မြေသြဇာပါဝင်မှုတန်ဖိုး(Fertilizer Ingredient Value)

19/01/2018 13:59 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ကျွန်တော် ပြီးတဲ့ရက်ပိုင်းက (၁၅း၁၅း၁၅) မြေသြဇာနဲ့ ပတ်သက်ပြီး ပိုစ့်တခုကို ဖတ်မိပါတယ်။ ပိုစ့် တင်သူ(၂) ဦးက မြေသြဇာ (၁၀၀)ကီလိုမှာ နိုက်ထရိုဂျင်(N) ၁၅ ကီလို၊ ဖော့စဖိတ်(P) ၁၅ ကီလို၊ ပိုတက် (K) ၁၅ကီလို အခြား အနည်းလို စသဖြင့်ပါတဲ့အတွက် (၅၀) ကီလို မြေသြဇာ တအိတ်မှာ နိုက်ထရိုဂျင် ၇.၅ကီလ၊ို ဖော့စဖိတ် ၇.၅ကီလို၊ ပိုတက် ၇.၅ကီလို ပါတယ်လို့ သူပြောတာ သတိထားမိ ပါတယ်။ ဒီတော့ ကျွန်တော် အနေနဲ့ မေးစရာ ဖြစ်လာပါတယ်။ အခု အချက်ဟာ မြေသြဇာ အာနိသင် ၅၀ကီလို အပြည့်အဝ မပါတာ အဓိက ကျသလားလို့ မေးစရာ ဖြစ်လာတယ်ဗျာ။

ကျွန်တော်တို့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး မြေသြဇာ အကြောင်း အရင်ပြောကြည့် ရအောင်။ မြေသြဇာကို အခြေခံအားဖြင့် အော်ဂဲနစ်မြေသြဇာ(organic fertilizer)၊ အင်အော်ဂဲနစ် မြေသြဇာ ခေါ် ဓာတုမြေသြဇာ(inorganic fertilizer or chemical fertilizer )၊ အော်ဂဲနစ် အင်အော်ဂဲနစ် ရောထားထဲ့ (organic inorganic fertilizer) Biocomposer ခေါ်တဲ့ ကြံမြုပ်ချေးမြေသြဇာ စသဖြင့် အမျိုးမျိုး လုပ်ဆောင်မှု အလိုက် ခွဲနိုင်ပါတယ်။
အထူးသဖြင့် အော်ဂဲနစ်မြေသြဇာ၊ အင်အော်ဂဲနစ်မြေသြဇာနဲ့ အော်ဂဲနစ် အင်အော်ဂဲနစ်မြေသြဇာ အကြောင်း ဆွေးနွေး ကြည့်မယ်ဗျာ။

(က) တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းတွေ ဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ အရိုးမှုန့်၊ ငါးရိုး စတာတွေကို အပင် အကြွင်းအကျန်တွေနဲ့ အချဉ်ဖောက် ပြုလုပ် ထုတ်လုပ်တဲ့ မြေသြဇာကို အော်ဂဲနစ်မြေသြဇာ(organic fertilizer)လို့ ခေါ်ပါတယ်။ အခြေခံအားဖြင့် သစ်ဆွေး ဓာတ်ခေါ်တဲ့ (organic matter) တွေကို ဖန်တီးမယ်။ အကျိုးပြု အနုဇီဝတွေ ပေါကြွယ်ဝအောင် ပြုလုပ်မယ် ဆိုတာတွေ အပေါ် အဓိကထားပြီး အပင်မှ ဖြေးဖြေးခြင်း စားနိုင်ပြီး ရုတ်တရက် လျင်မြန်စွာ အပင် အလုပ်လုပ်မှုကို အားမပေးနိုင်ပါဘူး။ အချိန်အားဖြင့် အနည်းဆုံး အပင်မှ ၅ရက်-၁၀ရက်နေ့မှ စတင် စားနိုင်သလို အာနိသင် အနေဖြင့် (၁)လကနေ (၃) လအထိ ကြာတာလဲ ရှိတတ်ပါတယ်။ စိုက်ပျိုးမြေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် ကောင်းမွန် ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက် ပါဝင်မှုကို ရာခိုင်နှုန်း (%) နဲ့ တိုင်းတာမယ်ဆိုရင် အော်ဂဲနစ်မြေသြဇာ (Organic fertilizer) အများစုဟာ ထုတ်လုပ်မှု ပုံစံလိုက်ပြီး ၃ ရာခိုင်နှုန်းထက် မကျော်တတ် ပါဘူး။ ကြက်ချေး အခြေခံ မြေသြဇာမျိုး ဆိုရင်တော့ ၃ရာခိုင်နှုန်း ဝန်းကျင်သာ ရှိတတ်ပြီး အခြားသောမြေသြဇာ မျိုးမှာဆိုရင် ၁ရာခိုင်နှုန်းအောက်တောင် ရှိတတ် ပါတယ်။ ဒီလိုဆိုရင် (၁၀၀) ကီလိုမှာ ရာခိုင်နှုန်းနဲ့ တွက်ရင် (၁၀) ရာခိုင်နှုန်းတောင် မရှိဘူး ဆိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက် ပါဝင်မှု မရှိဘူးလို့တောင် ပြောစရာ ဖြစ်နေပါတယ်။
ထူးထူးခြားခြား အဖြစ် ဘန်ကောက် မြေသြဇာ စက်ရုံတခုမှာ ဖော့စဖိတ် အဓိကမြေသြဇာကို အရိုးမှုန့် အဓိကထားပြီး နုန်း၊ သ၊ဲ ထုံးကို စနစ်တကျရောစပ်ပြီး ပုံဆောင်ခဲအလုံး အဖြစ် ထုတ်တာကို တွေ့တော့ ကျွန်တော် မြန်မာမှာ ဖော့စဖိတ် အရင်းအမြစ်(resource) ဖြစ်နိုင်တဲ့ နေရာ (၃)ခုကို မြင်မိတယ်။ ကြေးစင်တောင်၊ လက်ပံတောင်းတောင်က ရနိုင်မယ့် လကြေးမှုန့်တွေရယ် မင်းဘူး နဂါးပွက်တောင်က မီးတောင်ချော်မြေတွေကို မြေသြဇာ ထုတ်ရာမှာ အသုံးပြုရင် ဘယ်လောက်ကောင်းမလဲဆိုပြီး တွေးလာမိတယ်။

(ခ) အင်အော်ဂဲနစ်မြေသြဇာ (Inorganic fertilizer)ကို ဆက်ကြည့်ရအောင်နော်။ ပုလဲ မြေသြဇာ တခုမှာ ပုံမှန်အားဖြင့် ၄၀ (ရာခိုင်နှုန်း%) ဒါမှမဟုတ် ၄၆(ရာခိုင်နှုန်း%) ပါတယ်ဆိုရင် ၅၀ ကီလိုတအိတ်မှာ ၂၀%-၂၃% ပါတယ် ဆိုရမယ်ပေါ့နော်။ အမှန်က ဒီလိုမဟုတ်ပါဘူး။ ပုလဲ အမှုန့်အခဲမှာ (Ammonium nitrate) ၄၆%ပါ ပြီးတော့ ကျန်တဲ့ ၅၆%က အမိုနီယမ် ဓာတ်စင်ကို အခဲ အသွင်ရဖို့ လုပ်ဆောင်တဲ့ တခြား အရာဝတ္တုလို့ ဆိုလို ချင်တာပါ။
