ချင်း(ဂျင်း)မျိုးတက်ရွေးချယ်နည်းနှင့် မျိုးတက်စိမ်ရန် အီးအမ်ဖျော်ရည်ပြင်ဆင်နည်း

16/11/2022 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ချင်း (ဂျင်း) စိုက်ရန် ချင်း(ဂျင်း)မျိုးတက် ရွေးချယ်ခြင်း

  • ကျန်းမာသော ချင်းမျိုးတက်များရရှိရန် ချင်းတူးဖော်ရိတ်သိမ်းချိန်၌ ကျန်းမာသန်စွမ်းသော၊ ရောဂါကင်းသော ချင်းတက်များကို ရွေးချယ်ဖယ်ယူရမည်။ ကောင်းစွာရင့်သော၊ သန့်ရှင်းသော၊ ပိုးမွှားရောဂါကင်းသော ချင်းများကိုသာ မျိုးအဖြစ် အသုံးပြုရမည်။ မျိုးရွေးချယ်ရာတွင် မျိုးသန့်တစ်မျိုးတည်းကိုသာ ရွေးချယ်ရန် သတိပြုရမည်။ 
  • ရွေးချယ်ထားသော ချင်းမျိုးတက်များကို ၄ ကျပ်သားမှ ၇ ကျပ်သား အရွယ်အစားရအောင် ပိုင်းဖြတ်ပေးရမည်။ ချင်းမျိုးတက်တစ်ခုခြင်းစီ၌ ကောင်းမွန်စွာဖွံ့ဖြိုးသော မျက်စိ ၂ ခု မှ ၄ ခု ပါရမည်။ 
  • ချင်းတက်များကို နောက်တရာသီအတွက်မျိုးချန်မည်ဆိုလျှင် ခြောက်သွေ့သန့်ရှင်းသောနေရာ၌ သိုလှောင်ထားရန် လိုအပ်သည်။ 
  • ကျန်းမာသော ချင်းမျိုးတက်များကို ဂရုတစိုက်ပြင်ဆင်ခြင်းဖြင့် ချင်းရောဂါကျရောက်မှုအန္တရာယ်ကို ၈၀ % သက်သာစေသည်။ ထို့ကြောင့် ချင်းမျိုးတက်များကို ပိုင်းဖြတ်ရာတွင် စနစ်တကျ ပိုးသန့်ရန်လိုအပ်သည်။ 
  • ပိုးသန့်ရန်အတွက် ကလိုရင်းအရည် ၁ ဆ နှင့် ရေ ၁၀ ဆ ကိုရောစပ်ပါ။ (ကလိုရင်းပါဝင်သော အိမ်သုံးအဝတ် အစွန်းချွတ်ဆေးကိုလည်း အသုံးပြုနိုင်သည်။)
  • ချင်းမျိုးတက်ပိုင်းဖြတ်ရာတွင် ကလိုရင်းဆေးရေတွင်စိမ်ကာ ပိုးသန့်စင်ထားသောဓားကိုသာ အသုံးပြုရမည်။
  • ထိုဓားဖြင့် ချင်းတက်များကို  မျက်စိ ၂ ခုမှ ၄ ခု ပါသော ၄ ကျပ်သားမှ ၇ ကျပ်သား အရွယ်ရှိသည့် မျိုးတက်များဖြစ်အောင် ပိုင်းဖြတ်ရမည်။ 
  • ပိုင်းဖြတ်ထားသော ချင်းမျိုးတက်များ၏ ဖြတ်ထားသောနေရာကို ပိုးသတ်ရန်အတွက် ရောစပ်ထားသော ကလိုရင်းဖျော်ရည်တွင် ခဏစိမ်ပေးရမည်။ 
  • စိမ်ပြီးသော ချင်းမျိုးတက်များ၏ ဖြတ်ထားသောဒဏ်ရာခြောက်သွေ့စေရန် မစိုက်ပျိုးမီ အေး၍ခြောက်သွေ့သန့်ရှင်းသောနေရာ၌ အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်ဖြန့်ထားပြီးနောက် ဒဏ်ရာခြောက်သွေ့သွားပါက စိုက်ပျိုးနိုင်သည်။ 

ချင်းမျိုးတက်များကို အီးအမ်ဖျော်ရည်တွင်စိမ်ခြင်းသည် အပင်ပေါက်နှုန်းနှင့် အပင်ကြီးထွားနှုန်းကို ကောင်း မွန်စေကာ ရောဂါကျရောက်မှုများကို ကာကွယ်ပေးနိုင်သည်။ ချင်းမျိုးတက်စိမ်ရန်အတွက် အီးအမ်ဖျော်ရည်ပြင်ဆင်ခြင်းကို အောက်တွင် အသေးစိတ်ဖော်ပြထားပါသည်။ 

ချင်း (ဂျင်း) မျိုးတက်စိမ်ရန် အီးအမ်ဖျော်ရည်ပြင်ဆင်နည်း အဆင့်ဆင့် 

ပါဝင်ပစ္စည်းများ

  • ၁။ အီးအမ် (၅) ဆ
  • ၂။ တင်လဲရည် (သို့) ကြံသကာရည် (၅) ဆ
  • ၃။ ရေသန့် (၉၀) ဆ

ဖျော်စပ်ပုံ အဆင့်ဆင့်

  • ပါဝင်ပစ္စည်းများကို သမအောင်ရောနှောပါ။
  • သမအောင်ရောနှောပြီးပါက အလုံပိတ်ဘူးထဲသို့ ထည့်ပါ။
  • အချဉ်ဖောက်နေစဉ်တွင် လေထုတ်ရန် ဘူးအဖုံးကို ဖွင့်၍ ပြန်ပိတ်ပါ။
  • ဖျော်စပ်ပြီး ၇ ရက်မှ ၁၀ ရက် ထားပြီးလျှင် စတင်အသုံးပြုနိုင်သည်။ 
  • ချင်း (ဂျင်း) မျိုးတက်များကို အီးအမ်ဖျော်ရည်ထဲတွင် မိနစ် (၃၀) ခန့်စိမ်ပြီးမှ စိုက်ပျိုးရမည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်