သင်သိပါသလား...လက်ပုံမှန်ဆေးရုံနဲ့ ရောဂါပိုးအမျိုးမျိုး ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာ...

22/10/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သင်သိပါသလား... 

  • ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်ရုံနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်ဆိုတာ.. 

သင်သိပါသလား... 

  • ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်ရုံနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်ဆိုတာ..

သင်သိပါသလား... 

  • ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးတာဟာ... ကာလဝမ်းရောဂါ၊ အီဘိုလာ (Ebola), ရှီဂါလိုစစ်(Shigellosis), ဆားစ် (SARS), အသည်းရောင်အသားဝါ-အီးနှင့် ကိုဗစ်-၁၉ ကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားမှုကို လျှော့ချပေးရာတွင် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ကူညီပေးနေတယ်ဆိုတာ...

သင်သိပါသလား... 

  • ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်တာဟာ...ဆေးရုံဆေးခန်းတွေမှာ ဖြစ်ပွားစေတတ်တဲ့ ရောဂါကူးစက်မှုများကို ကာကွယ်ပေးနိုင်ပြီး ပိုးသတ်ဆေးယဉ်ပါးမှုကြောင့် ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားများ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးတယ်ဆိုတာ..

သင်သိပါသလား... 

  • ဆပ်ပြာနဲ့လက်ကို သန့်ရှင်းအောင် ဆေးလိုက်တာဟာ.. လျစ်လျူရှုခံထားရတဲ့ အပူပိုင်းဒေသတွင် အဖြစ်များသောရောဂါများအား လျှော့ချဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်တယ်ဆိုတာ...

ဆိုတော့ကား..

  • လက်ကလေးကို ပုံမှန်ဆေးကြောသန့်ရှင်းပေးနေဖို့ဆိုတာ ဘာမှ အပန်းမကြီးပေမဲ့...ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ တပုံတပင်ကြီးပါနော်..

#ဆေးရုံဆေးခန်းသွားရတယ်ဆိုရင်... ဘာမဟုတ်တဲ့ ရောဂါလေးတွေနဲ့တင်.. တနင့်တပိုး ကုန်ကျစရိတ် များနေတဲ့ခေတ်ကြီးထဲမှာ.. ရောဂါအများအပြားကို အပန်းမကြီးတဲ့နည်းလမ်းတစ်ခုတည်းနဲ့...ကာကွယ် ပေးနိုင်တာဖြစ်လို့...ပုံမှန်လက်ဆေးကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်...

လက်ရှိမှာတော့ လက်ဆေးခြင်းကို ကမ္ဘာလုံးဆိုင်ရာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့်အားပေးလုပ် ဆောင်လာပြီး နှစ်စဉ် အောက်တိုဘာလ ၁၅ ရက်နေ့ကို ‘ကမ္ဘာ့လက်ဆေးပွဲတော်နေ့’ အဖြစ် သတ်မှတ်ပြီး လူထုအသိပညာပေးမှုတွေ ပြုလုပ်နေပါတယ်။

အခုနှစ် အောက်တိုဘာ ၁၅ ရက်မှာကျရောက်တဲ့ ‘ကမ္ဘာ့လက်ဆေးပွဲတော်နေ့’ မှာတော့ ...

‘ အားလုံးလက်ဆေးသန့်ရှင်းရေး စည်းလုံးညီညာဆောင်ရွက်ပေး’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ လူထု လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း ကမ္ဘာ့ငါးအဖွဲ့(World Fish) နဲ့ မိတ်ဖက်အဖွဲ့တွေ ပူးပေါင်းကာ ဒေသအများအပြားမှာ ‘ကမ္ဘာ့လက်ဆေးနေ့’ လူထုအသိပညာပေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

လှုပ်ရှားမှုပုံတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်..။

Let Pan Chuang Village, Kale Township, Ar Yone Oo Social Development Association 

Thar Yar Kone Village, Kale Township, Ar Yone Oo Social Development Association 

Min Hla Village, Kale Township, Ar Yone Oo Social Development Association

Hpoke Kone Village, Shwebo Township, BRAC Myanmar

Kengtung Township, Mawk Kon Local Development Organization & WorldFish Myanmar

*ပုံမှန်လက်သန့်ရှင်းရေး လုပ်ပေးရမယ့်အချိန်တွေကတော့...

  • အစာမစားမီနှင့် အစားအစာတွေ မကိုင်တွယ်မီတိုင်း
  • အိမ်သာတက်ပြီးတိုင်း
  • ကလေးအညစ်အကြေး သန့်စင်ပြီးတိုင်း
  • အများသုံးပစ္စည်းတွေ ကိုင်တွယ်ပြီးတိုင်း (ဥပမာ - ပိုက်ဆံ၊ တံခါးလက်ကိုင်၊ ဘတ်စ်ကားလက်တန်း၊ စက်လှေကားလက်ရန်း)
  • ကစားပြီးတိုင်း

တွေပဲဖြစ်ပါတယ်။

ဒီတော့...လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးကြောခြင်းဖြင့်...

ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါ စတဲ့ ကူးစက်ရောဂါအမျိုးမျိုးကို ကာကွယ်လိုက်ကြပါစို့...။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်