ချင်း(ဂျင်း)ရောဂါများကို သဘာဝနည်းများဖြင့် ကာကွယ်နှိမ်နင်းခြင်း

15/03/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ထရိုင်ကိုဒါးမားမှိုဖြင့် ချင်း(ဂျင်း)ဥပုပ်ရောဂါကို ကာကွယ်ခြင်း

ထရိုင်ကိုဒါးမားမှို မျိုးမှုန့်နှင့် ဖွဲနုကို (၁:၄) အချိုးဖြင့် သမအောင်ရောနယ်ပြီး အသုံးပြုရမည်။

ဂျင်းဥပုပ်ရောဂါဖြစ်ပွားခြင်းကိုကာကွယ်ရန် တစ်ဧကလျှင်  ထရိုင်ကိုဒါးမား ၅ ပိဿာခန့်နှင့် ဖွဲနု ၂၀ ပိဿာခန့်ကို မစိုက်ပျိုးမီ ၃ ပတ်အလိုတွင် မြေခံအဖြစ်ထည့်သုံးနိုင်သလို စိုက်မြောင်းများတွင်လည်း ထည့်၍အသုံးပြုနိုင်သည်။

တမာဆီဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်း 

တမာပိုးသတ်ဆေးဖျန်းမည်ဆိုပါက ပြင်းအားနည်းသောအဆီများကို မနက်အစော (သို့) ညနေခင်းအချိန်တို့တွင်သာ ဖျန်းသင့်သည်။ 

အင်းဆက်ပိုးမွှားများ၏ဥများသည် အရွက်အောက်မျက်နှာပြင်များတွင် ရှိတတ်သည့်အတွက် ဆေးဖျန်းရာတွင် အရွက်မျက်နှာပြင်အောက်ပိုင်းကို အဓိကထား ဖျန်းပက်ပေးရမည်။ 

ရာသီဥတုပူပြင်းလျှင် ဆေးဖျန်းကြိမ်ရေကို တိုးသင့်သည်။ မိုးတွင်းတွင် နေ့စဉ်ဖျန်းပြီး ဆောင်းတွင်းတွင် (၁၀)ရက်လျှင် (၁) ကြိမ် ဖျန်းပေးသင့်သည်။ ဆေးဖျန်းစက်ဖြင့်ဖျန်းပါက ရေပမာဏကို တစ်ဝက်သာသုံးရမည်။ 

တစ်ဧကလျှင် တမာဆီကို ရေဖြင့် ဖျော်စပ်ကာ (၆၀) လီတာ အထိဖျန်းနိုင်သည်။ အသုံးပြုရမည့်ပမာဏကို ပိုးမွှားကျရောက်မှုပေါ် မူတည်၍ ပြောင်းလဲဖျော်စပ် အသုံးပြုနိုင် သည်။

အီးအမ်-၅ ဖျော်ရည်အသုံးပြု၍ ဖျက်ပိုးများနှင့် အပင်ရောဂါများ ကာကွယ်နှိမ်နင်းခြင်း

ဖျက်ပိုးများနှင့် အပင်ရောဂါများကို ကာကွယ်ရန်အပင်သက်တမ်းတစ်လျှောက်တွင် အီးအမ်-၅ ဖျော်ရည်ကို ၇ ရက် မှ ၁၀ ရက်ခြားစီ ပက်ဖျန်းပေးရမည်။

အီးအမ်-၅ ဖျော်စပ်ပုံ အဆင့်ဆင့် 

လိုအပ်သော ပါဝင်ပစ္စည်းများ

  • ၁။ အီးအမ်အပြင်း (၁) ဆ
  • ၂။ ကြံသကာရည် (သို့) တင်လဲရည် (၁) ဆ
  • ၃။ ရှာလကာရည် (၁) ဆ
  • ၄။ မီးဖြတ်အရက် (၁) ဆ
  • ၅။ ရေသန့် (၆)ဆ

ဖျော်စပ်ပုံ အဆင့်ဆင့် 

  • ပါဝင်ပစ္စည်းများကို သမအောင်ရောနှောပါ။
  • သမအောင်ရောနှောပြီးပါက အလုံပိတ်ဘူးထဲသို့ထည့်ပြီး အေးမြခြောက်သွေ့သောနေရာတွင် ထားပါ။
  • ၁၀ ရက်မှ ၁၄ ရက်အကြာတွင် စတင်အသုံးပြုနိုင်သည်။ 
  • ဖျော်စပ်ပြီး ရက် ၉၀ အတွင်းတွင်သာ အာနိသင်အရှိဆုံးဖြစ်သည်။ 

အသုံးပြုရန်အညွှန်း

  • အပင်ဖျက်ပိုးနှင့် ရောဂါဒဏ်ခံနိုင်ရန်အတွက် အီးအမ်-၅ ဖျော်ရည် ၁ ဆကို ရေသန့် ၅၀၀-၁၀၀၀ ဆအထိ ရောစပ်အသုံးပြုနိုင် သည်။ 
  • အပင်သက်တမ်း အစောပိုင်းကာလတွင် ရောဂါနှင့် ဖျက်ပိုးကျရောက်မှုကို နှိမ်နင်းရန် အီးအမ်ဖျော်ရည် ၁ ဆကို ရေသန့် ၁၀၀ ဆနှင့် ရောစပ်အသုံးပြုနိုင်သည်။ 
  • အာနိသင်ပိုကောင်းစေရန် ဖျော်ရည်ကို ကြက်သွန်ဖြူ၊ ငရုတ်သီး၊ တမာရွက်နှင့် သစ်ရွက်စိမ်းများနှင့် ရောစိမ်ကာ အသုံးပြုနိုင်သည်။ 

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်