တောင်သူ လယ်သမားကြီးများအတွက် နှိုးဆော်ချက် (မေလ)

27/04/2018 11:02 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးဦး ယာသီးနှံများ စိုက်ပျိုးရေး၊ စိုက်ပျိုးထားသော နွေစပါးသီးနှံ ပြုစုထိန်းသိမ်းရေးနှင့် မိုးစပါးသီးနှံ စိုက်ပျိုးရေးတို့အတွက် သတိမူ လုပ်ကိုင်ရန်များကို ဖေါ်ပြလိုပါသည်။

၁ ။ ယာသီးနှံများ

မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ  အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျင်ကျခြင်း စိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့် ပြင်ထားသင့်သည်။ 

အသိပေးလိုသည့်အချက်(၄)ချက်မှာ- 

၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓါတ်သေချာစွာ ရရှိမှသာ စိုက်ပျိုးရန်၊ 

၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက် ရှိသည့် မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်၊ 

၃။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigour)မျိုးကိုအသုံးပြုရန်နှင့် 

၄။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများ ဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင် ဖြစ်သည်။  အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးအတွက် လွန်စွာအရေးပါသောကာလ ဖြစ်ပါသည်။ 

ဤကာလ တစ်လျောက်လုံးတွင် စပါးစိုက်ခင်းအတွင်းပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်လိုသည်။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်လိုသည်။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာကျွေးပေးဖို့လိုသည်။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်လိုပါသည်။

၃။ မိုးစပါးသီးနှံ

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက်မိုးနည်းပါးဒေသတို့အတွက် မိုးစပါးစတင်စိုက်ပျိုးနိုင်ရေးဖြစ်ပါသည်။ မုတ်သုံမိုးစတင်ချိန်နောက်ကျလေ့ရှိသည်။ မိုးဦးကျပြန်တော့ လည်း မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှ မိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ်ကို အသိပေးလိုပါသည်။

လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန်လိုသည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူ အညှောင့်ဖေါက်ရန် မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။ 

မြေတွင်းအစိုဓာတ်လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ်ဖြစ်ပါသည်။

အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုးတစ်မိုးနှစ်မိုးလောက် ရွာလျင်ပင် စိုက်နိုင်ပါသည်။ 

ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့်လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုး နိုင်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့်စောပြီး ရိတ်သိမ်းနိုင်ပါသည်။ 

အခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင် ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်သည်။ သီးနှံပုံစံ (DSR-TPR  Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။

သက်လျင်အထွက်ကောင်း စပါးတစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါး ပင်နှင့် ပေါင်းမြက်ပင်တို့သည် တပြိုင်တည်း ယှဉ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက်ဆောင်ရွက်ရန်တော့ လိုပါသည်။

 

ဆင်းသီဟ

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်