ဂိုရာမီလေး ခေါ်  ဘီလားငါး ​ဆေးထိုးသားဖောက်နည်း

07/12/2021 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ဂိုရာမီလေး ခေါ် ဘီလား ခေါ် ဂျပန်ငါးမှာ ဆေးထိုးသားဖောက်မွေးမြူ၍ ရသဖြင့် ဆေးထိုးသားဖောက်နည်းကို ဖော်ပြပေးပါမည်။

ဆေးထိုးရန် ဟော်မုန်းဖော်စပ်ခြင်း

ဆူပရီဖက်ဟော်မုန်း ၁ပုလင်းတွင် ဟော်မုန်း ၁၀၀၀၀ မိုက်ခရိုဂရမ်ပါရှိသော ဆေးရည် ၁၀ စီစီ ပါရှိပါသည်။

ဆေးထိုးပြွန်ဖြင့် ဆူပရီဖက်ဟော်မုန်းဆေးရည် ၁စီစီ စုပ်ယူပါ။ အဆိုပါ ဟော်မုန်းဆေးရည် ၁စီစီတွင် ဟော်မုန်း ၁၀၀၀ မိုက်ခရိုဂရမ် ပါဝင်မည်ဖြစ်ပါသည်။ အဆိုပါ ဟော်မုန်းဆေးရည် ၁ စီစီ ကို ပေါင်းခံရည် ၉စီစီ နှင့် ရောစပ်လိုက်ပါက ၁၀ စီစီ ဖျော်စပ်ပြီးသား ဆူပရီဖက်ဟော်မုန်း ဖျော်ရည်တွင် ၁၀၀၀ မိုက်ခရိုဂရမ် ဟော်မုန်းဓါတ် ပါဝင်ပါမည်။ (ဖျော်စပ်ထားသော ဆူပရီဖက်ဟော်မုန်းရည် ၁စီစီ ကို အသုံးပြုမည်ဆိုလျှင် ဟော်မုန်းအား ၁၀၀ မိုက်ခရိုဂရမ် ပါရှိမည် ဖြစ်သည်။)

ဆူပရီဖက်ဖျော်ရည်ကို Motilium M ဆေးပြားဖြင့် ရောစပ်ဖျော်ခြင်း

မိုတီလီယမ်ဆေးပြား ၁ပြားလျှင် ဆေးအလေးချိန် ၁၀ မီလီဂရမ် ပါရှိပါသည်။ ငါးအလေးချိန်ပေါ် မူတည်၍ ငါးအလေးချိန် ၁ကီလိုဂရမ်အတွက် မိုတီလီယမ် ၁၀ မီလီဂရမ် အသုံးပြုပါက ဆေးပြား ၁ပြား အသုံးပြုရပါမည်။

ပေါင်းခံရည် အသုံးပြုဖော်စပ်ခြင်း

များသောအားဖြင့် မျိုးငါးစုစုပေါင်း အလေးချိန် ၁ကီလိုဂရမ်ရှိသော မျိုးငါးအမများအတွက် ပေါင်းခံရည် ၁စီစီ ဖြင့် အသုံးပြု ဆေးထိုးနိုင်ပါသည်။ သို့ဖြစ်၍ မျိုးငါးအလေးချိန်အပေါ် မူတည်ပြီး အသုံးပြုမည့် ဆူပရီဖက်ဟော်မုန်းဖျော်ရည် ပမာဏကို နှုတ်ပါက ကျန်ရှိသော အပိုင်းကို ပေါင်းခံရည်ထပ်မံထည့်ပြီး ဖျော်ရပါမည်။

ဟော်မုန်းဆေးထိုးခြင်း(ပထမအကြိမ်)

ဂိုရာမီလေးမျိုးငါး အထီး ၅ကီလိုဂရမ် နှင့် မျိုးငါးအမ ၅ကီလိုဂရမ်ကို ချိန်တွယ်ပါ။ (၁ကီလိုဂရမ်လျှင် ၁၀ ကောင် အရွယ်တို့အား အထီး ၁ကောင်လျှင် အမ ၁ကောင် အချိုးနှုန်းဖြင့်) ပထမအကြိမ်ဆေးထိုးရန် ငါးအလေးချိန် ၁ကီလိုဂရမ်အတွက် ဆူပရီဖက်ဟော်မုန်း ၁၀ မိုက်ခရိုဂရမ် အသုံးပြု၍ မိုတီလီယမ် ၅မီလီဂရမ် အသုံးပြုပြီး ဖော်စပ်ရပါမည်။ ပထမ အကြိမ်တွင် မျိုးငါးအထီးရော အမပါ ထိုးရပါမည်။ ဆေးထိုးရာ၌ ငါး၏ ကျောရေယက်အရင်း နေရာကို ထိုးရပါမည်။ 

