သတိ..အန္တရာယ်ရှိသည်...အာလူးတွေစိမ်းနေရင်သတိထား

13/12/2022 11:00 AM တွင် Nwe Aye Nwe Aye မှ ရေးသား
  • မြန်မာအမည် - အာလူး
  • မျိုးရင်း - Solanaceae
  • သိပ္ပံအမည် - Solanum tuberosum 

အာလူးသည် အာဟာရတန်ဖိုးမြင့်မားသောကြောင့် စားဖိုဆောင်အဓိကဟင်းမယ်တစ်ခုအနေဖြင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေကြသည်။ အာလူးသည် ကစီဓာတ်ကြွယ်ဝသော အဥစားဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည်။ ပုံမှန်အားဖြင့် အဝါရောင်၊ အညိုဖျော့ရောင်တို့ဖြစ်သည်။ သို့သော် အချို့အာလူးဥများတွင်မူ ပုံမှန်အရောင်ထဲ  အစိမ်းရောင်ပါရှိနေခြင်းမျိုးကို အပြင်မှာ မြင်နေရပါသည်။

ဒါက ဘာကြောင့်ဖြစ်တာလဲ…

ကောင်းလား…၊ ဆိုးလား…

စားသုံးရင်ရော အန္တရာယ်ဖြစ်စေလား…ဆိုတာတွေက စဉ်းစားစရာဖြစ်ပါသည်။

အာလူးစိုက်ရာသီတွင် မိုးသည်းထန်စွာရွာခြင်းက  အာလူးပင်ခြေရှိ မြေကြီးများကို အဝေးသို့လွင့်စင်ထွက်စေပြီး အမြစ်များ/ ဥများ မြေပေါ်သို့ ပေါ်လာစေပါသည်။ ထိုဥများကို အပင်ပေါ်က အရွက်များကလည်း လုံလောက်သည့် အရိပ်အာဝါသမပေးနိုင်ခြင်း/ ကောင်းကောင်းမဖုံးထားခြင်းမျိုး ဖြစ်နိုင်ပါသည်။ ဆိုတော့ ဥများသည် နေရောင်ခြည်နှင့်ထိတွေ့ပြီး အစိမ်းရောင်ခြယ် (chlorophyll)များ စုလာကာ ပုံမှန်အဝါရောင်ထဲတွင် အစိမ်းရောင်များပေါ်လာစေခြင်းဖြစ်ပါသည်။ အဓိကအနေဖြင့် နေလောင်ခြင်း၊အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ကြောင့် ဖြစ်သည်။

အစိမ်းရောင်ခြယ် ကလိုရိုဖီးလ်(chlorophyll) သည် အပင်ကို အလင်းမှီစုအစာဖွဲ့စည်းခြင်း (photosynthesis)  မှတဆင့် နေရောင်ခြည်မှ စွမ်းအင်များကို ရယူနိုင်စေပါသည်။ ၎င်းဖြစ်စဉ်မှတဆင့် အာလူးပင်တို့သည်  နေရောင်ခြည်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို အသုံးပြု၍ ကစီဓာတ် (carbohydrate) နှင့် အောက်ဆီဂျင်တို့ကို ထုတ်လုပ်နိုင်ပါသည်။ ကောင်းသောအချက်မှာ ၎င်းအစိမ်းရောင်ခြယ်ဖြစ်ပေါ်ခြင်းသည် အင်းဆက်၊ ပိုးမွှား၊ ရောဂါတိုက်ခိုက်ခြင်းတို့ကို ကာကွယ်ပေးသော ဒြပ်ပေါင်းများကိုလည်း ဖြစ်စေပါသည်။

အစိမ်းရောင်ရောင်ခြယ်သည် ၎င်းကိုယ်တိုင်ဆိုလျှင် အန္တရာယ်မရှိပေ။ သို့သော် အာလူးတွင်ဖြစ်သော အစိမ်းရောင်ခြယ်ကတော့  solanine ဟုခေါ်သော အန္တရာယ်ရှိစေသောဒြပ်ပေါင်းကို ဖွံ့ဖြိုးလာစေပါသည်။ နိုက်တြိုဂျင်ပမာဏမှန်ကန်စွာမကျွေးခြင်း၊ ဥများကို စောစောတူးဖော်ခြင်း(ရိတ်သိမ်းခြင်း) တို့ကြောင့်လည်း အာလူးတွင် solanine ဒြပ်ပေါင်းပမာဏ များစေနိုင်ပါသည်။

၎င်း solanine သည် လူ့ခန္ဓာကိုယ်တွင် neurotransmitters ဖြိုခွဲခြင်း၌ ပါဝင်သော အင်ဇိုင်းများကို ဟန့်တားပါသည်။ အူနံရံရှိ ဆဲလ်အမြေှးပါးများကို ထိခိုက်စေပြီး အူနံရံတွင် စိမ့်ဝင်နိုင်မှုမရှိသောကြောင့် ချေဖျက်၍မရနိုင်သဖြင့်  ဆိုးကျိုးဖြစ်စေပါသည်။ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ အာရုံကြောရှုပ်ထေွးခြင်းတို့ကိုဖြစ်စေပါသည်။ ပြင်းထန်သော အခြေအနေများတွင် မေ့မြောခြင်း၊ သေဆုံးခြင်းတို့ကိုပါ ဖြစ်စေနိုင်သည်။ 

