ပုလဲ/ကွန်ပေါင်း မြေဩဇာတွေနေရာမှာ ရွက်ဖျန်းဆေးကိုသုံးသင့်လား?

10/06/2022 13:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

မြန်မာနိုင်ငံမှာတော့ ပုံမှန်အားဖြင့် မြေဩဇာကျွေးတာ နှစ်မျိုးရှိပါတယ်။ အရွက်တွေကိုဖျန်းတာရယ်။ အမြစ်တွေကို ကျွေးတာ(ကွန်ပေါင်း)ရယ်ပါ။

ရွက်ဖျန်းအားဆေးဆိုလို့ အရွက်ကိုထိမှရတာမဟုတ်ပါဘူး။ လေပေါ် အစိတ်ပိုင်းကိုထိတာနဲ့ကိုရတယ်။ အပင်ရဲ့နေရာတိုင်းမှာ အပေါက်တွေရှိတယ်။ ပန်းပွင့်တွေမှာလည်း ရှိတယ်။ အဲ့ဒီအပေါက်တွေကပဲ ဘက်တီးရီးယားတွေဝင်ပြီး ဒဏ်ရာဖြစ်ကြတယ်။ ရွက်ဖျန်းမြေဩဇာလည်း ထိုနည်းအတူ အဲ့ဒီအပေါက်တွေကပဲ​ ဝင်ကြတာပါ။

မြေဩဇာတွေက အရွက်ရဲ့ လေရှူပေါက်တွေကနေ ဝင်တယ်။ အမြစ်တွေမှာဆိုရင်လည်း လေရှုပေါက်တွေရှိတယ်။ အဲ့ဒါတွေကို lenticel တွေ stomata  တွေလို့ ခေါ်တယ်။ 

အပွင့်ထဲက ဝင်တာလည်း ရှိတယ်။ ဥတွေထဲကနေ ဝင်တာတွေလည်းရှိတယ်။ 

အခုက ကွန်ပေါင်းမြေဩဇာ ဒါမှမဟုတ် ပုလဲတစ်အိတ် (၅၀ Kg)  ကို ၈ သောင်းကျော်ကနေ ၁ သိန်းလောက်ထိ ရှိနေတယ်။ ရွက်ဖျန်းအမှုန့်ဈေးတွေကတော့ ၁ ကီလိုကို ၃၀၀၀ - ၁၀၀၀၀ ကြား ရှိတယ်။ 

ဆိုတော့ ဒီလို မြေခံမြေဩဇာတွေက ဈေးကြီးနေတော့ တောင်သူတွေ တွေးလေ့မေးလေ့ရှိတဲ့ မေးခွန်းကတော့ မြေခံမြေဩဇာတွေနေရာမှာ ရွက်ဖျန်းတွေကို အစားထိုးလို့ရလားဆိုတာပဲ ဖြစ်ပါတယ်။ 

တိုက်ရိုက်တော့ အစားထိုးသုံးလို့မရဘူးလို့ပဲ ပြောရမှာပါ။ 

ရွက်ဖျန်းကလည်း အပင်ကို သူဟာနဲ့သူတော့ ကောင်းတယ်။ မြေခံကလည်း သူ့ဟာနဲ့သူကောင်းတယ်။ ဘယ်ဟာက ပိုကောင်းလဲဆိုတာတော့မရှိဘူးပေါ့နော်။ သူဟာနဲ့သူ ကောင်းတယ်။ လိုအပ်ရင် လိုအပ်သလို သုံးရမှာ။ တစ်ခုတည်းကို သုံးလို့ကတော့ မရဘူး။ 

မြေခံက တအားဈေးကြီးနေလို့ အဆင်မပြေဘူးဆိုရင်တော့ အော်ဂဲနစ် နဲ့ တွဲသုံးသင့်ပါတယ်။ အော်ဂဲနစ်ချည်းပဲ သုံးချင်ရင်တော့ အရွက်ဖျန်းမြေဩဇာကို ကောင်းကောင်းသုံးပေးရပါမယ်။ 

တချို့တောင်သူတွေက ရွက်ဖျန်းအမှုန့်တွေကို အီးအမ်တွေ ဘိုကာရှီတွေနဲ့ အလုံးတွေ၊ အချောင်းတွေလုပ်ပြီး သုံးကြတာတွေရှိတယ်။ 