တခြား အရာဝတ္တုဆိုတာ မြေကြီးလဲ ဖြစ်ချင်ဖြစ်မယ်၊ ကျောက်မှုန့်လဲ ဖြစ်နိုင်သလို ဓာတ်ပေါင်း တခုလဲ ဖြစ်နိုင်ပါတယ် လို့ဆိုလိုခြင်းပါ။ ၁၀း၁၀း၅း၅ မြေသြဇာ ထုတ်လုပ်ပုံကို ပြောမယ်ဆိုရင် နိုက်ထရိုဂျင် ၁၀%၊ ဖော့စဖိတ် ၁၀%၊ ပိုတက် ၅%၊ ကယ်လစီယမ် ၅% ပေါ့နော်။ ပေါင်းကြည့်ရင် ၃၀%က အပင်အာဟာရ၊ ကျန်တဲ့ ၇၀%က တခြားပစ္စည်းပေါ့ဗျာ။ တရုတ် ၁၀း၁၀း၅း၅ မှာဆိုရင် တခြားရ၀%ကို ကျောက်မှုန့်နဲ့ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျောက်မှုန့်က ဂျစ်ပဆန် ကျောက်မှုန့် မဟုတ်ပါဘူး။ အဲဒီကျောက်မှုန့်နဲ့ ၁၀း၁၀း၅း၅ ရှိအောင် နိုက်ထရိုဂျင်၊ ဖော့စဖိတ၊် ပိုတက်၊ ကယ်လစီယမ်ကို အချိုးအတိုင်း တွက်ချက်ပြီး ပုံဆောင်ခဲ အလုံးဖြစ်အောင် ကျောက်မှုန့်နဲ့ရောပြီး လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ၁၅း၁၅း၁၅ မြေသြဇာမျိုးမှာ ကီမီရာ အုပ်စု ထုတ်လုပ်ပုံက ဂျစ်ပဆန်(gypsum)လို ပုံဆောင်ခဲမှာ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်အခြား အာဟာရတွေကို ဖျော်ရည် တခုအဖြစ် ဖျော်၊ စက်နဲ့မှုတ်ပြီး လုပ်ဆောင်တယ်လို့ သူတို့ စာစောင် တခုမှာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဖတ်ခဲ့ဖူးပါတယ်။
လက်ရှိ ၁၅း၁၅း၁၅ လုပ်ဆောင်ပုံ အခြေခံ (၂)မျိုးမြင်ဖူးပါတယ်။ တခုက ထိုင်းမှာပါ။ နောက်တခုက မြန်မာမှာပေါ့ဗျာ။ ထိုင်းမှာက ထုံး၊ သဲ၊ နုန်း ကို အချိုးကျပေါင်းစပ်ပြီး နိုက်ထရိုဂျင်၊ ဖော့စဖိတ၊် ပိုတက်၊ အခြား အနည်းလိုတွေကို ရာခိုင်နှုန်း အလိုက် တွက်၊ ရောစပ်ပြီး စက်နဲ့ အခဲလုံးပါတယ်။ ထုံးနဲ့ ကျောက်မှုန့်ကို ကယ်လစီယမ်၊ မဂ္ဂနိစီယမ် အခြေခံ ထည့်လေ့ရှိပါတယ်။ ပြောရရင် အပင်က အလေ အလွင့်မရှိ စားသောက်နိုင်အောင် သာမန်ထက် ရက်ကြာရှှည်ခံအောင် ပုံဆောင်ခဲ လုပ်ရာမှာ အခြား အရာဝတ္တုအဖြစ် ထည့်ခြင်း ဖြစ်ပါတယ်။သာမန် ပုလဲ၊ တီစူပါ၊ ပိုတက်ကို အသုံးပြုနိုင်ပေမယ့် အပင် အလွယ်တကူ စားသုံးနိုင်တဲ့ ဓာတ်စင်တွေကို ကွန်ပေါင်း မြေသြဇာတွေမှာ အသုံးပြု ပါတယ်။