ပုံမှန် အာလူးဥတွင် solanine သည် ပမာဏအနည်းငယ်သာ ရှိပြီး နေရောင်ခြည်ထိတွေ့၍ စိမ်းလာခြင်းဖြင့် ၎င်းဒြပ်ပေါင်းပမာဏသည် ဖွံ့ဖြိုးလာပြီး များလာပါသည်။ Solanine ဒြပ်ပေါင်းပမာဏသည် အာလူးအခွံတွင်အမြင့်ဆုံးရှိနေသောကြောင့် အစိမ်းရောင်အခွံဖယ်လိုက်ခြင်းဖြင့်တော့  ပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ပါသည်။ သို့သော် ၎င်းဥတွင်(၇၀) ရာခိုင်နှုန်းကျန်ရှိနေသောကြောင့် အန္တရာယ်ပေးနိုင်သော ပမာဏကျန်ရှိနေသေးသည်ဟု ဆိုနိုင်ပါသည်။

ချက်ပြုတ်ခြင်း၊ မီးဖုတ်ခြင်း၊ ကြော်ခြင်းတို့ကလည်း အာလူးထဲရှိ Solanine ဒြပ်ပေါင်းပမာဏကို သိသိသာသာ မလျှော့ချပေးနိုင်ပေ။ ထို့ကြောင့် အာလူးဥထဲရှိ Solanine ပမာဏကို လျော့ကျသွားအောင်၊ လုံခြုံစိတ်ချစွာစားသုံးနိုင်အောင် လုပ်နိုင်သောနည်းလမ်း မရှိပေ။

အာလူးဥ၌ အစိမ်းရောင်အစက်သေးသေးသာ ရှိနေလျှင် Solanine ပမာဏသည် ၎င်းအစက်အနားပတ်ပတ်လည်တွင်သာ ရှိနေသောကြောင့် ဖယ်ထုတ်နိုင်ပါသည်။ သို့သော် အာလူးဥသည် အလွန်စိမ်း၍ မြည်းကြည့်လျှင်ခါးနေသည်ဆိုပါက မစားဘဲ လွှင့်ပစ်ခြင်းသည်သာလျှင် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။

ရိတ်သိမ်းပြီးနောက်ပိုင်း အလင်းရောင်၊ အပူချိန်နိမ့်ခြင်း၊ မြင့်ခြင်းတို့ကလည်း အာလူးဥကို Solanine ပမာဏတိုးလာအောင် လှုံ့ဆော်ပေးပါသည်။ ထို့ကြောင့် ဆိုင်မှဝယ်ယူချိန်တွင် ဒဏ်ရာရှိသလား၊ စိမ်းနေပြီလား ဆိုတာကို ဂရုတစိုက်စစ်ဆေးပြီး ဝယ်ဖို့လိုပါသည်။ ဝယ်လာပြီးပြီဆိုလှျင်လည်း အိမ်တွင် ဂရုတစိုက်သိမ်းဆည်းထားဖို့လည်း လိုအပ်ပါသည်။

ရေခဲသေတ္တာထဲတွင် သိမ်းခြင်းသည် အာလူးဥများအတွက် အေးလွန်းသောကြောင့် Solanine ပမာဏပိုတိုးလာစေသည်ဟု တချို့စမ်းသပ်ချက်များက ဖော်ပြထားပါသည်။ ထိုကဲ့သို့ပင် အာလူးဥများကို မီးဖိုဆောင်တွင် ကြာရှည်သိမ်းခြင်းသည်လည်း မကောင်းပေ။ ပုံမှန်ထက် အပူချိန်မြင့်သောကြောင့်ဖြစ်သည်။ ဒါ့အပြင် ဥများကို ရေမထိအောင် ဂရုတစိုက်သိမ်းဖို့လည်း လိုပါသည်။ ထို့ကြောင့် သာမန်အခန်းပူချိန်- အေးသော၊ ခြောက်သေွ့သော၊ မှောင်သောနေရာ (သို့) အလင်းပိတ်အိတ်များဖြင့် ထည့်၍ သိမ်းဆည်းထားသင့်ပါသည်။ ဖယောင်းသုတ်၍ သိမ်းခြင်းသည် စိမ်းခြင်းကို ဟန့်တားပေးနိုင်မည်မဟုတ်ပါ။ 

ဒါကြောင့် အာလူးဥများ စိမ်းနေပြီဆိုလှျင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်များရှိနေပြီဖြစ်တာကြောင့် စားသုံးရန် မသင့်ပါဘူးလို့ အကြံပြုချင်ပါသည်။

https://www.healthline.com/nutrition/green-potatoes

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်