နှမ်းမြေပဲနှင့် ဟင်းသီးဟင်းရွက်များတွင် GAP စနစ်စိုက်ပျိုးနေမှုများ

24/07/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

 

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့် ဉယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းရိတ်လွန်နည်းပညာဌာနမှ ဆရာမ ဒေါ်ဝါဝါလှိုင်းကို မေးမြန်းထားတဲ့ ရေဒီယိုအစီအစဉ်လေးပဲဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ နှမ်း၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်သီးနှံတွေမှာ GAP နည်းစနစ်များ၊ သီးနှံစိုက်ပျိုး မှတ်တမ်းများအကြောင်း၊ GAP စနစ်နှင့် စိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးကျေးဇူးများ၊ တောင်သူများ၏ GAP စိုက်ပျိုးမှု၊ စိုက်ပျိုးရေးဌာနအနေဖြင့် GAP စနစ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီမှုများနှင့် နောက်အနာဂတ်များတွင် လုပ်ဆောင်မှုအခြေအနေများ၊ လက်ရှိစျေးကွက်အနေအထားနှင့် အခက်အခဲများအကြောင်းကို အစိမ်းရောင်လမ်းမှ PC Myanmar နဲ့ပူးပေါင်းပြီး ယခုအစီအစဉ်ကို တင်ဆက်ပေးလိုက်ရပါတယ်ရှင်။

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်