ကြက်သွန်ဖြူတွင်ကျရောက်တတ်သော လှေးနှင့်မွှားပြဿနာ

13/01/2022 13:30 PM တွင် Nyan Thant Zin Nyan Thant Zin မှ ရေးသား

ကြက်သွန်ဖြူသည် ကမ္ဘာနှင့်အဝှမ်းတွင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။ မူရင်းဒေသမှာအိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း၊ တရုတ်နိုင်ငံတောင်ပိုင်းနှင့် အာဖဂန်နစ်စတန်နိုင်ငံတို့ဖြစ်ပါသည်။ ကြက်သွန်ဖြူကို မြန်မာနိုင်ငံရှမ်းပြည်နယ်တွင် အများအပြားစိုက်ပျိုးပါသည်။ကြက်သွန်ဖြူကို မြန်မာ့တိုင်းရင်းဆေးအတော်များများဖော်စပ်ရာ၌လည်း အသုံးပြုကြပါသည်။ကြက်သွန်ဖြူသည် စီးပွားရေးအရ လွန်စွာအရေးပါသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ထို့ကြောင့်ကြက်သွန်ဖြူအထွက်နှုန်းကိုထိခိုက်စေအောင် ကျရောက်တတ်သော လှေးနှင့်မွှား ဖျက်ပိုးများ အကြောင်းကိုရေးသားဖော်ပြလိုက်ရပါသည်။

ကြက်သွန်ဖြူတွင်

- ကြက်သွန်လှေးပိုး(ခ)ကြက်သွန်ဖြူသရစ်ပိုး

- မွှားပင့်ကူနီ

- ဥကိုဖျက်ဆီးသော မွှား တို့အကျများပါသည်။

ကြက်သွန်လှေးပိုး(ခ) ကြက်သွန်ဖြူသရစ်ပိုး

ဖျက်ဆီးပုံလက္ခဏာ

အရွယ်ရောက်အကောင်များနှင့် သားလောင်းများသည် အရွက်၏ရွက်တွင်းသားအလွှာကို စားသောက်ကြပါသည်။ မေးရိုးကိုသုံးပြီး အရွက်၏အပေါ်ယံလွှာကိုထိုးဖောက်ကာ ပင်ရည်များကို စားသောက်တတ်ပါသည်။ ကျရောက်ပါက အရွက်၏အစိမ်းရောင်အသားများ ပျက်စီးသွားသောကြောင့် အဖြူရောင်နှင့် ငွေရောင်အနာကွက်များကို လက္ခဏာအနေဖြင့်တွေ့မြင်ရပါသည်။ ကျရောက်ထားသောနေရာများတွင်လည်း အစင်းကြောင်းနှင့် အနာချိုင့်များကိုလည်းတွေ့ရပါသည်။ ပမာဏများစွာကျရောက်ပါက ကြက်သွန်ဖြူအထွက်နှုန်းနှင့် သိုလှောင်ချိန်အရည်အသွေးတို့ကို ကျဆင်းစေပါသည်။ သို့သော်ကြက်သွန်နီတွင်ကျရောက်သကဲ့သို့ ဆိုးဆိုးရွားရွားကျရောက်ခြင်းမရှိပေ။ 

အရွက်နှင့်ကြက်သွန်ဖြူဥများကို တိုက်ရိုက်ဖျက်ဆီးပြီး ဗိုင်းရပ်စ်ပိုးများကိုလည်းသယ်ဆောင်လာတတ်ပါသည်။ ပြင်းထန်စွာကျရောက်ပါက အရွက်များအဖြူရောင်ပြောင်းလာပြီး ညှိုးနွမ်းသွားပါမည်။ သရစ်ပိုးများမှထုတ်သော အညစ်အကြေးများကို အရွက်ပေါ်တွင် အမဲရောက်အစက်ငယ်များအဖြစ်တွေ့မြင်ရတတ်ပါသည်။ နိုဝင်ဘာလနှင့် မေလများတွင်ကျရောက်မှုများတတ်ပြီး ဇွန်လတွင်အခြားအပင်များဆီသို့ ရွှေ့ပြောင်းသွားတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

ပိုးမွှားကင်းစင်သော မျိုးဥများကိုသုံးပေးရပါမည်။ ကွင်းကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါမည်။အရွက်ဝိုင်းသောမျိုးများတွင် ကျရောက်မှုနည်းတတ်ပါသည်။ ပေါင်းမြက်များသည် လှေးပိုးပမာဏကိုတိုးပွားစေတတ်သောကြောင့် ပုံမှန်ပေါင်းမြက်ရှင်းပေးရပါမည်။ အဝါရောင်စေးကပ်သောထောင်ချောက်များကိုအသုံးပြုပြီး အကောင်ကြီးများကိုဖမ်းနိုင်သည်။ 

ဓာတုဆေးများအနေဖြင့် အစီတာမီပရစ် (Acetamiprid), Borate Complex, ဆိုင်ပါမီသရင် (Cypermethrin), ဒယ်တာမီသရင် (Deltamethrin), ဒိုင်နိုတီဖူရမ် (Dinotefuran) တို့ကိုအသုံးပြုပေးရပါမည်။ အင်မီဒါကလိုပရစ် (Imidacloprid), မလသီရွမ် (Malathion) တို့ကိုလည်းအသုံးပြုပေးနိုင်ပါသည်။