အဲ့ဒါမျိုးတွေက သုံးလို့မရဘူးလားဆိုတော့ ဆိုးကျိုးတော့ မဖြစ်ပေမယ့် မထိရောက်ဘူးပေါ့။ ဆိုတော့ ရွက်ဖျန်းဆိုရွက်ဖျန်းလိုပဲသုံး၊ မြေခံဆို မြေခံလိုပဲသုံးကြပါ။

ဘာလို့လဲဆိုရင်တော့ အဓိက ပျော်ဝင်မှုကွာတယ်။ မြေတွင်းမှာနေထိုင်ချိန်ကွာတယ်။ ဖျော်ကြည့်လိုက်ရင် ရွက်ဖျန်းတွေက အရည်ပျော်တာမြန်တယ်။ မြေခံတွေက အရည်ပျော်တာ နှေးတယ်။ တချို့တွေက compound တွေကို မြန်မြန်ပျော်စေချင်တယ်။ ယူရီးယားလိုမျိုး အမိုးနီးယားတွေဆိုဟုတ်တာပေါ့။ P2O5 တို့လို ဖော့စဖရပ်၊ ပိုတက်ဆီယမ်တို့လိုနဲ့ ကွန်ပေါင်းတွေလိုမျိုးတွေကို မြန်မြန်ဖျော်ပြီး မြန်မြန်ပျော်စေချင်ရင်တော့ ဆိုးဆေးတွေနဲ့ မြေကြီးလုံးသမားတွေ အကြိုက်ဆုံး ဖြစ်သွားလိမ့်မယ်။ 

အဲ့ဒါတွေက နည်းနည်းကြာနေတယ်။ မပျော်ဝင်ဘူးဆိုတာက Stability ကောင်းတာ။ မြေခံမြေဩဇာတွေကို တခါထည့်ရင် တစ်ဧကကို ၈၀၀၀၀၊ ၁၀၀၀၀၀ ပေးရတယ်။ ရွက်ဖျန်းမြေဩဇာကတော့ ၄၊ ၅ ထောင် ၊ ကောင်းတာလေး​ဝယ်ဖျန်းရင် ၁၀၀၀၀ ပေါ့။ ဒါပေမဲ့ ၁ ရာသီကို ၅ ခါလောက်ဖျန်းပေးရတယ်။ အလုပ်သမားခ၊ ဘာခညာခနဲ့ဆိုရင်တော့ ဘာမှတော့ သိပ်မထူးပါဘူး။

ရွက်ဖျန်းနဲ့ မြေခံနဲ့ ယှဉ်ပြောမယ်ဆိုရင်တော့ ရွက်ဖျန်းက နည်းနည်းပဲစားတယ်။ ဒါပေမဲ့ မြန်မြန်တော့ရတယ်။ ဈေးသာမတက်ခဲ့ဘူးဆိုရင်တော့ မြေခံက ပိုတန်တယ်ဆိုရမှာပဲ။ 

ရွက်ဖျန်းကို မြေခံမြေဩဇာတွေပုံစံအနေနဲ့တော့ မသုံးသင့်ဘူး။ ဘာလို့လဲဆိုတော့ မြေခံမြေဩဇာတွေမျိုး မြေထဲကိုထည့်မယ်ဆိုရင် ရွက်ဖျန်းတွေက အကြာကြီးမခံဘူး။ ခဏလေးနဲ့ပျက်စီးသွားနိုင်တယ်။ ပိုက်ဆံတွေပိုကုန်ပြီး အပင်တွေက နည်းနည်းပဲရတာမျိုးဖြစ်သွားမယ်။

ဒီတော့ အထက်မှာဆိုခဲ့သလို ရွက်ဖျန်းကလည်း အပင်ကို သူဟာနဲ့သူတော့ ကောင်းတယ်။ မြေခံကလည်း သူ့ဟာနဲ့သူကောင်းတယ်။ ဘယ်ဟာက ပိုကောင်းလဲဆိုတာတော့မရှိဘူး။ ဆိုတော့ ကိုယ်သုံးနိုင်တဲ့အနေအထား၊ ကိုယ်သုံးချင်တဲ့ပုံစံကိုလိုက်ပြီးပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဖုန်းမဏ်တိုး (ရေဆင်းရနံ့)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်