ဝဥတွင် ကျရောက်တတ်သော ပင်ပုပ်ရောဂါ (Erwinia Cartovora Subsp carotovara ) 

14/01/2021 14:30 PM တွင် Thet Htar Zin Thet Htar Zin မှ ရေးသား

ပျက်စီးမှု လက္ခဏာ 

        ဤရောဂါသည် အပင်ကြီးထွားချိန်မှစ၍ သိမ်းဆည်းသိုလှောင်ချိန်အထိ ပင်စည်၊ အရွက်၊ အညှောက်၊ ဘေးမြစ်ဖုတို့တွင် ပေါ်ပေါက်လာတတ်သည်။ အပင်ကြီးထွားချိန် အရွက်သေးများတွင် ပုံမှန်မဟုတ်သော အစက်အပြောက်များကဲ့သို့  ရောဂါလက္ခဏာများ ပေါ်လာပြီး တဖြည်းဖြည်း အစိမ်းရောင်များ ပျောက်သွားသည်။ အရွက်ငယ်များ၏ အရွက်သေးထိ  ကူးစက်ခံ အစိတ်အပိုင်းသည်  အပေါ်ပိုင်းမှ အောက်မြေထဲပိုင်းအထိ ပုပ်သွားသည်။

        ထိုပုပ်သွားခြင်းသည် အရွက်အုံကြီး တစ်ခုလုံးသို့ ကူးစက်ရောက်ရှိသွားပြီဆိုလျှင် အပင်ကြီးတစ်ခုလုံးမှာ အောက်ခြေမြေထဲမှ စ၍ ပြိုလဲသွားသည်။ ပိုမိုဆိုးဝါးက ရက်အနည်းငယ်အတွင်း၌ပင် ပြိုလဲပျက်စီးပြီး ပြင်းထန်မှု သိပ်မရှိက အရွက်သေးများ၏ ကူးစက်ခံအစိတ်အပိုင်းသည် ညှိုးပုပ်၍ ခြောက်သွေ့သွားသည်။ ထို့နောက် အရွက်နှင့်ထိစပ်နေသော အပိုင်းများသည်လည်း အရောင်ဖျော့လာကာ ညိုမည်းပုပ်သွားပြီး ဆက်တိုက်ကူးစက်သွားသည်။

        နှုတ်သိမ်းပြီးဥနှင့် ဘေးမြစ်ဖုများသို့ ကိုင်းကူးစက်ဖြစ်ပွားလာက အပေါ်ယံ မျက်နှာပြင်မှာ မသိသာသော်လည်း အတွင်းပိုင်းမှာ ဆက်တိုက်ဆိုသလို ပုပ်လာပြီး၊ နှိပ်ကြည့်က နူးညံ့ပျော့ဝင်သွားပြီး ပုပ်သော အရည်များ စီးထွက်လာမည်ဖြစ်သည်။ မသိုလှောင်မီ နှင့် သိုလှောင်ဆဲကာလအတွင်းပိုင်းမှာ စေးပြစ်ပြီး ပုပ်သွားသည်။ ပင်စည်ကောင်းစွာ ခြောက်သွေ့သွားချိန်တွင် အပင်ပုပ်ခြင်းသည် ရပ်တန့်သွားပြီး၊ အခွံသာကျန်သည်အထိ ခြောက်သွေ့သွားသည်။ ပင်စည်ကောင်းစွာခြောက်သွေ့သွားချိန်တွင် အပင်ပုပ်ခြင်းသည် ရပ်တန့်သွားပြီး ရောဂါပိုးသည် အတွင်းသို့ စိမ့်ဝင်ထိုးဖောက်သွားပြီး ခြောက်သွေ့သွားသည်။ 

        ရောဂါပါဝင်နေသော မြေအောက်ပင်စည်ကို စိုက်ပျိုးလျှင် အညှောက်နှင့် အရွက်များ၏ အခြေခံ အပိုင်းများသို့ ဝင်ရောက်သွားပြီး အညှောက်မတွက်နိုင်ခြင်း အချိန်စောစွာ တစ်ပင်လုံးသို့ ဦးတည်သွားခဲ့သည်။ အရွက်ပိုင်းကို ပုပ်သွားစေပြီး၊ အရွက်ငယ်များသည် အဝါရောင်ပြောင်းသွားပြီး၊ အရွက်ငယ်များ၏ အခြေများတွင် အခြောက်များ ပေါ်လာတတ်သည်။။ 