မွှားပင့်ကူနီ

ဖျက်ဆီးမှုလက္ခဏာ

အရွယ်ရောက်ပြီးသားအကောင်များနှင့် သားလောင်းများသည် အရွက်၏အောက်ပိုင်းမျက်နှာပြင်ကို အရင်စားကြပါသည်။ ထို့ကြောင့်အပေါ်ယံမျက်နှာပြင်တွင် သေးငယ်သောအစက်အချိုင့်လေးများဖြစ်ပေါ်လာသည်ကို တွေ့ရတတ်ပါသည်။ ရွက်လယ်ကြောနှင့် ပင်မရွက်ကြောများကြားရှိတစ်သျှူးသားများကို စားသောက်ကြပါသည်။ ပိုးမျှင်အိမ်များကိုလည်း ကျရောက်မှုလက္ခဏာအနေဖြင့် တွေ့မြင်ရပါသည်။ ပြင်းစွာကျရောက်ပါက အရွက်များအရောင်ပြောင်းလာပြီး ကြွေကျတတ်ပါသည်။

ကာကွယ်နှိမ်နင်းနည်းများ

ကလိုဖိုင်ရီဖော့စ် Chlorpyrifos ဖြင့်ထိ‌ရောက်စွာကာကွယ်နိုင်ကြောင်းတွေ့ရပါသည်။ မနက်၈နာရီမှ ၁၀နာရီအတွင်းနှင့် ညနေ၆နာရီမှ ၉နာရီအတွင်း ပက်ဖျန်းပေးခြင်းက ပို၍ထိရောက်စွာကာကွယ်နိုင်ကြောင်း တွေ့မြင်ရပါသည်။ ဆက်တိုက်စိုက်ပျိုးခြင်းကိုရှောင်ရှားပေးရပါမည်။ 

အရွက်နှင့် ဥတွင်ကျရောက်သော မွှား

ဖျက်ဆီးမှုလက္ခဏာ

မွှားကျရောက်ပါက အပင်ပုပ်လာပြီး ဆက်လက်ကြီးထွားခြင်းမရှိတော့ကြောင်း တွေ့ရပါသည်။ အရောင်များပျက်ပြယ်လာပြီး ကြက်သွန်ဥများကွဲသွားတတ်ပါသည်။ အဓိကကျရောက်သောပိုးမဟုတ်သော်လည်း ကြီးမားသောဆုံးရှုံးမှုများကိုဖြစ်ပေါ်စေတတ်ပါသည်။ အပင်၏ဒဏ်ရာများမှတဆင့် ဝင်ရောက်ပျံ့နှံ့သွားတတ်ပါသည်။ အပင်တွင် မွှားများကျရောက်သည်ကိုတွေ့မြင်ပါက ကြက်သွန်ဥတွင်လည်း ကျရောက်ပြီး‌ကြောင်းသိရှိရပါမည်။ ကြက်သွန်ဥအတွင်းသို့ကျရောက်ပါက မကြာမီပင် ကြက်သွန်ဥသည်ပုပ်လာပြီး ရိရွဲသွားတတ်ပါသည်။

အရွက်များတွင်ကျရောက်တတ်သော မွှားပင့်ကူများသည် အရွယ်ရောက်ကောင်များရော သားလောင်းများပါ အရွက်နုကိုစားသောက်ကြပါသည်။ ပိုးကျရောက်နေသောအရွက်များသည် ပြန့်ကားလာခြင်းမရှိတော့ကြောင်းတွေ့ရပါသည်။အပင်များပုလာခြင်း၊ ဂျိုလိမ်ရောဂါများဖြစ်လာခြင်း၊ အရောင်ပျက်လာခြင်း၊ အနာကွက်များဖြစ်လာတတ်ပြီးတစ်သျှူးများခြောက်ကပ်လာပါသည်။ ထို့ပြင်မွှားပင့်ကူများသည် ဗိုင်းရပ်စ်ပိုးများကိုပါသယ်လာတတ်ပါသည်။ သိုလှောင်ချိန်တွင်လည်း ကြက်သွန်ဥများခြောက်ပြီး ရေဓာတ်များခမ်းသွားကြောင်းတွေ့ရတတ်ပါသည်။ 

ကာကွယ်နှိမ်နင်းနည်း

ကာကွယ်ရန် ကြက်သွန်ဖြူတစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်းကို‌ရှောင်ရှား‌ပေးရပါမည်။ Wettable Sulfur 0.3% + Dimethoate 0.03% (သို့မဟုတ်) 0.5% sulfur (or) dicofol 2ml/L (0.05%) or Fenaziquin 2ml/L ကိုမစိုက်ခင်နှင့်စိုက်ပြီးသုံးပေးရပါမည်။ ရေအားပြင်းပြင်းဖြင့် ပက်ဖျန်းပေးခြင်းကလည်းမွှားပင့်ကူနီများကိုလွင့်စင်စေပါသည်။

ကိုးကား- https://vikaspedia.in/agriculture/crop-production/integrated-pest-managment/ipm-for-spice-crops/ipm-strategies-for-garlic/insect-and-mite-pests-management

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်