်ရေစိမ်ထားသောပစ္စည်းများကို ဆန်ကော၊ လင်ဗန်း၊ ပလတ်စတစ်အခင်း၊ မြေတလင်း တမျိုးမျိုးတွင် လက်မဝက်အထူခန့် ဖြန့်ခင်းပါ။
  • ၄။ (၂)နာရီအတွင်း ယင်ကောင်များဥပြီး သားလောင်းများ ပေါက်ဖွားလာသည်ကို တွေ့ရပါမည်။ 
  • ၅။ နောက်တနေ့နံနက်(၁၀)နာရီအချိန်တွင် အကောင်းဆုံးပရိုတင်းဓာတ် ပြည့်ဝအစာအဖြစ် ကန်အတွင်း ထည့်ကျွေးနိုင်ပါသည်။

လျှပ်စစ်မီးရရှိသောနေရာဖြစ်ပါက ကန်ရေပြင်အထက် (၃)ပေခွာ၍ မီးချောင်းများထွန်းပေးခြင်းဖြင့် အင်းဆက်ပိုးမွှားများကို အစာအဖြစ် ဖန်တီးနိုင်ပါသည်။ 

ကြီးထွားနှုန်း

  • အရွယ်ရောက်ပြီး ရောင်းသင့်သောအရွယ် (အသက်အားဖြင့် ၃ လခွဲအရွယ်) ငါးရှဉ့်ကြီး ၅ ကောင်လျှင် ၁ ပိဿာကျော်ခန့်နှုန်း အလေးချိန် ရှိနိုင်ပါသည်။
  • ငါးရှဉ့်ငယ် အကောင် ၃၀၀ ခန့်မှာ ၁ ပိဿာပင် မပြည့်ပါ။ ထို့ကြောင့် ငါးရှဉ့်ငယ်အကောင် ၃၀၀ ခန့်ကို မဖမ်းဘဲ (သို့မဟုတ်)မွေးမြူထားလျှင် ၃ လအတွင်း ငါးရှဉ့်ကြီး ၅၀ ပိဿာခန့် ဖြစ်လာနိုင်ပြီး စျေးကောင်းရရှိနိုင်ပေမည်။

ဖမ်းဆီးရောင်းချခြင်း

  • မျိုးစထည့်စဉ်က အရွယ်စုံသဖြင့် ၁ လအတွင်းမှာပင် ရောင်းတန်းဝင်ငါးရှဉ့်ကြီးများ အနည်းနှင့်အများ ရရှိနိုင်သဖြင့် စတင်ဖမ်းဆီးရပါမည်။
  • ဖမ်းဆီးရာတွင် အစာကို ၁ ရက်ဖြတ်ထားပြီး နောက်နေ့ညတွင် အစာထည့်မြှုံးအကြီး (၂ ပေ x ၁ ပေ x ၃ ပေ အရွယ်ရှိ အခင်းပါသော ဝါး၊ သံ၊ စတီး တစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသော အကွက်ကျဲမြှုံး)ဖြင့် ဖမ်းရပါမည်။
  • မြှုံးကို ၃ နာရီကြာ ၁ ခါ ဖော်ရပါမည်။
  • ဖမ်းမိသောငါးရှဉ့်များထဲမှ ရောင်းတန်းမဝင်သော ငါးရှဉ့်များကို ပြန်လွှတ်မွေးထားရပါမည်။
  • ပုံမှန်အားဖြင့် ၁၅ ရက် ၁ ကြိမ် ဖမ်းပေးရပါမည်။
  • ၁၅ ရက် ၁ ကြိမ် ငွေပေါ်သဖြင့် လုပ်ငန်းလည်ပတ်ရာတွင်လည်းကောင်း၊ တိုးချဲ့ရာတွင်လည်းကောင်း အထောက်အပံ့ ဖြစ်စေပါသည်။
  • အကောင်ကြီးသော ငါးရှဉ့်များမှာ ပြည်ပစျေးကွက်တွင်သာမက ပြည်တွင်းဟိုတယ်စျေးကွက်တွင်ပါ စျေးကောင်းပိုမိုရရှိနိုင်ပါသည်။

Ref:သင်တန်းမှတ်စုများ။

 

https://greenwaymyanmar.com/posts/Eel_Natural_Pond_Farming

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်