မိုးကောင်းချိန် ပုစွန်တုပ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူမည်ဆိုသော်...

28/06/2023 14:32 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

 မိုးရာသီ မိုးကောင်းကာလဖြစ်သည့် ယခုလို ဇွန်၊ ဇူလိုင်လများတွင် ပုစွန်မွေးတောင်သူများအနေဖြင့် သားပေါက်များစတင်ထည့်သွင်းမွေးမြူနိုင်ပြီး အောက်ပါအချက်များကိုတော့ သတိပြုလုပ်ဆောင်ရန် လိုပါသည်။

၁။ ဇွန်၊ ဇူလိုင်လများတွင် မိုးကောင်းပါက ပုစွန်မွေးတောင်သူများသည် မိုးရေကို ကောင်းစွာသိုလှောင်ထားရန် လိုအပ်ပါသည်။ ကန်လွတ်များရှိပါက တတ်နိုင်သလောက် မိုးရေကို သိုလှောင်ထားရန် လိုအပ်သည်။

၂။ သိုလှောင်ထားသောရေများတွင် အနည်းဆုံး ရေအနက် ၅ ပေခန့်ထားရှိ၍ ကလိုရင်းအမှုန့် ၁၀ ဂရမ်မှ ၂၅ ဂရမ်အထိ ထည့်၍ ရေကိုလှုပ်ခတ်စေပြီး ကောင်းမွန်စွာထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ကလိုရင်းထည့်ခြင်းဖြင့် ရေကိုသန့်စင်စေပြီး ပိုးမွှားများသေစေနိုင်ပါသည်။

၃။ မိုးကောင်းသောရာသီဖြစ်သည့်အတွက် ယခုလိုရာသီတွင် ပုစွန်သားပေါက်များ ထည့်သွင်းသိုလှောင်နိုင်သည်။ သားပေါက်များသိုလှောင်ရာတွင် ကန်အတွင်း၌ ခြင်ထောင်ဇာများကိုထောင်၍ ၎င်းဇာခြင်ထောင်အတွင်းသို့ ပုစွန်သားပေါက်များကို ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် ၁၅ ရက်ခန့်ကြာပါက အသင့်ပြင်ထားသောကန်အတွင်းသို့ထည့်ပြီး ဆက်လက်မွေးမြူရမည်။ အဆိုပါအသုံးပြုမည့်ကန်များသည် ၀.၅ ဧကမှ ၁၉ ဧကအတွင်းရှိ ကန်များကို အသုံးပြုနိုင်သည်။

၄။ ထိုသို့ပြုမူဆောင်ရွက်ပါက ပုစွန်သားပေါက်များကြီးထွားလာပြီး သက်ကြီးကောင်အဆင့်သို့ ကူးပြောင်းလာမည်ဖြစ်သည်။

၅။ သက်ကြီးကောင်(Adult Prawn )အဆင့်သို့ ရောက်ရှိသောပုစွန်များကို ပြုပြင်ထားသောကန်များတွင်ဆက်လက်မွေးမြူပါက ရေချိုပုစွန်တုပ်ကြီးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အနည်းဆုံး(၈)လခန့်မွေးမြူသွားရမည်။

၆။ ပုစွန်သားပေါက်များ စနစ်တကျသယ်ယူပို့ဆောင်မည်ဆိုပါက ကောင်ရေ (၂၅၀၀) မှ (၃၀၀၀)ခန့်ဆံ့သည့်အလျားလက်မ ၃၀၊ အနံလက်မ၂၀ ခန့်ရှိ ပလတ်စတစ်အိတ်များကို အသုံးပြုရမည်။ လိုအပ်သောရေအနည်းအများကိုထည့်၍ အောက်ဆီဂျင်ဓာတ်ငွေ့ ဖြည့်သွင်းပေးရမည်။ အောက်ဆီဂျင်ဓာတ်ငွေ့ ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်လာပါက ပလတ်စတစ်အိတ်ကို တင်းကြပ်လာအောင် အိတ်၏ထိပ်ကို သားရေကွင်းအကြီးဖြင့် တင်းကျပ်စွာချည်နှောင်ထားရမည်။

ထိုသို့ သိုလှောင်ပြီးသယ်ယူပါက ပုစွန်စခန်းများမှ ကန်များသို့အရောက်သယ်ယူမှုမှာ ချောမောစွာရောက်နိုင်ပြီး အချိန်သုံးနာရီခန့်ထိ ထိန်းသိမ်းနိုင်ပါသည်။ သားပေါက်သယ်ယူခြင်းများကို နံနက်စောစောသော်လည်းကောင်း၊ ညနေစောင်းနေဝင်ချန်တွင်လည်းကောင်း သယ်ယူနိုင်ပါသည်။

၇။ ကျင့်သားရအောင်ဆောင်ရွက်ခြင်း

ပလတ်စတစ်အိတ်ဖြင့် သယ်ယူလာသောပုစွန်များကို ပြုစုကန်အတွင်းသို့ ထည့်မည်ဆိုပါက အထူးသဖြင့်ပုစွန်ထည့်လိုသောအိတ်ထဲရှိ ရေ၏ဂုဏ်သတ္တိနှင့် ပုစွန်ထည့်မည့်ကန်အတွင်းရှိရေ၏ဂုဏ်သတ္တိများသည် မတူညီကြ၍ သဘာ၀ဝန်းကျင်ဖိစီးမှုဒဏ်ကြောင့်(Stress)ရပြီး ပုစွန်သားပေါက်များသေစေနိုင်သည်ကို သတိပြုရမည်။

ထို့ကြောင့်ကျင့်သားရအောင်(Acclimation) ဆောင်ရွက်ရာတွင် ပထမဆုံး ပုစွန်ထည့်ထားသောအိတ်ကို ထည့်မည့်ကန်ရေအတွင်းတွင် မိနစ် ၃၀ ခန့် မျှောထားပေးရမည်။ ၎င်းနောက် မွေးမြူရေးကန်အတွင်းရှိရေ၏ အပူချိန်နှင့် ပလတ်စတစ်အိတ်ထဲမှရေအပူချိန်တို့ကိုတိုင်းပြီး အပူချိန်တူညီပြီဆိုမှ ပလတ်စတစ်အိတ်ထဲမှပုစွန်များကို တဖြည်းဖြည်းချင်း ကန်အတွင်းသို့လွှတ်ပေးရမည်။

အထက်ပါအချက်များကို ယခုလိုမိုးတွင်းကာလတွင် ဆောင်ရွက်နိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်