မျိုးဆက်နှစ်ဆက်ကြားမှ စိုက်ပျိုးရေးနည်းစနစ်များပြဿနာ

05/04/2023 13:00 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

ကြုံတွေ့နေရ မြင်တွေ့နေရသည့် ကိစ္စများဖြစ်ပြီး ဖြေရှင်းရန် ခက်ခဲသည့်ကိစ္စလို့ ပြောရမှာပါ။

ရှေးရိုးစွဲ မိဘများနှင့် ခေတ်လူငယ်သားသမီးများအကြားတွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ အမြင်ကွဲလွဲမှုများလို့ဆိုရမှာပါ။

ရှေးရိုးစွဲမိဘများဘက်က ပြောနေကြတာက ~

ငါတို့ စပါးစိုက်လာတာ၊ မတ်ပဲစိုက်လာတာ မင်းတို့အသက်မကတော့ဘူး။ မင်းတို့လက်ထက်ကျမှ အထွက်တွေလျော့လာတာ။ ငါတို့စပါးဆိုရင် ပုလဲအိတ်ဝက်လောက် ပက်လိုက်ရင် ပြီးတာကို... မင်းတို့လက်ထက်ကျမှ ထုံးထည့်ရတာနဲ့၊ ကွန်ပေါင်းမြေဩဇာ ထည့်ရတာနဲ့ ကုန်လိုက်တဲ့စရိတ်။

မတ်ပဲဆိုရင်လည်း ဘာဆေးမှ မယ်မယ်ရရ မပက်ခဲ့ရပါဘူး။ ဆေးပက်တာတောင်မှ သစ်ခက်၊ ဝါးရေပြွတ်၊ လက်လှုပ်ပုံးစိမ်းနဲ့ တစ်ဧကမှ တစ်ပုံး၊ နှစ်ပုံး အနံ့ပေးလိုက်ရင် ပြီးခဲ့တာပါ။ တစ်ဧက (၁၀) တင်းလောက်ထွက်လို့ ရှိရင် အဆင်ကို ပြေနေတာတဲ့။

မင်းတို့လက်ထက်ကျမှ...

ဝယ်လိုက်ရတဲ့ဆေး..

ပက်လိုက်ရတဲ့ဆေး..

မင်းတို့ဆေးဖျန်းလေ ပိုးက ပေါလာလေပါကွာတဲ့။

ဒါပေမဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့...

  • စိုက်ပျိုးမြေတွေ ပျက်စီးနေတာ...
  • အောက်ပြည်မှာ မြေချဉ်ပြီး အညာမှာ မြေငန်နေတာ...
  • စိုက်ပျိုးမြေများတွင် အာဟာရချို့တဲ့မှုများလာတာ..
  • စိုက်ပျိုးမြေတွေမှာ မြေဆောင်ရောဂါတွေ ရှိနေခြင်းကြောင့် သီးနှံပင်များ သေဆုံးလာတာ..
  • သီးနှံစိုက်ချိန် မျိုးစေ့လူးနယ်ဆေး မသုံးစွဲရင်.. အပင်ငယ်စဉ် ဆေးမဖျန်းနိုင်ရင်..
  • ပင်စည်ထိုးယင် ကျရောက်လို့ ပဲသီးချိန်ကျမှ သေဆုံးကုန်တာ..
  • ♥ရာသီဥတု ဖောက်ပြန်မှု များခြင်းကြောင့် မိဘများလက်ထက်က မရှိဘူးလို့ ပြောရမဲ့ ပွင့်ထွေးသီးတောင့်ထိုးပိုးနှင့် လှေးကဲ့သို့ပိုးတွေ ကျရောက်မှုဆိုးဝါးလာတာ..
  • ယင်ဖြူအပါအဝင် စုပ်စားပိုးများကြောင့် Virus ရောဂါမခံနိုင်သည့်မျိုးများကို စိုက်တယ်ဆို အဝါရောင်မိုစိတ်ရောဂါလို ဗိုင်းရပ်စ်ရောဂါများကျရောက်မှု ဆိုးဝါးလာတာ..

စတာတွေက ယခုခေတ် စိုက်ပျိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လို့နေတယ်ဆိုတာကိုတော့ ရှေးရိုးစွဲမိဘများ မသိကြဘူးလေ။

ခေတ်သားသမီးများဘက်က ပြန်ကြည့်တော့ ~

နည်းပညာတိုးတက်လာပြီး လေ့လာဖို့လွယ်ကူလာတော့... မိဘများနှင့် သဘောထားကွဲလာပါပြီ။

မိဘများရဲ့အတွေးအခေါ်တွေ လုပ်ရပ်တွေကို ခေတ်မမီတော့ဘူးလို့ မြင်လာကြပါတယ်။

  • မြေယာပြုပြင်တာကအစ အချိန်ဆွဲလုပ်နေတယ်။
  • မြန်မြန်မျိုးစေ့ချရင် ရာသီပိုမီတာကို ထွန်ယက်နေတာနဲ့ အချိန်ကုန်နေတာပဲ။
  • ပေါင်းသတ်ဖို့အတွက်များ ထွန်ယက်နေဖို့မလိုပါဘူး.. ပေါင်းသတ်ဆေး ရှိနေတာပဲ။
  • မြေညှိတာများ ထွန်စက်မှာ ဂေါ်ပါနေတာ ထိုးညှိလိုက်ရင် တစ်နေ့တည်းနဲ့ ပြီးနေတာကို..တစ်နှစ်လာလည်း မြေညှိ တစ်နှစ်လာလည်း မြေညှိနေတာပဲ။