        အပင်ပုပ်ရောဂါ စွဲကပ်ပြီဆိုလျှင် အရွက်များသည် ပြိုလဲသွားပြီး မြေအောက်ပင်စည်(ဥ)နှင့် ဘေးမြစ်ဖုများ ဖွံ့ဖြိုးကြီးထွားလာခြင်းမှာ ကနေဦးကာလတွင်ပင် ရပ်တန့်သွားပြီး မြေအောက်ပင်စည်သည်လည်း ပုပ်သွားတတ်သည်က များသည့်အတွက် ထိုရောဂါ ကျရောက်မှု များလာပါက ဝဥ အထွက်နှုန်း လျော့ပါးထိခိုက်စေသည်။ ရောဂါကင်းစင်၍  ခံနိုင်ရည်ရှိသော မျိုးများကိုသာ စိုက်သင့်သည်။ 

ရောဂါဖြစ်စေသည့် အကြောင်းအရာ

        မျိုးဥဆောင်ရောဂါရှိနေသာ မျိုးဥများကို စိုက်ပျိုးမိခြင်းကြောင့် ရောဂါစတင်ဖြစ်ပွားရခြင်းဖြစ်သည်။  ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ဝဥကို တူးဖော်စဥ် ရရှိသည့် ဒဏ်ရာမှ တဆင့် ရောဂါ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ ထိုရောဂါဖြစ်ပွားနေသော ဝဥ၏ ပင်စည်အရည်မှ အခြားသန်စွမ်းသည့် ဥများသို့ ကူးစက်ဖြစ်ပွားတတ်သည်။ 

ရောဂါလက္ခဏာများ 

        ဥကို တူးဖော်ကြည့်လျှင် ပုပ်နေသည့်အပိုင်းသည် ထူးထူးခြားခြား အနံ့ဆိုးများထွက်နေသည်ကို တွေ့ရမည်။ ပင်ခြေပုပ်ရောဂါ မြစ်ပုပ်ရောဂါများ ဖြစ်ပွားသည့်အခါ ထွက်လာတတ်သည့် မှိုများ၏ အနံ့ဖြစ်သည်။ ရွက်ငယ်များတွင် ကနေဦးဖြစ်သည့်ရောဂါနှင့် ခွဲခြားနိုင်သည်။ ရွက်မွှာလေးများတွင် ဆီစိမ့်သကဲ့သို့ဖြစ်သော ရောဂါလက္ခဏာရှာဖွေရခက်သော်လည်း ရွက်ရိုးများသို့ ထိုးဖောက်ဝင်ရောက်သွားပြီဆိုလျှင် ရွက်မွှာများသည် ငိုက်ကျလာသည့်အတွက် ချက်ချင်းရှာဖွေတွေ့ရှိနိုင်သည်။ 

ကာကွယ်နိုင်သော နည်းလမ်း

        ဝဥသိုလှောင်ခြင်း၊ ဥပုပ်များကို ဖယ်ရှားခြင်းကို သေချာစွာလုပ်ဆောင်ရမည်။ ရောဂါဖြစ်နေသည့်မျိုးကို အသုံးမပြုရပါ။ တစ်ဖန် သိုလှောင်စဥ် ကာလရှိ အပူချိန်၊ စိုထိုင်းစ တို့ကို မှန်ကန်စွာ ထိန်းသိမ်းရမည်။ မြေဩဇာကို မယုတ်မလွန် သင့်တင့်စွာ ကျွေ့ရမည်။ နိုက်ထရိုဂျင်ဓါတ်ပါဝင်သော မြေဩဇာကို လွန်ကဲစွာ သုံးခြင်းသည် အပင်နှုတ်သိမ်းချိန်တို့တွင် ဥကို အရည်ရွှမ်းစေသဖြင့် ဥဖော်ချိန်တွင် အရွက်နှင့် မြေအောက်ပင်စည် (ဥ)ကို မထိခိုက်အောင် လုပ်ရမည်။ အပင်ကြီးထွားချိန်နှင့် အပင်ကို နှုတ်သိမ်းချိန်တို့တွင် အရွက်နှင့် မြေအောက်ပင်စည်(ဥ)ကို မထိခိုက်အောင် လုပ်ရမည်။ ရောဂါကျရောက်သောအပင် ပင်ပုပ်ရောဂါ၊ ရွက်ခြောက် စသည်တို့ကို ဆွဲနှုတ်ပြီး စိုက်ခင်းနှင့် ဝေးရာသို့ သယ်ထုတ်မီးရှို့ပစ်ရမည်။ အပင်ကြီးထွားချိန်တွင် ဆေးဝါးများဖြင့် ကာကွယ်နိုင်သည်။ အရွက်များထွက်ချိန်(၁၀)ရက်ခြား တစ်ကြိမ်ခန့် စက်တင်ဘာလလယ်အထိ ဆေးဖျန်းခြင်း ဆောင်ရွက်မည်။ အရွက်စတင် ပြန့်ကားချိန်နှင့် မိုးလေ မကျရောက်မီ ပက်ဖျန်းပေးက ကြိုတင်ကာကယ်ရာတွင် ထိရောက်မှု ပိုကောင်းပါသည်။  

ဝဥစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်မှ ကောက်နုတ်ထားပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်