ဟော်မုန်း ဒုတိယအကြိမ် ဆေးထိုးခြင်း (ပထမအကြိမ် ဆေးထိုးပြီး ၁၄-၁၆ နာရီ ကြာပြီးနောက်)

ငါးအလေးချိန် ၁ကီလိုဂရမ်အတွက်ဆူပရီဖက်ဟော်မုန်း ၁၅-၂၀ မိုက်ခရိုဂရမ် အသုံးပြု၍ မိုတီလီယမ် ၅-၁၀ မီလီဂရမ် အသုံးပြုပြီး ဖော်စပ်ရပါမည်။

အထက်ဖော်ပြပါတို့ကို အားလုံးရောစပ်၍ ဒုတိယအကြိမ်တွင် မျိုးငါးအမ ကိုသာ ထိုးပေးရပါမည်။ ဆေးထိုးပြီးသော မျိုးငါးများအား အသင့်ပြင်ထားသော သားဖောက်ကန်အတွင်းသို့ လွှတ်ပေးရပါမည်။

အုတ်ကန်သားဖောက်ကန် အကျယ်အားဖြင့် ၅၀ စတုရန်းမီတာ၌ မျိုးငါးအထီးနှင့်အမ (၁း၁) ဖြင့် စုံတွဲ (၁၀၀-၂၀၀)တွဲနှုန်း ထည့်ပြီး သားဖောက်နိုင်ပါသည်။ မျိုးငါးများ လွတ်ပြီး ၂၄ နာရီ ကြာပြီးနောက် သားဖောက်ပြုစုကန်အတွင်းမှ သန္ဓအောင် ဥများကို ဆယ်ယူစုဆောင်းနိုင်ပါသည်။ စုဆောင်း ရယူထားသော သန္ဓေအောင်ဥများကို သန့်စင်ပြီးနောက် ပြုစုကန်သို့ ပြောင်းရွှေ့ပြုစုရပါမည်။

။ 

မျိုးသန္ဓေအောင်ဥများ (ရေပေါ် ပေါ်သောဥများ)

ရေအပူချိန် (၂၈-၃၂ ဒီဂရီဆဲလ်စီးရပ်စ်) တွင် သန္ဓေအောင်ဥများသည် (၁၈- ၂၄) နာရီ အကြာတွင်အကောင် ပေါက်ပါသည်။ အကောင်ပေါက်ပြီး(၁-၂)ရက်အတွင်း ငါးသားပေါက်ကလေးများသည် ရေပေါ်ပေါ်နေပြီး စုစည်းလျက်ရှိကြောင်း တွေ့ရမည်ဖြစ်၍ ပြုစုကန်သို့ ခပ်ယူပြောင်းရွှေ့ရပါမည်။ သားပေါက်ပြုစုမည့် ကန်ကို သားပေါက်များ မပြောင်းရွှေ့မီ ၁ရက်ကြိုတင်ပြီး ပြင်ဆင်ရပါမည်။ သားပေါက်သည် ၃ရက် ကြာပြီးနောက် ပြင်ပအစာများဖြစ်သော Rotifer (သို့မဟုတ်) Moina တို့ကို စတင်စားလာနိုင်ပြီး ဖြည့်စွက်စာအနေဖြင့် ကြက်ဥနှစ်ပြုတ်ဖျော်ရည်ကို ၃ရက်မှ ၅ရက်အထိ ကျွေးရပါမည်။

သားပေါက်များသည် အသက်အားဖြင့် ၈ ရက် အရွယ်ရောက်ရှိသောအခါ ပြင်ပအစာ(စပ်စာ ဖွဲနုနှင့် ငါးကြေမှုန့် ၂ အချိုး ၁ အရော)ကို စတင်ကျွေးရပါမည်။ 

သားပေါက်များသည် ၂၅ ရက်သားတွင် ပျှမ်းမျှအားဖြင့် ၂စင်တီမီတာအရွယ်ခန့် ရှိလာပြီးဖြစ်၍ သားပေါက်များကို ပြုစုကန်မှ ပိုက်ဆွဲဖမ်းယူသောအခါ ပထမတစ်ခေါက်တွင် ကန်တစ်ဝက်ကိုသာ ပိုက်သားနုသော ဆွဲပိုက်ဖြင့် ဖမ်းယူစုဆောင်းနိုင်ပြီး ၄င်းနောက် ကန်အပြည့် ပိုက်ဆွဲ ဖမ်းယူခြင်းဖြင့် ငါးသားပေါက်များ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါသည်။

Ref; ငါးလုပ်ငန်းဦးစီးဌာန။

 

                  

 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်