ဒါမျိုးတွေ သူတို့မြင်ကုန်ကြပါကော။

ဒါပေမဲ့...

  • ♥ထွန်ယက်မှုစနစ်ဖြင့် မြေအစိုဓာတ်ထိန်းတာ၊ 
  • ♥အပေါ်ယံမြေ(Top Soil) မဆုံးရှုံးရအောင် စနစ်တကျ မြေညှိရတယ်ဆိုတာ 

ခေတ်လူငယ်များဖြစ်ကြတဲ့ သူတို့မသိကြပြန်ပါဘူး။

♥ဒါတွေက အနည်းငယ်မျှသာရှိသေးပြီး ရေးရလျှင်တော့ ကုန်နိုင်မည်မထင်ပါဘူး။

မျိုးဆက် နှစ်ဆက်ကြားမှာ (၂၀-၂၅) နှစ်လောက်သာရှိသေးပြီး ဒီထက်မက ကွာခြားလျှင်တော့ ပို၍သာ အမြင်ကွဲကြဖို့ ရှိပါလိမ့်မည်။

ဆိုတော့...

ခေတ်သစ်စိုက်ပျိုးရေးလုပ်ဆောင်သူများ သိထားရမှာက ရှေးလူကြီးများ၏ စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် မြေဩဇာ၊ ပိုးသတ်ဆေးဝါး သုံးစွဲမှု နည်းစနစ်များဟာ ခေတ်နှင့် အံဝင်ခွင်ကျ မရှိတော့သော်လည်း မြေပြုပြင်မှုနည်းစနစ်၊ ပေါင်းမြက်နှိမ်နင်းမှု၊ မျိုးစေ့ချခြင်း၊ စိုက်ပျိုးခြင်း၊ ရာသီဥတု တွက်ချက်မှု၊ စိုက်ပျိုးမှု နည်းစနစ်များကတော့ စနစ်ကျပြီး ကောင်းမွန်မှု ရှိနေတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။

ယခုလို နည်းပညာများ လေ့လာဆည်းပူးရန် လွယ်ကူသောခေတ်တွင် စိုက်ပျိုးရေးအခြေခံ၊ ပညာအခြေခံရှိလျှင် လေ့လာဆည်းပူးရာမှာ လွယ်ကူလျင်မြန်ပြီး စိုက်ပျိုးရေးခေတ်ရေစီးကြောင်းနှင့် အံဝင်ခွင်ကျဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တောင်သူလယ်သမားများဘဝ တိုးတက်မြင့်မားလာနိုင်သော်လည်း ~

  • စိုက်ပျိုးရေး အခြေခံမရှိသူ။
  • ♥စိုက်ပျိုးရေး အခြေခံမရှိဘဲ ပညာသာတတ်သူ။
  • ♥ပညာအခြေခံက မရှိဘဲ တတ်ယောင်ကားလုပ်သူ။
  • ♥ပညာအခြေခံရှိသော်လည်း တကယ်မတတ်ဘဲ တတ်ယောင်ကားလုပ်သူ။

များ စိုက်ပျိုးရေးလောကထဲမှာ များပြားစွာမြင်တွေ့နေရတာကိုတော့ စိုက်ပျိုးရေးလောကအတွက် ရင်လေးမိပါတယ်။

စိုက်ပျိုးလောကတွင် အမြင်မတူမှု၊ အမြင်ကွဲပြားမှုများမှာ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်ကြား၊ အသိပညာ၊ အတန်းပညာ၊ ဗဟုသုတ ကွာခြားချက်အပေါ် မူတည်၍ အမြင်ကွဲပြားမှုများ ရှိနေနိုင်ရာ..

မည်သူကိုမှ မှားတယ်၊ မှန်တယ်လို့ မဆိုချင်တော့ပါဘူး၊ ကိုယ့်အတွေးနဲ့ ကိုယ်တော့ မှန်နေကြမှာပါ။

ဒါပေမဲ့... အမှားကိုအမှန်လို့ ဇွတ်မှိတ်ပြီး ယုံကြည်လက်ခံနေလျှင်တော့ဖြင့် ဆိုးကျိုးကို ခံစားရမှာက မိမိသာလို့ပဲ ဆိုချင်ပါတယ်။

ချမ်းမြေ့ပါစေ 

ဦးသက်လွင်(ထန်းညီနောင်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်