ကျွန်တော်တို့ ကျောင်းပြီးခါစက ကွန်ပေါင်းစျေးကြီးလို့ ဆိုပြီး ပုလဲ၊ တီစူပါ၊ ပိုတက်ကို ၁၅း၁၅း၁၅ ဖြစ်အောင် တွက်ချက်ပြီး ပုလဲ -ပြည်၊ တီစူပါ-ပြည်၊ ပိုတက်- ပြည် ဆိုပြီးနည်းတွေ ဝေမျှဖူး ပါတယ်။ ဒါပေမယ့် ကျွန်တော့ အနေနဲ့ စိတ်တိုင်းကျမှုရှိတဲ့ တွက်နည်း ဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အခြား အရာဝတ္တု ၅၅%ကြောင့် ပါပဲ။ တကယ်တမ်း စက်ရုံတွေမှာ မြေသြဇာ ထုတ်လုပ်ပုံ လေ့လာတော့မှ အခု အိတ်တွေမှာ ရေးထားတဲ့ အချိုးတွေဟာ အခဲ တခုအတွင်း ပါဝင်တဲ့ ပျမ်းမျှအချိုးတွေ ဖြစ်နေပါတယ်။ ၄၀ကီလိုပဲ ဖြစ်ဖြစ်၊ ၅၀ကီလိုပဲဖြစ်ဖြစ်အိတ်ရဲ့ဝိတ်ချိန်နဲ့မဆိုင်ပါဘူး။

(ဂ) အော်ဂဲနစ်အင်အော်ဂဲနစ် မြေသြဇာ(Organic+inorganicfertilizer) စနစ်လို့ ဆိုရမယ့် နည်းကို  မြန်မာ စက်ရုံတွေ အခြေခံ ပါတယ်။ မြေဆွေးကို အခြေခံ ထားပြီး ထုံးမှုန့်၊ ကျောက်မှုန့်တွေကို ရောစပ်ကာ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက် တို့ကို မိမိ လိုချင်တဲ့ အချိုးအတိုင်း ရအောင် တွက်ချက် ထည့်သွင်း လုပ်ဆောင်ပါတယ်။ ရည်ရွယ်ချက်က မြေလဲ မပျက်အောင်၊ အပင်လဲ ရက်ကြာသည် အထိ မြေသြဇာ အာဟာရ ရအောင် ရည်ရွယ်လေ့ရှိပါတယ်။ အချို့ စက်ရုံတွေမှာ ဘိုကာရှီမြေသြဇာကို ဓာတုဗေဒ(chemical) အချိုး အတိုင်း ထည့်သွင်း ထုတ်လုပ်လေ့ရှိပါတယ်။ နောက်ဆုံး အနေနဲ့ ကျွန်တော် အကြံပေးချင်တာက မြေသြဇာ တအိတ် ဘယ်လောက် ကီလိုပဲ အာဟာရ ပါတယ် ဆိုတာမျိုးတွေးတာထက် မြေသြဇာ တအိတ်မှာ ပါရမယ့် ဓာတ်ပေါင်း ရာခိုင်နှုန်း% ပြည့်ပြည့်ဝဝ အသုံးပြုခွင့်ရဖို့သာ အရေးကြီး ပါတယ်။ ၁၀: ၁၀:၅ ဆိုပြီး နိုက်ထရိုဂျင် ၄%လောက်သာ ပါနေတာမျိုး အသုံးမပြုဖို့ အရေးကြီး ပါတယ်။ လေလွင့် ဆုံးရှုံးမှု များတတ် ပါတယ်။ ဒီတော့ မြေသြဇာ သုံးစွဲမှုမှာ နိုင်ငံတော် လိုင်စင်နဲ့ တကွ အာမခံချက်ရှိတဲ့ မြေသြဇာကိုသာ မှန်မှန် ကန်ကန် ရွေးတတ်ဖို့ အရေးပါ ပါတယ်လို့ အကြံပေးချင် ပါတယ်။

ခန့်ဇော်ထက်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်